Huawei Y9 Prime ဝယ်ယူသူများအားအနေဖြင့် ချင်းမိုင်သို့ သွားရောက်နိုင်သည့်အခွင့်အရေး ပါဝင်ကံစမ်းနိုင်

Huawei Myanmar မှ Y9 Prime ဖုန်းဝယ်ယူသူများအား ချင်းမိုင်သို့အလည်အပတ်သွားလာခွင့်ရရှိနိုင်မည့်အခွင့်အရေးတစ် ရပ်ကို ပါဝင်ကံစမ်းနိုင်ကြကြောင်းသိရသည်။ Huawei Consumer Business Group မှ Huawei ထုတ်ကုန်များအား ယုံယုံကြည်ကြည် ဝယ်ယူအားပေးလျှက်ရှိသည့် သုံးစွဲသူများအား ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် Huawei Y9 Prime 2019 ဝယ်ယူသူများမှ ချင်းမိုင်သို့ သွားရောက်နိုင်မည့် အခွင့်အရေးတစ်ခုအား သတင်းထုတ်ပြန်ကြေငြာလိုက်ခြင်းလည်းဖြစ်သည်။

Photo Source – https://www.facebook.com/huaweitechmm/

Y9 Prime 2019 အား ဇူလိုင်လ ၁ မှ ဇူလိုင်လ ၃၁ အတွင်း ဝယ်ယူသူများအနေဖြင့် ဝယ်ယူထားသည့် ဗောက်ချာဖြတ်ပိုင်း နှင့်ဖုန်းဗူးအား ဓာတ်ပုံရိုက်ကူးကာ မိမိ၏ Facebook ပေါ်တွင် Public Post ဖြင့် မည်သည့် အကြောင်းအရင်းကြောင့် Huawei Y9 Prime 2019 အား ဝယ်ယူဖြစ်သည်ကို ရေးသားကာ #HUAWEIY9Prime2019 Hashtag ဖြင့် တင်ရပါမည် လည်းဖြစ်သည်။ ထို့နောက် အဆိုပါ Post အား screenshot ရိုက်ကာ Huawei Mobile Page အား Message ပို့ပေးရမည် ဖြစ်သည်။ ပေးပို့လာသော သူများထဲမှ စည်းမျဉ်း၊ စည်းကမ်းနှင့်ညီညွတ်သူ၊ အကြောင်းအရာနဲ့ညီညွှတ်သူ၊ ပြည့်ပြည့် စုံစုံဖော်ပြထားသူများအား စိစစ်ရွေးချယ်ပြီး ရရှိလာခဲ့သောစကာတင်များထဲမှ လူ (၁၀) ဦး အား မဲနှိုက်ရွေးချယ်ကာ ချင်းမိုင် သို့ ၂ ညအိပ်၊ ၃ရက် စရိတ်ငြိမ်းပို့ဆောင်ပေးသွားမည်ဖြစ်သည်။

Photo Source – https://huawei.com

Huawei ထုတ်ကုန်များထဲတွင် Pop-Up Selfie ကင်မရာ ပထမဆုံးအနေဖြင့် ပါဝင်လာသည့် Huawei Y9 Prime 2019 သည် Pre-Order ကောက်ယူခဲ့သည့် အချိန်မှစတင်ကာ ယနေ့အထိ သုံးစွဲသူအများအပြား၏ စိတ်ဝင်စားမှုပိုမိုရရှိခဲ့သော ထုတ်ကုန်တစ်ခုဖြစ်ကြောင်းလည်းသိရသည်။
Huawei Y9 Prime 2019 သည် လက်ရှိ Pop-Up Selfie ကင်မရာ ပါဝင်သည့် စမတ်ဖုန်းအမျိုးအစားများထဲတွင် ဈေးနှုန်းအသက်သာဆုံး စမတ်ဖုန်းအဖြစ် ရပ်တည်လျှက်ရှိပြီး ၎င်းတွင် ပါဝင်သည့် အဆင့်မြင့် လုပ်ဆောင်ချက် ၊ Kirin 710 F Chipset နှင့် အသိဉာဏ်မြင့်မားသည့် EMUI 9 Operating System ၊ AI အထောက်အကူပြု ဓာတ်ပုံရိုက်ကူးခြင်း နည်းပညာ ၊ ကြာရှည်ခံသည့် Bettery သက်တမ်း ၊ လှပကျော့ရှင်းသည့် ဒီဇိုင်းကြောင့် ဈေးကွက်ထဲတွင် လက်ရှိရောင်းအား ကောင်းလျက်ရှိကြောင်းလည်းသိရသည်။

Photo Source – https://huawei.com

Huawei Y9 Prime 2019 ၏ စစ်မှန်သည့်ဘေးဘောင်ပျောက်ကြည့်ရှုခြင်း အတွေ့အကြုံအား ပေးစွမ်းနိုင်ရန်အတွက် 19.5:9 ကိုယ်ထည်အချိုးဖြင့် ဝင်ရောက်လျှက်ရှိပြီး မျက်နှာပြင်အကျယ်အားဖြင့် 6.59 လက်မရှိကြောင်းသိရသည်။
Huawei Y9 Prime 2019 ၏ Auto Pop-Up ကင်မရာသည် သုံးစွဲသူများမှ အရှေ့ဖက်ကင်မရာလုပ်ဆောင်ချက်အား ဖွင့်လိုက်သည့်အခါတွင် အလိုအလျှောက်ပွင့်လာမည်ဖြစ်သည်။ ထို့အပြင် အသိဉာဏ်မြင့်မားသည့် protection mechanism ကြောင့် လက်မှလွတ်ကျသွားသည့်အခါ သိရှိကာ Lens အားအလိုအလျောက် ပြန်လည်ရုပ်သိမ်းသွားနိုင်မည်ဖြစ်သည်။ အဆိုပါ Pop-Up Camera သည် အကြိမ်ရည်ပေါင်း တစ်သိန်းအထိ အဖွင့်အပိတ်လုပ်နိုင်စွမ်းရှိပြီး 15kg အထိရှိသော Soft Pressing ဒဏ်အားလည်း ခံနိုင်ရည်ရှိမည်ဖြစ်သည်။ Huawei Y9 Prime 2019 တွင် 16MP Primary Camera ၊ 8MP Ultra Wide-Angle Lens နှင့် 2MP Dedicated ‘Bokeh’ Lens တို့အား ဖုန်းကိုယ်ထည်အနောက်ပိုင်းတွင် ထောင်လိုက် အနေအထားဖြင့် ထည့်သွင်းပေးထားသည်။
Huawei Y9 Prime 2019 တွင် အခြားသော Mid-Range ဖုန်းများတွင် ပါဝင်လေ့မရှိသည့် 4000 mAH ဘက်ထ္ထရီ နှင့် Type C Charger Port ပါဝင်သည်။ Kirin 710 F ပါဝင်အားဖြည့်ထားသောကြောင့် ယခင်မျိုးဆက်များထက် သာလွန်သော CPU နှင့် GPU အား ပေးစွမ်းနိုင်မည်ဖြစ်သည်။ Huawei Y9 Prime 2019 တွသ် Android 9 အပေါ်တွင် အခြေခံထားသည့် EMUI 9.0 ပါဝင်လာခဲ့သည်။ ယခု Huawei Y9 Prime 2019 အား မြန်မာပြည်ဈေးကွက်အတွင်းတွင် မြန်မာငွေကျပ် ၃၃၉၀၀၀ ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး အရောင်အားဖြင့် Midnight Black ၊ Emerald Green နှင့် Sapphire Blue ဟူ၍ အရောင် သုံးမျိုး ဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။
ချင်းမိုင်ခရီးစဉ်နှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များအားhttps://www.facebook.com/2089208647855802 မှ တဆင့်လည်း လေ့လာနိုင်သည်။