သက်သာသောဟိုတယ်နှုန်းထားများဖြင့် ဘိုကင်ပြုလုပ်နိုင်သော Handler Myanmar OTA အက်ပလီကေးရှင်း

မြန်မာနိုင်ငံတစ်ဝန်းမှာရှိ ဟိုတယ်များကို အကောင်းဆုံး ဈေးနှုန်းသက်သက်သာသာနှင့် ရရှိအောင် ဝန်ဆောင်မှု ပေးနေသော Handle Myanmar OTA (Online Travel Agent) မှ ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေစွာ အသုံးပြုနိုင်စေရန် ဝက်ဘ်ဆိုဒ်နှင့် မိုဘိုင်း အက်ပလီကေးရှင်းကို ၂၀၂၀ ဇန်နဝါရီလ ၂၄ ရက်နေ့ Lotte Hotel တွင် စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။

Handle Myanmar Travel Booking App ကို ပြည်တွင်းကုမ္ပဏီဖြစ်သော Myantel မှ ဖန်တီးပြုလုပ်ထားခြင်း ဖြစ်ပြီး ဟိုတယ်ပိုင်ရှင်များနှင့် ခရီးသွားခြင်းအား ကြိုက်နှစ်သက်သောသူများအတွက် ဟိုတယ်ဘိုကင်ပြုလုပ်ရာတွင် ကြုံတွေ့ရလေ့ရှိသော အခက်အခဲများကို ဖြေရှင်းပေးနိုင်သည့် Application တစ်ခုအဖြစ် ဖန်တီးထားခြင်းဖြစ်ပါသည်။

Photo source – https://bit.ly/38ZSQni

Handle Myanmar သည် “ONE VISION and ONE DREAM” ဆိုသည့် မျှော်မှန်းချက်ဖြင့် ပြည်တွင်းခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်အတွက် သင့်တော်သော ဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်မည့် ဟိုတယ်ဘိုကင်ပြုလုပ်ခြင်း လုပ်ငန်းစဉ်ကို အလွယ်တစ်ခုဆောင်ရွက်နိုင်ရန် ထောက်ပံ့ပေးနိုင်မည့် ပလပ်ဖောင်းတစ်ခု ဖန်တီးရန် ရည်ရွယ်ထားရှိပါသည်။

“ကျွန်တော်တို့အနေနဲ့ ခရီးသွားသူအများစု ခရီးသွားခါနီး အလုပ်ရှုပ်ခံ ကြိုတင်ပြင်ဆင်နေရတဲ့ ကိစ္စမျိုးတွေ မရှိတော့အောင်ရယ် ခရီးသွားတဲ့အခါ လိုအပ်တဲ့အရာတွေကို ဈေးသက်သက်သာသာနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ရဲ့ အရည်အချင်းပြည့်ဝတဲ့ Handler team နဲ့ မိတ်ဖက်ပါတနာတွေသာမရှိခဲ့ရင် အခုလိုမျိုး အချိန်တိုလေး အတွင်းမှာ ဒီလိုကောင်းမွန်တဲ့ App မျိုးဖန်တီးနိုင်မှာ မဟတု်ပါဘူး။ အဲ့ဒီအတွက်ကြောင့် ဒီ App ဖြစ်လာဖို့ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့တဲ့သူ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ရှိပါတယ်။ ဆက်လက်ပြီးတော့ ကျွန်တော်တို့ဘက်က အားအင်အပြည့်ယုံကြည်ချက်အပြည့်နဲ့ ပြည်တွင်းခရီးသွားပြည်သူတွေအတွက် အကောင်းဆုံးဝန်ဆောင်မှုတွေ အသက်သာဆုံးဈေးနှုန်းတွေကို ယူဆောင်လာပေးမှာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ခရီးသွဦးလုပ်ငန်းကြီး ဒီထက်မပ ပိုပြီးတိုးတက်လာဖို့ကို ဆက်လက်လုပ်ဆောင်ကူညီသွားမှာပါ” ဟု Handler Myanmar ၏တည်ထောင်သူနှင့် CEO ဖြစ်သူ ကိုဓန မှ ပြောကြားခဲ့ပါသည်။

Handler အပ်ပလီကေးရှင်းကို iOS မှာသာမက Andriod ဖုန်းများတွင်ပါ ဒေါင်းလုတ်ဆွဲ၍ အသုံးပြုနိုင်မည်ဖြစ်ပြီး ဈေးကွက်အတွင်းရှိ အခြားသော အွန်လိုင်းခရီးသွားအေဂျင့်များ ၏ ဈေးနှုန်း ထက် ထက်ဝက်ခန့်အထိ သက်သာသော အကောင်းဆုံးဈေးနှုန်းများဖြင့် ဘိုကင်ပြုလုပ်နိုင်မည်ဖြစ်သည်။

Photo source – https://bit.ly/38ZSQni

လက်ရှိအချိန်တွင် Handler Myanmar မှ ‌မြို့နယ်ပေါင်း ၂၃ မြို့တွင် လွှမ်းခြုံထားပြီးဖြစ်၍ Hail အေးဂျင့် ဝန်ဆောင်မှု (မိနစ်သုံးဆယ်အတွင်း အကြောင်းပြန်ပေးသော ဝန်ဆောင်မှု) အား ထောက်ပံ့ပေးနိုင်သော ကိုယ်စားလှယ်ပေါင်း ၆၅၀ ကျော် နှင့် ‌Instant ဘိုကင်ဝန်ဆောင်မှု (ဘိုကင်ပြုလုပ်ပြီးသည်နှင့်တစ်ပြိုင်နက်အကြောင်း‌ပြန်ပေးမည့်ဝန်ဆောင်မှု) အား ထောက်ပံ့ပေးနိုင်သော ကိုယ်စားလှယ်‌ပေါင်း ၆၅ ခု တို့ဖြင့်ဝန်ဆောင်မှုပေးလျက်ရှိသည်။ နောင်များတွင်လည်း လေယာဉ်လက်မှတ်များကို ဘိုကင်ပြုလုပ်နိုင်သည့် ဝန်ဆောင်မှုများ နှင့်  ခရီးသွားကိုယ်စားလှယ်များအသုံးပြုနိုင်သည့် (ဝက်ဘ်ဆိုဒ်ဗားရှင်း နှင့် တက်ဘလက်ဗားရှင်း ဟူ၍ ဗားရှင်းနှစ်မျိုးဖြင့် ထောက်ပံ့ပေးမည့်) ဝန်ဆောင်မှုများကိုလည်း တိုးချဲ့ရန်အတွက် အကောင်အထည်ဖော်လျက်ရှိပါသည်။

Handler OTA (Online Travel Agent)  တွင် ခရီးသွားများအတွက် အထူးသဖြင့် မိမိတို့ကိုယ်ပိုင် အစီအစဉ်ဖြင့် သွားရောက်လည်ပတ်သူ (Free Independent Traveler)  များအတွက် များစွာသောကောင်းကျိုးများ ရရှိနိုင်မည်ဖြစ်ပြီး သုံးရလွယ်ကူစေမယ့် ပလပ်ဖောင်းတစ်ခုဖြစ်အောင် ဖန်တီးထားပါသည်။ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ ရွေးချယ်အသုံးပြုနိုင်ပြီး ဘိုကင်လုပ်နိုင်သည့် အခန်းလွတ်များကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးနိုင်သည့် အားသာချက်များ ပါဝင်သည်။ အသုံးပြုသူများအနေနှင့် အခန်းတွင်းပုံစံများကိုလည်း အသေးစိတ် ကြည့်ရှုနိုင်မည် ဖြစ်သည်။

Photo source – https://bit.ly/38ZSQni

ဟိုတယ်များသို့ တိုက်ရိုက်ဆက်သွယ်နိုင်ပြီဂ ငွေပေးချေနိုင်ရန်အတွက်  အွန်လိုင်း‌ငွေချေစနစ်ဖြင့်သာမက ငွေသားဖြင့်ပါ ပေးချေနိုင်မည် ဖြစ်သည်။ ငွေပေးချေရာတွင် မြန်မာကျပ်ငွေဖြင့်သာမက လူသုံးများသည့် Visa, Master, MPU, KBZPay, Wave Money နှင့် M-Pitesan တို့ဖြင့်ပါငွေပေးချေနိုင်မည့်အပြင် Grab & Go, ABC Stores, CityMart နှင့် Denko Mart စသည့်အရောင်းဆိုင်များတွင်လည်း ငွေပေးချေနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက အောက်ပါ Link များမှဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://bit.ly/38ZSQni

https://bit.ly/2SguKht