Be Safe with TikTok: ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကိုမျှဝေပါ
TikTok သည် အကြောင်းအရာ ဗီဒီယိုဖန်တီးသူ Creator များနှင့် သုံးစွဲသူအသိုင်းအဝိုင်းအတွက် လုံခြုံပြီး ယုံကြည်စိတ်ချရသော ပတ်ဝန်းကျင်ကို တည်ဆောက်ရန် ကတိပြုထားပါသည်။ ၂၀၂၄ ခုနှစ်တွင် TikTok ၏ မူဝါဒများကို ချိုးဖောက်သည့်အတွက် ဗီဒီယိုပေါင်း သန်း ၅၀၀ ကျော်ကို ဖယ်ရှားခဲ့ပြီး ဘေးကင်းရေးလုပ်ဆောင်မှုများတွင် ဒေါ်လာ ၂ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံခဲ့ကာ နောက်ထပ် ၂ ဘီလီယံကျော်ကို ပလက်ဖောင်းလုံခြုံရေးကို မြှင့်တင်ရန် ခွဲဝေချထားပေးမည့် အစီအစဉ်များလည်းရှိပါသည်။ ဤအစီအစဉ်ကို ပံ့ပိုးရန်နှင့် လူတိုင်းအတွက် အပြုသဘောဆောင်ပြီး အားလုံးပါဝင်နိုင်သည့် အတွေ့အကြုံများ ဖန်တီးနိုင်ရန်အတွက် အကြောင်းအရာဗီဒီယိုဖန်တီးသူ Creator များနှင့် သုံးစွဲသူများအနေဖြင့် မိမိတို့ မျှဝေသည့် အချက်အလက်များနှင့်ပတ်သက်ပြီး သတိရှိကြရန် အားပေးပါသည်။
TikTok ၏ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များတွင် ရည်ရွယ်ချက်ရှိရှိ လှည့်ဖြားထားသည့် သတင်းမှားများနှင့် ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် လုပ်ကြံထားသည့် သတင်းမှားများကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပါသည်။ ၎င်းတွင် ဆေးဘက်ဆိုင်ရာ၊ ရာသီဥတုပြောင်းလဲမှုနှင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းမှားများအပြင် နားလည်မှုလွဲမှားစေနိုင်သည့် AI ဖြင့် ပြုလုပ်ဖန်တီးထားသည့် အကြောင်းအရာများနှင့် လျှို့ဝှက်အကြံအစည်၊ ဖြစ်ရပ်ဆိုင်ရာ သီအိုရီများလည်း ပါဝင်ပါသည်။ TikTok သည် အန္တရာယ်ရှိသော အကြောင်းအရာများကို ဖယ်ရှားပြီး တခြားသုံးစွဲသူများထံ အဆိုပါ အကြောင်းအရာများ ရောက်ရှိမှု Reach ကို ကန့်သတ်ခြင်းဖြင့် ပြဿနာများကို ဖြေရှင်းပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်သည့် သတင်းမှားများကို မကြာခဏ တွေ့ရလေ့ရှိပြီး ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေများအတွက် ပညာရှင် မဟုတ်ဘဲ ကိုယ်တိုင်စမ်းသပ်စစ်ဆေးကုသမှုများကို အတွေ့များပါသည်။ ထို့ကြောင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအတွက် တိကျမှန်ကန်သော အကြံဉာဏ်များ၊ သတင်းများ လိုအပ်ပါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့မြန်မာ သို့မဟုတ် မြန်မာနိုင်ငံကြက်ခြေနီအသင်းကဲ့သို့သော ယုံကြည်စိတ်ချရသော အရင်းအမြစ်များကို ကိုးကားနိုင်ပါသည်။
Image: TikTok
TikTok မှ ပလက်ဖောင်း၏ အလုံးစုံယုံကြည်စိတ်ချရမှုကို ထိန်းသိမ်းပုံ
ရည်ရွယ်ချက် ရှိသည်ဖြစ်သည် မရှိသည်ဖြစ်စေ သတင်းမှားသည် သိသိသာသာ ထိခိုက်နစ်နာမှုကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် TikTok တွင် (၁) သုံးစွဲသူများအား အန္တရာယ်ရှိသော သတင်းမှားများမှ ကာကွယ်ခြင်း၊ (၂) Gobal Fact-Checking Program အပါအဝင် ကျွမ်းကျင်သူများနှင့် ပူးပေါင်းကာ တိုးတက်ပြောင်းလဲနေသော သတင်းမှားဆိုင်ရာ Trend များကို ကိုင်တွယ်ဖြေရှင်းခြင်း၊ (၃) အသိုင်းအဝိုင်းအား တရားဝင်အချက်အလက်များကို ဝင်ရောက်ကြည့်ရှုနိုင်စေရန် ဆောင်ရွက်ပေးခြင်း စသည့်လုပ်ဆောင်ချက်များဖြင့် သုံးစွဲသူအသိုင်းအ၀ိုင်းဘေးကင်းရေးကို ဦးစားပေးလုပ်ဆောင်လျက်ရှိပါသည်။ ၎င်းလုပ်ဆောင်မှုများ အောင်မြင်ရန် TikTok သည် လွတ်လပ်သော အချက်အလက်စစ်ဆေးသူများနှင့် တွဲဖက်လုပ်ဆောင်နေပြီး ကျန်းမာရေးဆိုင်ရာ အကြောင်းအရာတိကျမှုကို စစ်ဆေးရန်အတွက် ပြည်သူ့ကျန်းမာရေးအာဏာပိုင်များ၏ လမ်းညွှန်မှုအရ လုပ်ဆောင်လျက်ရှိပါသည်။ အန္တရာယ်ဖြစ်စေနိုင်သော သတင်းမှားများ သို့မဟုတ် အတည်မပြုရသေးသော အကြောင်းအရာများပါရှိသော ဗီဒီယိုများကို ‘For You’ Feed မှ ဖယ်ရှယ်ခြင်းဖြင့် ၎င်းတို့၏ပြန့်နှံ့မှု Reachကို သိသိသာသာ လျော့ကျစေပါသည်။
သုံးစွဲသူများကို ပိုမိုကာကွယ်ရန် TikTok သည် အတည်မပြုရသေးသော အကြောင်းအရာများကို အခြားသူများအားမမျှဝေခင် ပြန်လည်စဉ်းစားနိုင်ရန် သတိပေးစာများနှင့် Prompt များကို အသုံးပြုပါသည်။ တင်ပြီးသား ဗီဒီယိုတစ်ခုတွင် သက်သေမပြနိုင်သော အကြောင်းအရာများ ပါ၀င်ပါက ကြည့်ရှုသူများ မြင်နိုင်သော နဖူးစည်းသတိပေးစာတစ်ခုဖြင့် သတိပေးထားပြီး ဖန်တီးသူကိုလည်း အကြောင်းကြားပါသည်။ တစ်စုံတစ်ဦးမှ ထိုသို့သတိပေးထားသည့် ဗီဒီယိုကို မျှဝေရန် ကြိုးပမ်းပါက တစ်ခု အတည်မပြုရသေးသည့်အကြောင်းအရာဖြစ်ကြောင်း သတိပေးကာ ၎င်းတို့၏ လုပ်ဆောင်ချက်ကို ပြန်လည်စဉ်းစားရန် တိုက်တွန်းသည့် သတိပေးချက်များကိုလည်း လုပ်ဆောင်ထားပါသည်။ ထို့နောက် မျှဝေခြင်းလုပ်ငန်းစဉ်တွင် လုပ်ဆောင်မှုကို “ပယ်ဖျက်” သို့မဟုတ် “မည်သို့ပင်ဖြစ်စေ မျှဝေမည်” ကို ရွေးချယ်စေခြင်းဖြင့် တာဝန်ခံမှုဆိုင်ရာ အလွှာတစ်ခုထပ်မံထည့်ထားပါသည်။
မျှဝေခြင်း မပြုလုပ်ခင် ပြန်လည်စဥ်းစားသုံးသပ်ပါ
အသုံးပြုသူတိုင်းသည် သတင်းမှားများပျံ့နှံ့ခြင်းကို ရပ်တန့်ရန် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ အကြောင်းအရာကို မမျှဝေမီ အရင်းအမြစ်ကို အတည်ပြုရန် အချိန်ယူကာ အချက်အလက်သည် ယုံကြည်စိတ်ချရသလား၊ အရင်းအမြစ်သည် ဘက်မလိုက်ဘဲ ယုံကြည်စိတ်ချရသလား စသည့် အရေးကြီးသော မေးခွန်းများကို မေးသင့်ပါသည်။ ဤအချက်သည် သေးငယ်သော်လည်း အဓိပ္ပာယ်ရှိသော အဆင့်များကို လိုက်နာခြင်းဖြင့် သင်သည် မှားယွင်းသော သို့မဟုတ် လွဲမှားသော အချက်အလက်များ အဆင့်ဆင့်ပြန့်ပွားမှုမှု သင့်ကိုယ်သင်နှင့် အခြားသူများကို ကာကွယ်နိုင်သည်။
မြန်မာအသိုင်းအဝိုင်းအတွက် အထူးဖန်တီးထားသည့် TikTok ၏ Be Safe With Soe စီးရီးတွင် မီးမောင်းထိုးပြထားသည့်အတိုင်း သုံးစွဲသူများသည် မစစ်ဆေးရသေးသော သတင်းများကို မမျှဝေမီ ခေတ္တရပ်ပြီး ပြန်လည်စဉ်းစားသင့်ပါသည်။ ထိုသို့သော အကြောင်းအရာများကို ပျော်ရွှင်စရာကောင်းသည့် ပညာပေးအစီအစဉ်တစ်ခုဖြင့် လေ့လာလိုပါက နေ့စဥ်ဖြစ်ရပ်များကို အခြေခံကာ အသိပညာများမျှဝေပေးသည့် ဇာတ်ကောင်များ ပါဝင်သည့် Be Safe with Soe ဗီဒီယိုများကို ကြည့်ရှုကာ စူးစမ်းလေ့လာနိုင်ပါသည်။ ၎င်းဗီဒီယိုများကို TikTok ၏ မြန်မာ Digital Literacy Hubတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို မျှဝေခြင်းနှင့် တာဝန်ရှိသော အွန်လိုင်းအသုံးပြုမှုကို မွေးမြူခြင်းဖြင့် ပိုမိုလုံခြုံပြီး ပိုမိုအသိပညာကြွယ်၀သော TikTok အသိုင်းအဝိုင်းကိုဖန်တီးရန် အတူတကွ လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ရပါသည်။