မြန်မာပြည်အနှံ့ ကုန်စည်များပို့ဆောင်လိုသည့်လုပ်ငန်းရှင်များနှင့်ယာဉ်မောင်းများ အတွက် အကျိုးရှိစေတဲ့ Kargo

မြန်မာပြည်ထဲမှာလည်း အလတ်စားနဲ့အသေးစားလုပ်ငန်းရှင်တွေအတွက် ကုန်ပစ္စည်းတွေတစ်နေရာကနေတစ်နေရာကိုပို့ ဆောင်တဲ့အခါ မထင်မှတ်တဲ့အခက်အခဲတွေဖြစ်တတ်ကြပါတယ်။ မြန်မာပြည်အနှံ့ ကုန်စည်ပို့ဆောင်ရေးဆိုင်ရာလုပ်ငန်းတွေ ကိုတစ်ပိုင်တစ်နိုင်လုပ်နေသူတွေအတွက်လည်း မြို့တစ်ခုကနေတစ်ခုကို ကုန်ပစ္စည်းတွေပို့ဆောင်လိုတဲ့အခါ ယုံကြည်စိတ် ချရတဲ့ ကားအငှားဝန်ဆောင်မှုကို ရှာဖွေတတ်ကြစမြဲလည်းဖြစ်ပါတယ်။ တချို့အသေးစားစီးပွားရေးလုပ်ငန်းတွေကတော့ ဈေးနှုန်းမှန်ကန်ကောင်းမွန်ပြီး ပို့ဆောင်မယ့်ကုန်စည်အတိုင်းအတာအလိုက် ကားအမျိုးအစားရွေးချယ်ငှားရမ်းနိုင်တဲ့ ကားအ ငှားဝန်ဆောင်မှုလုပ်ငန်းတစ်ခုခုကို ကြိုတင်ရှာဖွေထားလေ့ရှိကြပါတယ်။

Photo Source – https://www.facebook.com/kargomyanmar/

မြန်မာနိုင်ငံ လုပ်ငန်းငယ်များရဲ့ပို့ဆောင်မှုများအတွက် စီမံလုပ်ဆောင်ရာတွင်အချိန်ကုန်ခြင်း၊ ဈေးနှုန်းမြင့်မားခြင်းတို့ကလည်း ဖြစ်ပေါ်နေတတ်တာမို့ မိမိတို့ရွေးချယ်မယ့် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုကသေချာကောင်းမွန်နေဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ကားအမျိုးအစားများစွာပိုင်ဆိုင်တဲ့ ကားပိုင်ရှင်တွေနဲ့ယာဉ်မောင်းတွေအနေနဲ့လည်း Kargo နဲ့ချိတ်ဆက်အသုံးပြုပြီး ကားလမ်းကြောင်းအော်ဒါများရရှိနိုင်ပါတယ်။ ယာဉ်မောင်းအနေနဲ့ Mobile Application တစ်ခုကိုအသုံးပြုပြီး ငှားရမ်းလိုသူ ကိုတိုက်ရိုက်ချိတ်ဆက်နိုင်မှာဖြစ်ပြီး အခြားပို့ဆောင်ရေးလုပ်ငန်းတွေနဲ့မတူညီတဲ့ လုပ်ငန်းအတွေ့အကြုံသစ်တစ်ခုကို ရရှိနိုင် မှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/kargomyanmar/

Kargo ကတော့ မြန်မာပြည်အနှံ့အပြားကို မည်သည့်ကုန်ပစ္စည်းကိုမဆို သယ်ယူပို့ဆောင်နေတဲ့ဝန်ဆောင်မှုလုပ်ငန်းတစ်ခု လည်းဖြစ်ပါတယ်။ နည်းပညာကိုအခြေခံထားတဲ့ တစ်ပိုင်တစ်နိုင်စီးပွားရေးကနေ ကျယ်ပြန်တဲ့နိုင်ငံလုံးဆိုင်ရာကွန်ရက်ကို ရရှိထားတဲ့ ဝန်ဆောင်မှုလုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။ ဈေးနှုန်းသက်သာတဲ့ ကုန်ကားများကို မှာယူအသုံးပြုနိုင်မှာဖြစ်သ လို ကုန်တင်၊ ကုန်ချသယ်ယူပို့ဆောင်မှု၊ တိကျသက်သာသောသယ်ယူပို့ဆောင်မှု၊ ကားအသေးမှ ကုန်ကားကြီးများထိ Kargo မှာမှာယူနိုင်မှာပဲဖြစ်ပါတယ်။ ကုန်ပစ္စည်းအလေးချိန်၊ သယ်ယူရမည့်နေရာ၊ ငှားချင်တဲ့ကားအမျိုးအစားပေါ်မူတည်ပြီး တော့ တိတိကျကျတွက်ချက်ပြီး အသက်သာဆုံးဖြစ်မယ့် ဈေးနှုန်းကို ရှာဖွေချိတ်ဆက်တာဖြစ်တဲ့အတွက် ယာဉ်မောင်းများ နဲ့ ကားငှားရမ်းသူတွေကြားမှာ အဆင်မပြေမှုတွေမရှိနိုင်အောင် ပြုလုပ်ထားခြင်းလည်းဖြစ်ပါတယ်။ ဒါ့အပြင် အဆင့်မြင့်ပြီး မျှတ တဲ့ ဈေးနှုန်းသတ်မှတ်ထားမှုကြောင့် Customer တွေတင်မကပဲ ယာဉ်မောင်းများအတွက်ပါ အကျိုးရှိစေမှာဖြစ်ပါတယ်။

Photo Source – https://www.facebook.com/kargomyanmar/

Kargo ဟာ မြန်မာနိုင်ငံအတွက် ခေတ်သစ်သယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ဖို့အတွက် ယာဉ်မောင်းတွေနဲ့ချိတ်ဆက်ပေးတဲ့ မြန်မာပြည်ရဲ့ပထမဦးဆုံး အွန်လိုင်းကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုစနစ်တစ်ခုလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/kargomyanmar/

အသုံးပြုလိုသူလုပ်ငန်းရှင်ကြီးများအနေဖြင့်လည်း kargo ၏ မိုဘိုင်း App ကနေတဆင့် ကုန်ကားလမ်းကြောင်းများအ ခြေအနေကို အလွယ်တကူကြည့်ရှုနေနိုင်မှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/kargomyanmar/

ကားအငှားဝန်ဆောင်မှုကိုအသုံပြုလိုသူတွေအနေနဲ့တော့ Kargo Website မှာဖြစ်စေ Mobile Application မှာဖြစ်စေ ဝင်ရောက်ကြည့်ရှုပြီး မိမိတို့လုပ်ငန်းနဲ့သင့်တော်မယ့် ကားအမျိုးအစား၊ ပို့ဆောင်ရမယ့်နေရာတွေကို ရွေးချယ်ငှားရမ်းနိုင်တဲ့ အတွက် ပိုမိုလွယ်ကူစွာချိတ်ဆက်နိုင်တဲ့ ပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်တာကြောင့် အသုံးပြုသူတိုင်းအဆင်ပြေစေမှာဖြစ်ပါ တယ်။
Kargo အကြောင်းအသေးစိတ်သလိုပါက အောက်ပါ Link များမှ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/kargomyanmar/
https://kargo.com.mm/my_MM/corporate
ကားငှားရမ်းလိုသူနဲ့ ယာဉ်မောင်းတွေအတွက် Kargo Mobile Application ကိုလည်း အောက်ပါ Link မှဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.kargo.customer
https://play.google.com/store/apps/details?id=com.kargo.driver