မြန်မာနိုင်ငံရှိ TikTok ဗီဒီယိုဖန်တီးသူများ၏ တီထွင်ဆန်းသစ်နိုင်စွမ်းကို ဖော်ထုတ်မြှင့်တင်ပေးမည့် TikTok Studio

TikTok ဗီဒီယိုဖန်တီးသူများသည် တီထွင်ဖန်တီးမှုများကို လှုံ့ဆော်ပေးပြီး ယဉ်ကျေးမှုလမ်းကြောင်းများကို နေ့စဉ်ပုံဖော်နေကြသည့် TikTok အသိုက်အဝန်း၏ မောင်းနှင်အားတစ်ခု ဖြစ်သည်ကို TikTokမှ အသိအမှတ်ပြုထားပါသည်။ မြန်မာနိုင်ငံရှိ ဗီဒီယိုဖန်တီးသူများ တိုးတက်များပြား လာသည်နှင့် အမျှ ၎င်းတို့ကို အားပေးလှုံ့ဆော်ပံ့ပိုးပေးရန်အတွက် Video များ ရိုက်ကူးဖန်တီးရာတွင် အသုံး၀င်မည့် Tool တစ်ခုကို မိတ်ဆက်ပေးလိုက်ပါသည်။ TikTok Studio သည်

Read more

မိဘများနှင့် အုပ်ထိန်းသူများသိထားသင့်သည့် မြန်မာနိုင်ငံရှိ ဆယ်ကျော်သက်များအတွက် TikTok ၏ ဘေးကင်းရေး ကိရိယာများ

TikTok သည် မြန်မာနိုင်ငံ အပါအဝင် အသုံးပြုသူအားလုံးအတွက် လုံခြုံသော အသိုက်အဝန်းတစ်ခု တည်ဆောက်ရန် ရည်ရွယ်ထားပြီး ဤကြိုးပမ်းမှုသည် ၎င်း၏ ငယ်ရွယ်သော သုံးစွဲသူများအတွက် အထူးအရေးကြီးသည်ဟု ခံယူထားပါသည်။ အသုံးပြုသူများသည် TikTok တွင် သူတို့ကိုယ်သူတို့ ဖန်တီးနိုင်စွမ်း ကောင်းကောင်းနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ဖို့

Read more

Rakuten Viber သည် ၎င်း၏ လုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက် ထိန်းသိန်းကာကွယ်မှုစနစ်များအတွက် SOC 2 Type 2 အသိအမှတ်ပြုလက်မှတ်အား လက်ခံရရှိ

လုံခြုံစိတ်ချမှု အပြည့်အဝရှိ‌သော စာတိုပေးပို့ခြင်းနှင့် ဖုန်းခေါ်ဆိုခြင်း ဝန်ဆောင်မှုများအား ပေးအပ်လျက်ရှိသည့် ကမ္ဘာ့ထိပ်တန်း ဆက်သွယ်ရေးပလက်ဖောင်း Rakuten Viber သည် ၎င်း၏ လုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက် ထိန်းသိမ်းကာကွယ်ရေးစနစ်များအတွက် Service Organization Control (SOC) 2 Type II အသိအမှတ်ပြုလက်မှတ်အား

Read more

ဖေဖေ၊ မေမေတို့ မဖြစ်မနေဆောင်ထားသင့်တဲ့ Yin Thway Application

ချစ်စရာ ရင်သွေးလေးတွေရဲ့ ကျန်းမာရေး၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုပိုင်းဆိုင်ရာနဲ့ သိထားသင့်တဲ့ အကြောင်းအရာတွေအတွက် ဖေဖေ၊ မေမေတို့ ဘယ်လိုလေ့လာနေကြလဲ။ ဆရာဝန်တွေ၊ ဆေးခန်းတွေကို ဖုန်းဆက်မေးလိုက်၊ အင်တာနက်ပေါ်ကလိုက်ရှာလိုက်နဲ့ နေရာစုံက လိုက်ရှာပြီး ရင်သွေးလေးတွေအတွက် ကြိုးစားပေးနေတာတွေက Yin Thway Application

Read more

စကားပြောဆိုမှုများအား စိတ်တိုင်းကျ အုပ်စုဖွဲ့ သိမ်းဆည်းသွားနိုင်မည့် Chat Folders လုပ်ဆောင်ချက်အား Rakuten Viber မှစတင်မိတ်ဆက်

လုံခြုံစိတ်ချမှု အပြည့်အဝရှိသည့် စာတိုပေးပို့ခြင်းနှင့် ဖုန်းခေါ်ဆိုခြင်း ဝန်ဆောင်မှုများအား ပေးအပ်လျက်ရှိသည့် Rakuten Viber သည် အသုံးပြုသူများ တစ်ဦးနှင့်တစ်ဦး ဆက်သွယ် ချိတ်ဆက်ပြောဆိုရာတွင် ပိုမိုအဆင်ပြေလွယ်ကူမှုရှိစေရန်အတွက် Chat Folders လုပ်ဆောင်ချက်အသစ်အား စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ အသုံးပြုသူများအနေနှင့် အဆိုပါ Chat Folders လုပ်ဆောင်ချက်၏ အကူအညီဖြင့် ၎င်းတို့၏ စကားပြောဆိုထားမှု (Chats) များအား မိမိစိတ်ကြိုက် Folders များအဖြစ် အလွယ်တကူ အစီအစဉ်တကျ အုပ်စုဖွဲ့ သိမ်းဆည်းသွားနိုင်တော့မည် ဖြစ်သည်။ Chat Folders လုပ်ဆောင်ချက် အသစ်နှင့်အတူ အသုံးပြုသူများသည် ၎င်းတို့၏ Chats များအားလုံးပါဝင်သည့် နဂိုမူလပါဝင်ပြီးသား ‘All’ tab လုပ်ဆောင်ချက် အပြင် နောက်ထပ် စိတ်ကြိုက် Folder စုစုပေါင်း ၅ ခုအထိ ဖန်တီးသွားနိုင်မည် ဖြစ်သည်။ ဥပမာ အနေနှင့် အသုံးပြုသူများသည် ၎င်းတို့၏ Chats များအား အလုပ်၊ သူငယ်ချင်းများ၊ မိသားစု နှင့် Favorites အစရှိသဖြင့် မိမိစိတ်ကြိုက် Folder အမည်များ ပေး၍ ခွဲခြား သိမ်းဆည်းသွားနိုင်မည် ဖြစ်သည်။ ထိုသို့ သိမ်းဆည်းရာတွင် စကားပြောဆိုမှုတစ်ခုအား မတူညီသော Folders များ (ဥပမာ အလုပ်နှင့် သူငယ်ချင်းများ) တွင် သိမ်းဆည်းသွားနိုင်မည်ဖြစ်သလို Folder တစ်ခုချင်းစီတိုင်းတွင်လည်း စကားပြောဆိုမှု Chats များကို အရေအတွက် အကန့်အသတ်မရှိ ခွဲခြားသိမ်းဆည်းသွားနိုင်မည် ဖြစ်သည်။ Image: Viber စာတိုပေးပို့မှုအက်ပလီကေးရှင်းများသည် အသုံးပြုသူများ၏ နေ့စဉ်လူနေမှုဘဝတွင် အရေးပါသော အစိတ်အပိုင်း တစ်ခု ဖြစ်လာသည့်နှင့်အညီ ယခုကဲ့သို့ မိမိစိတ်ကြိုက် Chat Folders များအဖြစ် အစီအစဉ်တကျ သိမ်းဆည်းသွားနိုင်ခြင်းသည် Chats များ အား ပြန်လည်ရှာဖွေရာတွင် ပိုမိုအဆင်ပြေလွယ်ကူမှုရှိသွားစေမည့်အပြင် မိမိစိတ်တိုင်းကျ ဖန်တီးနိုင်သည့် အတွေ့အကြုံသစ်တစ်ခုကိုလည်း ရရှိသွားနိုင်မည်ဖြစ်သည်။ ဥပမာ အနေနှင့် အလုပ်နှင့်ပတ်သက်သော Chats များအား Folder တစ်ခုအဖြစ် သိမ်းဆည်းထားခြင်းဖြင့် အလုပ်လုပ်ကိုင်ရာတွင် ပိုမိုအဆင်ပြေလွယ်ကူသွားစေမည် ဖြစ်ပြီး ‘သူငယ်ချင်းများ’ နှင့် ‘မိသားစု’ အစရှိသည့် Folders များအောက်တွင် သက်ဆိုင်ရာ Chats များအား သိမ်းဆည်းထားခြင်းဖြင့် အဆိုပါ Chats များအား ပိုမိုအဆင်ပြေလွယ်ကူစွာ ရှာဖွေသွားနိုင်မည်လည်း ဖြစ်သည်။ ထို့အပြင် Folder တစ်ခုချင်းစီတွင်လည်း မဖတ်ရှုရသေးသည့် Chats အရေအတွက်ကို ပြသပေးသွားမည် ဖြစ်ကာ တစ်ဦးချင်း စကားပြောဆိုမှုများ (One-on-one Chats)၊ အုပ်စုဖွဲ့စကားပြောဆိုမှုများ ( Group Chats)၊ Channels နှင့် Communities များအား အဆိုပါ စိတ်တိုင်းကျ ဖန်တီးနိုင်သည့် Folders များအောက်တွင် ခွဲခြားသိမ်းဆည်းသွားနိုင်မည် ဖြစ်သည်။ သို့သော် Hidden Chats၊ Viber Pay မှ စာတိုများနှင့် Businesses အစရှိသည့် စာတိုများကိုမူ အဆိုပါ Folders များတွင် သိမ်းဆည်းသွားနိုင်မည် မဟုတ်ပေ။ Image: Viber “ဒီနေ့ခေတ်မှာ စာတိုပေးပို့မှု Messaging

Read more