လူငယ်တွေပါဝင်ခဲ့ကြတဲ့ လူငယ်ပွဲတော်ရဲ့ MLBB Tournament မှာ အသွက်လက်ဆုံး စွမ်းအင်မြင့် OPPO Reno14 Series 5G နဲ့အတူ ပါဝင် ပံ့ပိုးခဲ့တဲ့ OPPO Myanmar AED

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် OPPO က လွန်ခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့နဲ့ ၅ရက်နေ့တွေက ရန်ကုန်မြို့ရှိ M Tower မှာ ပြုလုပ်ကျင်းပခဲ့တဲ့ Creative Carnival Vol.3 လူငယ်ပွဲတော်မှာ Main Sponsor အနေနဲ့ ပါဝင်ကူညီပေးခဲ့ပါတယ်။ အဆိုပါ ပွဲတော်မှာ OPPO Myanmar AED အနေနဲ့ လူငယ်တွေ သဘောကျ နှစ်သက်နိုင်မဲ့ ESports Session ၊ လက်ဆောင်တွေ ရရှိနိုင်မဲ့ Spin Wheel အစီအစဉ် တို့အပြင် Saycheese Myanmar နဲ့အတူ လူငယ်ဆန်ဆန် အခမဲ့ ဓာတ်ပုံရိုက်ကူးနိုင်မဲ့ အစီအစဉ်တွေကို ထည့်သွင်းကာ လူငယ်တွေ စိတ်ဝင်စားမဲ့ အစီအစဉ်တွေနဲ့အတူ ပျော်ရွှင်စွာကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ ထို့အပြင် MLBB ကလဲ ၎င်းတို့ရဲ့ ၉ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် Diamond တွေ ပေးအပ်တဲ့ အစီအစဉ်ကို OPPO Myanmar AED နဲ့အတူ ပူးပေါင်းကာ ပြုလုပ်ခဲ့ပါသေးတယ်။

Image: OPPO

Esports Session မှာဆိုရင် လူငယ်တွေတိုင်း သဘောကျနှစ်သက်တဲ့ Esports Tournament အတွက် OPPO က ဝိုင်းဝန်းပံ့ပိုးခဲ့ပြီး ပါဝင်ကစားသူ လူငယ်တွေအနေနဲ့ OPPO Reno14 Series 5G နဲ့အတူ MLBB Tournament ကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ယှဉ်ပြိုင်ခဲ့ကြတဲ့ လူငယ်အသင်းတွေအနက် ERFO Esports အသင်းက အနိုင်ရရှိခဲ့ပြီး OPPO Myanmar AED က အနိုင်ရရှိခဲ့တဲ့ ERFO Esports အသင်းကို ဆုလက်ဆောင်အဖြစ် ငွေကျပ် ၁၀ သိန်းကို ဆုလက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ၎င်း MLBB Tournament မှာဆိုရင် သာမန်ထက် လိုင်းဆွဲအားကို ပိုမိုကောင်းမွန်စေနိုင်တဲ့ OPPO Reno14 Series 5G ရဲ့ AI LinkBoost 3.0 ၊ OPPO ရဲ့ နာမည်ကျော် ColorOS 15 ၊ မြန်ဆန်သွက်လက်တဲ့ Trinity Engine နဲ့ Luminous Rendering Engine ၊ ပိုးသားအသွင်ချောမွေ့မြန်ဆန်လှတဲ့ Animation နဲ့အတူ စွမ်းအားမြင့် Performance တို့ကလဲ ဂိမ်းဆော့တဲ့အခါ နှောင့်နှေးမှု တစ်စက်မှ မရှိရလေအောင် ကူညီပံ့ပိုးခဲ့ပါတယ်။

Image: OPPO

ဒါအပြင် OPPO Booth နေရာမှာလဲ ပွဲကို လာရောက်သူ လူငယ်တွေ စိတ်ပျော်ရွှင်စေနိုင်မဲ့  Spin Wheel အစီအစဉ် ၊ MLBB နဲ့ ပူးပေါင်းကာ MLBB ရဲ့ ၉ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် Diamond တွေ ပေးအပ်တဲ့ အစီအစဉ် ၊ Saycheese Myanmar နဲ့ OPPO Myanmar AED တို့ အတူတကွ ပူးပေါင်းထားတဲ့ အစီအစဉ် နဲ့အတူ Cosplay အစီအစဉ်တွေလဲ ထပ်မံပါရှိခဲ့တာကြောင့် လာရောက်သူ လူငယ်တွေကြား အတော်လေး ရေပန်းစား ကျော်ကြားခဲ့ပါတယ်။