Galaxy AI အသစ်နဲ့အတူ စိတ်အာရုံတွေကို အမြင့်ဆုံးထိ ဆွဲခေါ်သွားနိုင်မယ့် Galaxy Unpacked July 2024: Galaxy AI is Here

 

Samsung Electronics ရဲ့ ထုတ်ကုန်အသစ်တွေကို မိတ်ဆက်ပေးသွားဖို့အတွက် Galaxy Unpacked July 2024 ကို ယဥ်ကျေးမှုတွေအပြည့်နဲ့ ခေတ်ရှေ့ပြေးနေတဲ့ ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်မှာ ကျင်းပပြုလုပ်သွားတော့မှာပါ။ Galaxy AI အသစ်ပါဝင်လာမယ့် Samsung ရဲ့ နောက်ဆုံးထွက် ထုတ်ကုန်သစ်တွေကို ဦးဦးဖျားဖျား တွေ့ကြုံခံစား နိုင်စေဖို့အတွက် Samsung.com, Samsung Newsroom နဲ့ Samsung’s YouTube channel တို့မှာ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးသွားမှာဖြစ်လို့ စိတ်ပါဝင်စားသူတွေအနေနဲ့ ဇူလိုင်လ၊ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့၊ မြန်မာစံတော်ချိန် ညနေ ၇း၃၀ မှာ စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ကြောင်းလည်း အသိပေးလိုပါတယ်။

 

Image: Samsung

Live ကို စောင့်မျှော်ကြည့်ရှုလိုသူတွေအတွက်  အောက်ပါ Link မှာ Register ပြုလုပ်လိုက်ရုံနဲ့ Galaxy Fit3၊ ငွေကျပ် ၁ သိန်းတန် e-voucher နဲ့ ငွေကျပ် ၅ သောင်းတန် ဖုန်းငွေဖြည့်ကတ် စတဲ့ ဆုလက်ဆောင်ပေါင်းများစွာကို ကံစမ်းရယူခွင့် ပေးသွားမှာလည်း ဖြစ်ပါတယ်။

Register Here – http://smsng.co/samsungunpacked-tech