အင်တာနက်မလိုဘဲ အသုံးပြုနိုင်တော့မယ့် Notion
Notion အသုံးပြုသူတွေအနေနဲ့ အများဆုံး Request လုပ်ကြတဲ့ Feature ထဲမှာ Offline အသုံးပြုနိုင် ဖို့က အဓိကပါဝင်နေပါတယ်။ Notion ဟာ သူ့ရဲ့ cloud-first architecture အရ Offline အသုံးပြုလို့ မရတဲ့ပြဿနာက အချိန်အတော်လေးကြာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဒီပြဿနာကို ဖြေရှင်းပြီး Offline Mode ကို Notion ကစတင်ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ Notion အနေနဲ့ အသုံးပြုသူတွေ Request အလုပ်ဆုံး Feature တစ်ခုဖြစ်ပါတယ် ဆိုပြီး X Platform ပေါ်မှာ ပြောကြားခဲ့ပါသေးတယ်။
Introducing Offline Mode.
Your best ideas don’t wait for wifi. Now, neither does Notion. pic.twitter.com/OObNHiEiSe
— Notion (@NotionHQ) August 19, 2025
ဒီ Feature နဲ့အတူ အသုံးပြုသူတွေဟာ Notion ရဲ့ Desktop နဲ့ Mobile App တွေမှာ View, Edit နဲ့ Note တွေကို အင်တာနက်မလိုဘဲ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ Offline Access အတွက် Page တွေကိုလည်း download ဆွဲနိုင်မယ်လို့ သိရပါတယ်။ အင်တာနက်ပြန်ချိတ်ဆက်လိုက်တာနဲ့ App ထဲမှာလုပ်ခဲ့တဲ့ ပြောင်းလဲမှုတွေကို Sync လုပ်ပြီး Update ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Embeds, Forms နဲ့ Buttons တွေကတော့ အင်တာနက်မရှိရင် အလုပ်လုပ်မှာတော့ မဟုတ်ပါဘူး။
အကယ်၍ Notion’s Plus, Business ဒါမှမဟုတ် Enterprise Plans တွေကို ဝယ်ယူထားမယ်ဆိုရင် တော့ App က ကိုယ်ကြည့်ခဲ့တဲ့ Recently Viewed နဲ့ Favorite Page ကို အလိုအလျောက် download ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ Setting Panel ရဲ့ Menu ထဲက “Offline” ကတစ်ဆင့်လည်း Automatic Downloads ကိုပိတ်ထားနိုင်သလို၊ Downloads တွေကိုလည်း Manage လုပ်နိုင်မှာ ဖြစ်ပါတယ်။
So for 5 years, “offline” has been the #1 request.
Today, thanks to the perseverance of our engineering team, @NotionHQ finally works offline. Your ideas don’t need Wi‑Fi to exist!
For Notion community: thank you for your patience while we built this right.
This is a journey,… pic.twitter.com/LBgeceIBc8
— Ivan Zhao (@ivanhzhao) August 19, 2025
Notion ကုမ္ပဏီရဲ့ CEO Ivan Zhao ကလည်း X Platform ပေါ်မှာ “Notion ဟာ မတူညီတဲ့ Block တွေကို Store လုပ်ဖို့အတွက် ရှုပ်ထွေးတဲ့ database တွေကို App ထဲမှာအသုံးပြုထားတဲ့အတွက် ဒီနှစ်တွေထဲမှာ Offline လုပ်ဆောင်ချက်ကို မထည့်သွင်းပေးနိုင်ခဲ့တာပါ။ နောက်ပြီး Offline ဖြစ်နေတဲ့ အချိန်မှာ အသုံးပြုသူအများကြီးက ပြောင်းလဲမှုတွေပြုလုပ်တာကို Manage လုပ်နိုင်ဖို့အတွက် conflict-resolution mechanism ကိုလည်း တည်ဆောက်ခဲ့ပါသေးတယ်။”