MPT က နိုင်ငံတစ်ဝန်းရှိသုံးစွဲသူများသို့ မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် “ဇိမ်ဇိမ်” ပရိုမိုးရှင်းအသစ်ကို မိတ်ဆက်

MPT က မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် “ဇိမ်ဇိမ်” ပရိုမိုးရှင်းအသစ်ကို ဂုဏ်ယူစွာ မိတ်ဆက်လိုက်ပါသည်။

“ဇိမ်ဇိမ်”  ပရိုမိုးရှင်းကို ၂၀၂၆ ခုနှစ် ဧပြီလ (၂) ရက်နေ့မှ ဇွန်လ (၃၀) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး Join & Get (စာရင်းသွင်းကာ လက်ဆောင်ယူပါ)၊ Top Up & Play (ဖုန်းငွေဖြည့်ကာ ဂိမ်းကစားပါ) နှင့် Buy Packs & Win (ပက်ကေ့ချ်ဝယ်ကာကံစမ်းပါ)အစီအစဉ်(၃)မျိုးပါဝင်ပါသည်။ ဤပရိုမိုးရှင်းအစီအစဉ်မှ တစ်ဆင့် သုံးစွဲသူများသည် Grand Prize အဖြစ် EV ကားအသစ်တစ်စီး၊ လစဉ် ကံထူးရှင်များအတွက် တစ်ဦးလျှင် ကျပ်သိန်း (၃၀) ငွေသားဆုများ၊ iPhone 17 နှင့် နေ့စဉ် Data Bonus ဆုများကို ဆွတ်ခူးနိုင်မည်ဖြစ်ပါသည်။

Image: MPT

MPT သုံးစွဲသူများအားလုံးသည် ကြိုက်နှစ်သက်ရာ နည်းလမ်းများမှတစ်ဆင့် အခမဲ့ စာရင်းသွင်းခြင်း၊  ဖုန်းငွေဖြည့်သွင်းခြင်း (သို့မဟုတ်) မိမိကြိုက်နှစ်သက်ရာ ပက်ကေ့ချ်များကို ဝယ်ယူခြင်းဖြင့် အဆိုပါ ပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်နိုင်ပါသည်။  သုံးစွဲသူများသည် အခမဲ့စာရင်းသွင်းခြင်း (Join & Get -စာရင်းသွင်းကာ လက်ဆောင်ယူပါ)  နှင့် ဖုန်းငွေဖြည့်သွင်းခြင်း (Top Up & Play – ဖုန်းငွေဖြည့်ကာ ဂိမ်းကစားပါ) အစီအစဉ်မှတစ်ဆင့် ဒေတာ ဆုလက်ဆောင်များ ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် Buy Packs & Win (ပက်ကေ့ချ်ဝယ်ကာ ကံစမ်းပါ) အစီစဉ်တွင်ပါဝင်ခြင်းဖြင့် အသစ်စက်စက် EV ကား – ၁ စီး၊ ငွေသားဆု ကျပ်သိန်း (၃၀) ကံထူးရှင် (၅) ဦး၊ iPhone 17- (၁) လုံး တို့ကို ကံထူးနိုင်မည် ဖြစ်ပြီး ပက်ကေ့ချ်များများဝယ်လေ ကံထူးခွင့်လက်မှတ်များများရလေ ဖြစ်ကာအထူးဆုများကို ကံထူးမည့် အခွင့်အရေး ပိုမိုရရှိမည် ဖြစ်ပါသည်။

စိတ်လှုပ်ရှားဖွယ်ရာဆုလက်ဆောင်များကို ကံထူးနိုင်ရန်အတွက် MPT သုံးစွဲသူများအနေဖြင့် အသေးစိတ် အချက်အလက်ကို အောက်ဖော်ပြပါ ဇယားတွင် ကြည့်ရှုနိုင်ပါသည်။

ပရိုမိုးရှင်းအမျိုးအစား

ဆုလက်ဆောင်များ

ပရိုမိုးရှင်းအသေးစိတ်အချက်အလက်

ခံစားခွင့်များ/ ဆုလက်ဆောင်များ

Join & Get (စာရင်းသွင်းကာ လက်ဆောင်ယူပါ)

အပတ်စဉ်

နှစ်သက်ရာနည်းလမ်းကတစ်ဆင့် စာရင်းသွင်းပါဝင်နိုင်ပါသည်

၁)  MPT4U အပ်ပလီကေးရှင်း

၂) *2026# ကို ခေါ်ဆိုခြင်း

၃) 1331 သို့ “ZeimZeim” ဟု  စာတို (SMS) ပေးပို့ခြင်း

ဒေတာ ဆုလက်ဆောင်များ

Top Up & Play (ဖုန်းငွေဖြည့်ကာ ဂိမ်းကစားပါ)

နေ့စဉ်

-နှစ်သက်ရာနည်းလမ်းဖြင့် အနည်းဆုံး ၁,၀၀၀ ကျပ်နှင့်အထက်

ဖုန်းငွေဖြည့်တိုင်း Kick & Win ဂိမ်း ကစားခွင့် (၁) ကြိမ် ရယူပါ။

ဒေတာ ဆုလက်ဆောင်များ

Buy Packs & Win (ပက်ကေ့ချ်ဝယ်ကာ ကံစမ်းပါ)

လစဉ်

ကြိုက်နှစ်သက်ရာနည်းလမ်းဖြင့် ပက်ကေ့ချ်များကို ဝယ်ယူပြီး လစဉ်ဆု နှင့် အထူးဆုများ ကံစမ်းခွင့် လက်မှတ်များကို ရယူပါ။

 လစဉ်ဆုများ

ကျပ် သိန်း ၃၀ ဆု – ၅ ဆု

iPhone 17 ဆု- ၁ ဆု

အထူးဆု

အသစ်စက်စက် EV ကား-၁ စီး

MPT သည် ကံထူးဆုများအား တိုက်ရိုက်ထုတ်လွှင့်မှု (Live Events) များမှတစ်ဆင့် ပွင့်လင်းမြင်သာစွာ ကျပန်းစနစ်ဖြင့်ရွေးချယ်ပေးသွားမည်ဖြစ်သည်။

MPTJO ၏ စီးပွားရေးဌာနကြီးမှ Mr. Yoshinori YAGI က “ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်တိုင်းဟာ သုံးစွဲသူတွေကို အဓိကထားပြီး အလေးထား ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ အခုလည်း  မြန်မာ့နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ MPT ကို အစဉ်တစိုက် ယုံကြည်ဏအားပေးလာကြတဲ့ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ “ဇိမ်ဇိမ်” ပရိုမိုးရှင်းကို ဂုဏ်ယူစွာနဲ့ မိတ်ဆက်လိုက်ပါတယ်။ ဒီပရိုမိုးရှင်းဟာ သုံးစွဲသူတွေကို ရင်ခုန်စိတ်လှုပ်ရှားစရာ ဆုလက်ဆောင်တွေ ပေးအပ်ရုံသာမက သုံးစွဲသူတွေရဲ့ နေ့စဉ် ဒီဂျစ်တယ်လူမှုဘဝမှာ ပိုမိုကောင်းမွန်တဲ့ တန်ဖိုး၊ အကျိုးကျေးဇူးတွေနဲ့ ပျော်ရွှင်စရာ အတွေ့အကြုံသစ်တွေပေးအပ်ပြီး ကျွန်တော်တို့နဲ့ သုံးစွဲသူတွေကြားက ဆက်ဆံရေးကို ပိုမိုခိုင်မာစေဖို့ ရည်ရွယ်ဆောင်ရွက်ထားတာ  ဖြစ်ပါတယ်။ မြန်မာနှစ်သစ်ကူးအခါသမယမှာ သုံးစွဲတွေနဲ့ မိသားစုဝင်တွေအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း နဲ့ပြည့်စုံတဲ့ပျော်ရွှင်စရာနှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အထူး တင်ရှိပါသည်။ MPT အနေဖြင့်လည်း သုံးစွဲသူများသို့ ခေတ်မီ နည်းပညာများနှင့် ဆန်းသစ်သော ဝန်ဆောင်မှုများ၊ ယုံကြည်စိတ်ချရသော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် စဉ်ဆက်မပြတ် အားထုတ်ဆောင်ရွက်လျက်ရှိပါသည်။

MPT ၏ “ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ်၊ အခြားသော အထူးပရိုမိုးရှင်းအစီအစဉ်များ၊ MPT ၏ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင်ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးမည့် တူတူ Chat ၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

Image: MPT

မြန်မာနိုင်ငံဆက်သွယ်ရေး အခြေခံအဆောက်အဦ၏ အရည်အသွေးတိုးတက်စေရန် ဆောင်ရွက်ခြင်းနှင့်အတူ ၎င်းတို့၏ အထောက်အပံ့ပြုဆောင်ရွက်မှုများကို ပိုမိုကောင်းမွန်ရန်နှင့် ပြည်တွင်းမှ ကျွမ်းကျင်ဝန်ထမ်းများ၏ အရည်အချင်းကို အသုံးချ နိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ ဧပြီလမှစတင်ကာ MPT သည် KSGM နှင့် သဘောတူညီမှု စာချုပ်ကို ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။ MPT အနေဖြင့် ဝန်ထမ်းပေါင်း ၆ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် အကောင်းဆုံးသော ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပေးအပ်သွားမည်ဖြစ်ပြီး ဝန်ထမ်းများအပါအဝင် မြန်မာပြည်သူပြည်သားများအတွက် ရေရှည်တည်တံ့ခိုင်မြဲသော အကျိုးကျေးဇူးများကို ပေးအပ်သွားရန် ကတိပြုပါသည်။

MPT အကြောင်းပိုမိုသိရှိလိုပါ www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ (သို့မဟုတ်) ၁၀၆ သို့ ခေါ်ဆို၍ စုံစမ်းမေးမြန်းနိုင်ပါသည်။  MPT ၏ လူမှုအကျိုးပြုလှုပ်ရှားမှုများအား ပိုမိုသိရှိလိုပါက https://mpt.com.mm/mm/about-home-mm/csr-activities-mm/ သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။