MPT က “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်” အစီအစဉ်မှ ဇူလိုင်လအတွက် ငွေသားဆု သိန်း ၁၀၀ ဆုရှင် (၁၀) ဦးကို ထုတ်ပြန်ကြေညာ

MPT-KSGM ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် MPT သည် ငွေသားကံစမ်းဆုလက်ဆောင်များ အပါအဝင် စိတ်လှုပ်ရှားဖွယ်ရာ ပရိုမိုးရှင်း အစီအစဉ်များကို ၂၀၂၄ ခုနှစ် ဇူလိုင်လ မှ စက်တင်ဘာလအတွင်း ပေးအပ်လျက်ရှိပြီး “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်”အစီအစဉ်မှ ဇူလိုင်လအတွက် ကံထူးရှင်များစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါသည်။

MPT က ဇူလိုင်လအတွက် စုစုပေါင်းငွေသားဆု သိန်း (၁,၀၀၀) တန်ဖိုးရှိသည့် ပထမဦးဆုံး ငွေသားဆု သိန်း (၁၀၀) ဆုရှင် (၁၀) ဦး ကို  MPT ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်  ဩဂုတ်လ (၂)ရက်  တွင် တိုက်ရိုက်ထုတ်လွှင့် ရွေးချယ်ခဲ့ပြီးဖြစ်ပါသည်။

ကံထူးရှင်များစာရင်းကို MPT ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာများတွင် ဩဂုတ်လ (၂)ရက် နေ့က ဖော်ပြပေးခဲ့ပြီး ၎င်းတို့၏ ငွေသားဆုလက်ဆောင်များ ထုတ်ယူနိုင်ရန်အတွက် MPT မှ ကံထူးရှင်များကိုတိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။  ယခု “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်”ငွေသားကံစမ်းမဲ အစီအစဉ်သည်  MPT သုံးစွဲသူများအား စိတ်ကျေနပ်ပျော်ရွှင်မှု ပေးနိုင်မည်ဟု  မျှော်လင့်မိပါသည်။

Image: MPT

သုံးစွဲသူများအနေဖြင့် သြဂုတ်လ နှင့် စက်တင်ဘာလတို့တွင် ကျန်ရှိနေသေးသည့် အထူးဆု ကျပ် သိန်း(၁,၀၀၀)ဆု (၁) ဆု၊ လစဉ်တိုင်းအတွက် ကျပ် သိန်း (၁၀၀) ဆု (၁၀) ဆု နှင့် အခြားကံထူးဆုများကို ရရှိခံစားနိုင်ရန်အတွက်  မိမိ ကြိုက်နှစ်သက်ရာ ချန်နယ်လ်မှ တစ်ဆင့် ကြိုက်နှစ်သက်ရာ ပက်ကေ့ချ်များကို (စာတို၊ အသံ၊ ဒေတာ၊ ထပ်ဆောင်း ဝန်ဆောင်မှု စသဖြင့်) ဝယ်ယူခြင်းဖြင့် “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်”အစီအစဉ်တွင် ပါဝင်ကြရန်တိုက်တွန်း လိုက်ရပါသည်။

ထို့အပြင် ၁,၀၀၀ ကျပ်ဖြင့် ဒေတာအသုံးပြုမှုအားလုံးအတွက် 10GB ဒေတာ (သက်တမ်း ၃ ရက်) ရရှိနိုင်မည့် MPT၏ ၁၀ နှစ်ပြည့် ဒေတာပက်ကေ့ချ်များကို ပေးအပ်လျက်ရှိပြီး အသေးစိတ်အချက်အလက်ကို https://rb.gy/s221du တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

MPT သည် သုံးစွဲသူများအား စိတ်ကျေနပ်မှု နှင့် ပျော်ရွှင်မှုအပြည့်အဝပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT ၏ “(၁၀)နှစ်ပြည့်ဝယ်ငွေထုပ်ပိုက်မယ်”  အစီအစဉ်နှင့် အထူးပရိုမိုးရှင်းများအကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://mpt.com.mm/mm/mpt-10th-year-promotion/  သို့ ဝင်ရောက်လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။