Canva Create ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ လုပ်ဆောင်ချက် (၅) ခု

လစဉ်အသုံးပြုသူပေါင်း ၁.၈ မီလီယံအထက်ရှိတဲ့ Canva ဟာ လွန်ခဲ့တဲ့ ဧပြီလမှာပဲ Canva Create ဆိုတဲ့ သူ့ရဲ့ Version အသစ်တစ်ခုကို ချပြမိတ်ဆက်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝမ်း ရာနဲ့ချီတဲ့ Teams တွေနဲ့ Enterprises ပေါင်းမျိုးစုံအပြင် ၇၀ မီလီယံအထက် ကျောင်းသားနဲ့ ဆရာတွေက Visual Communication Product တစ်ခုအနေနဲ့ အသုံးပြုနေကြတဲ့ Platform တစ်ခုလည်းဖြစ်ပါတယ်။  အသုံးပြုသူတွေအတွက် အသစ်မိတ်ဆက်လိုက်တဲ့ Canva Create ရဲ့ စိတ်ဝင်စားစရာ လုပ်ဆောင်ချက် (၅) ခုကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

Image of the New Canva Editor launched at Canva Create

Image: Canva

(၁) လုံးမတူပြောင်းလဲ ကွဲထွက်နေတဲ့ Canva Experience

အသုံးပြုသူတစ်ယောက်ချင်းစီတိုင်းရဲ့ Design ပိုင်းဖန်တီးမှုတွေကို အာရုံစိုက်လာခဲ့တဲ့ Canva အနေနဲ့ Canva Experience ကြီးတစ်ခုလုံးကို Update ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။ August လကစတင်ပြီး Homepage နဲ့ Design Editing Experience အသစ်တွေကို Workflow, Design နဲ့ Team တွေမှာ ပိုပြီး စွမ်းဆောင်ရည်ကောင်းကောင်းမိတ်ဆက်နိုင်ဖို့ ချပြသွားတော့မှာ ဖြစ်ပါတယ်။ Homepage Design ကိုပြောင်းထားသလို Shortcuts တွေနဲ့အတူ ဒီဇိုင်းတွေကို အရင်ထက်ပိုပြီး ဖန်တီးဖို့ လွယ်ကူသွားမှာ ဖြစ်ပါတယ်။ အရင်ဗားရှင်းထက် Space တွေပိုပြီးဖန်တီးပေးထားတဲ့အတွက် ဒီဇိုင်းဆွဲရာမှာ ပိုပြီး အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

Image: Canva

(၂) Go-to Learning Workflow တစ်ခုဖြစ်လာဖို့ Courses

ဝန်ထမ်းအသစ်ခန့်ဖို့၊ Company Update တွေမျှဝေဖို့၊ Team member နဲ့ ကျောင်းသားတွေကို Upskilling လုပ်ဖို့အတွက် Learning and Development ပိုင်းဆိုင်ရာ Training တွေကို အလွယ်တကူ ပြုလုပ်မျှဝေနိုင်ဖို့အတွက် Courses ကို ဖန်တီးမိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Canva ထဲမှာပဲ တိုက်ရိုက် ဖန်တီးနိုင်မှာ ဖြစ်သလို Canva Design တွေကို Learning Material တွေအဖြစ် ပြောင်းလဲနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်အတွက် Presentation, Whiteboards, Document နဲ့ Video လို လုပ်ဆောင်ချက်တွေအထိ ပါဝင်သွားမယ်လို့ သိရပါတယ်။Image of a range of templates found in the new Canva Work Kits: Resources for all teams

Image: Canva

(၃) Level Up ပြုလုပ်နိုင်ဖို့ Work Kits

ဒီဇိုင်းတွေကို ပိုမိုလွယ်ကူပြီး အသုံးပြုရလွယ်ကူစေဖို့အတွက် Work Kits လုပ်ဆောင်ချက်ကို မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ Marketing, Creative, Sales နဲ့ HR ပိုင်းတွေအတွက် Teams တွေအနေနဲ့ Access နိုင်ပြီး Resource စုံစုံလင်လင်၊ Template မျိုးစုံနဲ့ အကောင်းဆုံးအသုံးပြုနိင်တော့မှာ ဖြစ်ပါတယ်။

Image of a man at a computer using Canva Enterprise, Canva's new leading Enterprise subscription offering

Image: Canva

(၄) Canva Enterprise

Organization တွေအနေနဲ့ High-impact visual content တွေကို မြန်မြန်ဆန်ဆန်နဲ့ ထိရောက်မှုရှိရှိ ပြုလုပ်ဖန်တီးနိုင်ဖို့က အရေးကြီးပါတယ်။ Visual Communication ပိုင်းတွေက အရေးကြီးတဲ့အတွက် Canva မှာ Canva Enterprise ကိုစတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Canva Enterprise ဟာ Organization အကြီးတွေအတွက် all-in-one workplace solution တစ်ခုဖြစ်သလို collaborate လုပ်နိုင်တဲ့ Design tool တစ်ခုလည်းဖြစ်ပါတယ်။ Security, reporting, administration, brand management ပိုင်းတွေအတွက် သင့်တော်တဲ့ Service တစ်ခုဖြစ်နေမှာပါ။

Image: Canva

(၅) Affinity Feature

Canva အနေနဲ့ Affinity နဲ့ပူးပေါင်းပြီး Designer, Professional Photographer, Graphic Designer, Illustrator, Typographer တွေအတွက် ‌all-in-one visual communication suite ကို ဖန်တီးခဲ့ပါတယ်။ Canva Create မှာ မြန်ဆန်ပြီးတော့ စွမ်းဆောင်ရည်မြင့်မားတဲ့ Creative Suite ကို Affinity နဲ့ပူးပေါင်းဖန်တီးထားပါတယ်။ ဒီလုပ်ဆောင်ချက်မှာတော့ Performance လုံးဝမကျဘဲ ကြီးမားရှုပ်ထွေးတဲ့ Document တွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။