အလုပ်ရှာနေတဲ့သူတွေအတွက် အလွန်အသုံးဝင်မယ့် GrabJobs

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးရေးအတွက် နိုင်ငံရဲ့အလုပ်ခန့်အပ်မှု ပမာဏကလဲ အလွန်အရေးပါပါတယ်။ နိုင်ငံသားအားလုံး ကဏ္ဍအလိုက် မိမိလုပ်အားကို အကောင်းဆုံးချမှသာ နိုင်ငံကြီးကဖွံ့ဖြိုးတက်မှာဖြစ်ပါတယ်။ အခုခေတ်မှာဆိုရင် အလုပ်အကိုင်တွေကပေါများလာပြီး မိမိနဲ့ကိုက်ညီတဲ့အလုပ်အကိုင်တွေကို ရွေးချယ်စရာတွေကများပြားလာပြီ။ အရင်ကလို CV ဖောင်တွေကိုမိတ္တူတွေထုတ်ပြီး မြို့အနှံ့အလုပ်တွေကို လိုက်ရှာဖွေစရာမလိုဘဲ ဒီဂျစ်တယ်ခေတ်မှာ အွန်လိုင်းကနေပဲ CV တွေတင်ပြီးဆောင်ရွက်လို့ရနေပြီပဲဖြစ်ပါတယ်။


Photo Source- http://grabjobs.co/

GrabJobs application မှာဆိုရင်တော့ တက္ကသိုလ်တွေကောလိပ်ကျောင်းတွေကနေ ဘွဲ့တွေရထားပြီး မိမိတက်မြောက်ထားတဲ့ပညာရပ်တွေနဲ့ ကိုက်ညီတဲ့ အလုပ်အကိုင်တွေကိုရှာဖွေနေကြသူများ၊ အချိန်ပိုင်းအလုပ်များကိုလုပ်ကိုင်သူများအတွက်တော့ အလုပ်အကိုင်များကို ကူညီရှာဖွေသွားမှာပဲဖြစ်ပါတယ်။ GrabJobs မှာ Accounting/ Finance, Admin/ operations, Audit, Beauty/Wellness, Call Center/BPO, Careworkers နဲ့ Health, Cleaning, Construction, Customer Service/ Guest Services, Desgin/Creative, Driver& Delivery, Education/Training, Engineering & Technicians, Events & Promotion, Financial Services, Food & Beverage, Governmental/ Associations, HR/Recruitment, Handyman/ Manual Labor, Hospitality & Tourism, Legal & Compliance, Logistics & Supply Chain, Management, Manufacturing, Marketing, Modeling, Procurement, Real Estate, Retail, Sales & Business Development, Security/ Guards, Shipping, Sports/Fitness, Technology, Warehousing အထိစုံလင်လှတဲ့ အလုပ်ကဏ္ဍပေါင်းများစွာရှိပါတယ်။

အလုပ်ဟူသမျှဂုဏ်ရှိစွ ဆိုတဲ့ဆောင်ပုဒ်အတိုင်း အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်များနဲ့ modeling, sport အထိပါရှာယူနိုင်တာမို့ အလုပ်အကိုင်များစွာကိုတစ်နေရာထဲသိရှိပါတယ်။ မိမိစိတ်ဝင်စားတဲ့အလုပ်အကိုင် သို့မဟုတ် မိမိအတွေ့အကြုံရှိတဲ့အလုပ်အကိုင်တွေကို ရွေးချယ်ပေးလိုက်ရင်ဖြင့် တစ်နေရာထဲမှာ မိမိနဲ့ကိုက်ညီတဲ့ အလုပ်အကိုင်များကို ရွေးချယ်ဖော ်ပြသွားပေးမှာဖြစ်ပါတယ်။ Entry Level မှအစ ရာထူးအမြင့်များအထိ ခေါ်ယူနေသော အလုပ်ခေါ်စာများကို သိရှိနိုင်တာမို့ မိမိနဲ့ကိုက်ညီတဲ့ အချိန်အပြည့်ရောအချိန်ပိုင်းပါ အလုပ်များကို GrabJobs Application မှာရှာဖွေလျှောက်ထားလို့ရနိုင်ပါတယ်။ အလုပ်ရှာဖွေတဲ့နေရမှာ ကုမ္ပဏီ profile၊ ကုမ္ပဏီလိပ်စာ၊ Job Description၊ အလုပ်အချိန်များကိုပါ တစ်ခါထဲဖော်ပြပေးထားမို့ စုံလင်စွာသိရှိနိုင်ပါတယ်။အလုပ်လျှောက်ထားသူများဟာ ပထမအဆင့် Shortlisted အရွေးခံရပါက Applicationကနေတစ်ဆင့်အကြောင်းကြားခြင်းကိုရရှိမှာဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိလျှောက်ခဲ့သောအလုပ်များ၊Pending Shortlisted အစရှိသည်ဖြင့် အမျိုးအစားခွဲပြီး သိရှိနိုင်ဦးမှာဖြစ်ပါတယ်။ CV ရေးစရာမလိုဘဲ profile မှာကိုယ်ရေးအချက်အလက်များ ဝင်ရောက်ဖြည့်စွက်ပေးလိုက်ရုံနဲ့ အလုပ်များကိုလျှောက်ထားနိုင်ပြီပဲဖြစ်ပါတယ်။

Photo Source- http://grabjobs.co/

GrabJobs ဟာ မြန်မာ၊ စင်ကာပူ၊ ဖိလစ်ပိုင် နှင့် ထိုင်းနိုင်ငံတို့မှ ခေါ်ယူနေတဲ့ အချိန်ပိုင်း နဲ့ အချိန်ပြည့်အလုပ်အကိုင်တွေကို လျှောက်ထားလုပ်ကိုင်နိုင်တဲ့ နံပါတ် (၁) Application ပဲလဲဖြစ်ပါတယ်။ဒါတွေသာမက GrabJobsမှာ မိမိလျှောက်ထားလိုတဲ့အလုပ်အကိုင်များကို တိုက်ရိုက်လျှောက်ထားနိုင်ရုံသာမက Grabjobs များထူးခြားတဲ့ ကဏ္ဍရပ်များလဲပါဝင်ပါတယ်။ Grabjobs မှာဆိုရင် အလုပ်ရှင်များနှင့်လည်း Chat interface ကိုသုံး၍ တိုက်ရိုက်ဆက်သွယ်နိုင်သလို အလုပ်ရှင်များကလည်း သင့် Career Profile ကိုကြည့်၍ ဆက်သွယ်အကြောင်းကြာလာနိုင်ပါတယ်။
Grabjobs ဟာ အလုပ်လျှောက်ထားလိုသူများသာမက အလုပ်ရှင်များအတွက်လဲ အလုပ်သမားများကိုရှာဖွေနိုင်ပါသေးတယ်။ အချိန်ပိုင်း (သို့) အချိန်ပြည့်အလုပ်အကိုင်များကို လျင်မြန်လွယ်ကူစွာ မိမိကိုယ်တိုင် post ရေးတင်ပြီး ကြေငြာနိုင်ပါတယ်။အလုပ်ရှာသူများထံမှ လိုချင်တဲ့အချက်အလက်တွေကိုစိစစ်ပြီး ပဏာမအနေနဲ့ ရွေးချယ်နိုင်ပါတယ်။ ခလုပ်တစ်ချက်နှိပ်ရုံနဲ့ သင့်တော်တဲ့ဝန်ထမ်းအား ရွေးခြယ်နိုင်ပါတယ်။ Chat Interface ကနေလဲ အချင်းချင်းဆက်သွယ်နိုင်တာမို့ အလုပ်ရှင်များအတွက် လာလျှောက်တဲ့အလုပ်သမားများသာမက မိမိနှစ်သက်သောအလုပ်သမားများကိုပါ ရွေးချယ်နိုင်တဲ့ အခွင့်အရေးများရှိနေဦးမှာပါ။ အချိန်ပိုင်း အချိန်ပြည့်အလုပ်များအပြင် Internship, Freelance အလုပ်များကိုလဲ ရှာဖွေလျှောက်ထားနိုင်ဦးမှာဖြစ်ပါတယ်။ App setting မှာအလုပ်အသစ်အတွက် notification များရယူထားနိုင်တာမို့ လျှောက်ချင်တဲ့အလုပ်တွေ Deadline ကျော်သွားမှာကိုလဲ စိုးရိမ်စရာမလိုတော့ပါဘူး။

GrabJobs ဟာ အလုပ်ရှင်နဲ့အလုပ်သမားများကြားကွန်ရက်များကို ဖန်တီးပေးနေပြီး အလုပ်အကိုင်အခွင့်အလမ်းများကို ဆောင်ရွက်ပေးနေတာကြောင့် အလုပ်ရှာဖွေနေသော သူများသာမက၊ အလုပ်သမားရှာဖွေနေသာ အလုပ်ရှင်များကိုပါ အပြန်အလှန် ထိရောက်သော ချိတ်ဆက်မှုများကို လူပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ Application မှာ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ ထိုင်းဘာသာကိုစသည်ဖြင့် ဘာသာသုံးမျိုးနဲ့သုံးစွဲနိုင်မှာဖြစ်ပါတယ်။

Download link

iOS-https://itunes.apple.com/sg/app/grabjobs-get-a-job-in-5-days/id1108787356?mt=8

Android- https://play.google.com/store/apps/details?id=co.grabjobs.grabjobs&hl=en_SG

Web- http://grabjobs.co/