MIT Technology Review မှ ထုတ်ပြန်သည့် အထူးချွန်ဆုံး ကုမ္ပဏီ ၅၀ စာရင်းတွင် Huawei ပါဝင်ခဲ့

၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် MIT Technology Review ၏ အထူးချွန်ဆုံး ကုမ္ပဏီ ၅၀ စာရင်းတွင် Huawei ကို ထည့်သွင်းဖော်ပြထားကြောင်းသိရသည်။ နိုင်ငံတကာတွင် သြဇာကြီးမားသော နည်းပညာမီဒီယာတစ်ခုဖြစ် သည့် MIT Technology Review က တစ်ကမ္ဘာလုံးရှိကုမ္ပဏီများအနက်မှ နည်းပညာဆန်းသစ်မှုများနှင့်ထိရောက်သည့် စီးပွားရေးပုံစံတို့ကို အကောင်းမွန်ဆုံးပေါင်းစည်းဆောင်ရွက်နေသည့် ကုမ္ပဏီ ၅၀ ကို ၂၀၁၀ ခုနှစ်မှစတင်၍ နှစ်စဉ်ရွေးချယ် ကာ ဖော်ပြခဲ့ခြင်းလည်းဖြစ်သည်။
ထိုသို့ရွေးချယ်ရာတွင် ပြီးခဲ့သည့်နှစ်အတွင်း ၎င်းကုမ္ပဏီများ၏ ဆောင်ရွက်ချက်များ၊ အသုံးပြုခဲ့သည့် နည်းလမ်းများနှင့် ရရှိခဲ့သည့်အောင်မြင်မှုများပေါ်တွင် အခြေခံကာအထူးချွန်ဆုံးဖြစ်သည့် ကုမ္ပဏီ ၅၀ ကို ရွေးချယ်ခြင်းဖြစ်သည်။ MIT Technology Review က အဆိုပါကုမ္ပဏီများ၏ နည်းပညာသစ်များနှင့်ပတ်သက်၍ ပြိုင်ဆိုင်မှုများ၊ ထိုးဖောက်အောင် မြင်မှုများနှင့်ကုမ္ပဏီ၊ ICT နယ်ပယ်နှင့်ကမ္ဘာကြီးအတွက် ဆန်းသစ်တီထွင်မှုများ ဆောင်ရွက်ပေးနိုင်မှုတို့ကို လေ့လာ အကဲဖြတ်ကာရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဆန်းသစ်တီထွင်မှုကဏ္ဍတွင် Huawei ၏ ထူးချွန် ပြောင်မြောက်စွာ ဆောင်ရွက်နိုင်မှု များကြောင့် ယခုနှစ်စာရင်းတွင် Huawei ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

Photo Source – https://www.huawei.com/mm/

“ ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်းမှာ Huawei က နည်းပညာနဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေ၊ သုံးစွဲသူတွေရဲ့ လိုအပ် ချက်ကို အခြေခံတဲ့ solution တွေကို အဓိကထားပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို ဆန်းသစ်တီထွင်မှုတွေကို Innovation 1.0 လို့ ကျွန်တော်တို့ နာမည်ပေးထားပြီးတော့ အနာဂတ်မှာတော့ သီအိုရီပိုင်ဆိုင်ရာ ထိုးဖောက်အောင်မြင်မှုတွေ၊ ဆန်းသစ်တီထွင်မှုသဘောတရားတွေကို ရည်ညွှန်းတဲ့ Innovation 2.0 ကို ဆက်လက်ဆောင်ရွက်သွားမှာပါ။ ပွင့်လင်းမြင်သာစွာဆန်းသစ်တီထွင်မှုပြုတယ်ဆိုတာ ကမ္ဘာအနှံ့က နည်းပညာကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းပြီး ဆန်းသစ်တီထွင်မှုတွေကို အတူတကွဆောင်ရွက်ခြင်း လို့ ဆိုလိုပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ ရင်းမြစ် တွေနဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေကို မျှဝေသုံးစွဲကြမှာပါ။ အားလုံးပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာကလည်း ဆန်းသစ်တီထွင်မှုတစ်ခုရဲ့ ရလဒ်ကို လူသားအားလုံး နဲ့ နယ်ပယ်အားလုံးအတွက် မျှဝေသုံးစွဲကြတာပဲ ဖြစ်ပါ တယ်။ ဒီလိုပူးပေါင်းဆောင်ရွက်မှုဟာ တစ်ကမ္ဘာလုံးနဲ့ နယ်ပယ်အားလုံးရဲ့ အနာဂတ်ကို ပိုပြီးကောင်းမွန်လာစေ မှာပါ ” ဟု 50 Smartest Companies 2019 China Summit တွင် Institute of Strategic Research ၏ ဥက္ကဋ္ဌနှင့် Huawei ဘုတ်အဖွဲ့၏ ဒါရိုက်တာဖြစ်သူ William Xu က ပြောကြားခဲ့သည်။

Photo Source – https://www.huawei.com/mm/

ပညာရေးသင်ကြားမှုအသိုင်းအဝိုင်းသည် သဘောတရားအသစ်များ ဖော်ထုတ်နိုင်မှုနှင့် တီထွင်မှုများ၏ အရင်းအမြစ်ဖြစ်ပြီး လုပ်ငန်းတွေကလည်း နယ်ပယ်တွင်းကဏ္ဍများရှိ စိန်ခေါ်မှုများ တိုးမြှင့်ခြင်း၊ သုံးစွဲသူလိုအပ်ချက်များကို ဖြေရှင်းပေးခြင်းနှင့် တက္ကသိုလ်များမှဆောင်ရွက်နေသည့် သုတေသနများကို ဘဏ္ဍာရေးပိုင်းဆိုင်ရာ အထောက်အပံ့ပေးခြင်းတို့ဖြင့် တိုးတက် ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်လျက်ရှိကြောင်း William Xu က ဆက်လက်ပြောကြားသည်။
တက္ကသိုလ်များနှင့်သက်မွေးကောလိပ်များ၏ သုတေသနဆောင်ရွက်မှုများအတွက် Huawei က ဆက်လက်ကူညီထောက်ပံ့ ပေးမည်လည်းဖြစ်ပြီး information generation ၊ storage ၊ computing၊ transmission နှင့် presentation မှ information consumption အထိပါဝင်သည့် information process တစ်ခုလုံးအတွက် အနာဂတ်တွင် ဆက်လက်အသုံးပြုနိုင်မည့် နည်းပညာသစ်များ ထုတ်ဖော်သတ်မှတ်ခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Huawei ကကြေငြာထား ပြီးလည်းဖြစ်သည်။

Photo Source – https://www.huawei.com/mm/

တရုတ်ကုမ္ပဏီများနှင့်တရုတ်နိုင်ငံတွင်လုပ်ငန်းဆောင်ရွက်နေသည့် နိုင်ငံတကာမှကုမ္ပဏီများအနေဖြင့် MIT Technology Review ၏ အထူူးချွန်ဆုံးကုမ္ပဏီ ၅၀ ရွေးချယ်ခြင်းတွင် ယခုနှစ်မှ ပထမဆုံးအကြိမ် စတင်ပါဝင်ခွင့်ရခြင်းလည်းဖြစ်သည်။