MPT က MPT-KSGM ပူးပေါင်းဆောင်ရွက်မှု၏ (၁၀) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စိတ်ဝင်စားဖွယ် ပရိုမိုးရှင်းအစီအစဉ်များ၊ ဝန်ထမ်းလှုပ်ရှားမှုများ၊ လူမှုအသိုက်အဝန်းသို့ အထောက်အပံ့ပြုမှုများဖြင့် အောင်မြင်စွာ ကျင်းပ

MPT က MPT-KSGM ပူးပေါင်းဆောင်ရွက်မှု၏ ၁၀ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို အောင်မြင်စွာကျင်းပပြီး (၁၀) နှစ်တာကာလအတွင်း မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍတွင်  အထင်ကရ တိုးတက်မှုများနှင့် ဆန်းသစ်တီထွင်မှုများတွင် ဦးဆောင်ပါဝင်ခဲ့ပါသည်။ ယခုလို (၁၀) နှစ်ပြည့် အထိမ်းအမှတ် ဒီအခမ်းအနားကို  နိုင်ငံတစ်ဝန်းရှိ  MPT အသုံးပြုသူများအတွက် အထူးကံစမ်းမဲ အစီအစဉ်များ၊ ဝန်ထမ်းများပါဝင်သည့် လှုပ်ရှားမှုများ၊ လူမှုအသိုက်အဝန်းသို့ အထောက်အပံ့ပြုမှု အစီအစဉ် များဖြင့် ကျင်းပခဲ့သည်။ ယခုလို ၁၀ နှစ်တာခရီးလမ်းအတွင်း MPT ၏ ဝန်ဆောင်မှုကို ယုံကြည်စွာ အသုံးပြုနေသည့် သုံးစွဲသူများ၊ မိမိတို့၏ဝန်ထမ်းများနှင့် တန်ဖိုးထားရသော မိတ်ဖက်အဖွဲ့အစည်းများကို များစွာ ကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန်လိုက်ပါသည်။
Image: MPT
ယခုလို (၁၀) နှစ်ပြည့် အထိမ်းအမှတ်နှင့်အတူ MPT က စိတ်လှုပ်ရှားဖွယ် ကံစမ်းမဲအစီအစဉ်များကိုလည်း မိတ်ဆက်ခဲ့ကာ သုံးစွဲသူများအတွက် စိတ်လှူပ်ရှားဖွယ် ဆုများလည်းပေးအပ်ခဲ့ပါသည်။ အဆိုပါ “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်” အစီအစဉ်တွင် နိုင်ငံတစ်ဝန်းရှိ MPT အသုံးပြုသူများအနေဖြင့် အထူးဆုအဖြစ် ကျပ် သိန်း (၁,၀၀၀) ဆုရှင် ၁ ဦး အပြင် သိန်း (၁၀၀) ဆုရှင် (၁၀) ဦး ကို လာမည့် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ဆက်လက် ရွေးချယ်ရန်ကျန်ရှိနေပြီး ငွေသားဆုများရရှိနိုင်ရန် အခွင့်အလမ်းများ ရယူနိုင်ကြမည်ဖြစ်သည်။  ယခုအစီအစဉ်တွင် ပါဝင်ရန်အတွက် ကြိုက်နှစ်သက်ရာ ချန်နယ်လ်မှ တစ်ဆင့် ကြိုက်နှစ်သက်ရာ ပက်ကေ့ချ် များကို (စာတို၊ အသံ၊ ဒေတာ၊ ထပ်ဆောင်း ဝန်ဆောင်မှု စသဖြင့်) ဝယ်ယူခြင်းဖြင့် လွယ်ကူစွာ ပါဝင်နိုင်ပါသည်။
MPT ၏ ယခုလိုအောင်မြင်မှုမှာ ဝန်ထမ်းများ၏ အားထုတ်ကြိုးပမ်းမှုများကြောင့်ဖြစ်ကာ ဝန်ထမ်းများ၏ ဆောင်ရွက်ချက်များကို လေးစားအသိအမှတ်ပြုသည့်အနေဖြင့် ပိုမို ကောင်းမွန်သည့် ချိတ်ဆက်ဆောင်ရွက်မှု ဖြစ်စေရန်အတွက် ရုံးတွင်း လှုပ်ရှားမှုအစီအစဉ်များကို စီစဉ်ထားပါသည်။ အဆိုပါအစီအစဉ်များမှာ-
၁။ လွန်ခဲ့သည့် ၁၀ နှစ်တာကာလအတွင်း ဝန်ထမ်းများ၏ အတွေ့အကြုံများနှင့် အမှတ်တရများကို မျှဝေ နိုင်မည့်” Our Journey, Our Stories”  ကဏ္ဍ၊
၂။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အနာဂတ်အခန်းကဏ္ဍတွင် ဆန်းသစ်တီထွင်မှုနှင့် ဖြေရှင်းချက်များအတွက် အတွက် ယှဉ်ပြိုင်ရသည့်  “ Innovation Challenges”  အစီအစဉ်နှင့်
၃။ လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်များတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ပြီး လူ့မှုအသိုက်အဝန်းအတွက် အပြောင်းအလဲများကို ဖော်ဆောင်ရာတွင် MPT ဝန်ထမ်းများကိုယ်တိုင်တက်ကြွစွာပါဝင်ခြင်း အစီအစဉ် စသည့်  ဝန်ထမ်းများ၏ လှုပ်ရှားမှုများ ပါဝင်သည်။
Image: MPT
MPT သည် ၎င်းဝန်ဆောင်မှုပေးစွမ်းနေသည့် လူမှုအသိုက်အဝန်းကို  အထောက်အပံ့ပြုဆောင်ရွက်ရန်အတွက် အလေးထား ဆောင်ရွက်နေသည့်နှင့်အညီ ယခုလို (၁၀) နှစ်ပြည့်အစီအစဉ်တွင်လည်း အထောက်အပံ့ပြုမှုများကို ဆောင်ရွက်ခဲ့ပါသည်။ MPT အနေဖြင့် ရေဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်နိုင်စေရေးအတွက် လှူဒါန်းမှုများ၊ စေတနာ့ဝန်ထမ်းဆောင်ရွက်မှုများ နှင့် လိုအပ်သည့်ဆက်သွယ်ရေးအထောက်အပံ့များကို အလေးထားဆောင်ရွက်ခဲ့ပါသည်။ ဝန်ထမ်းများအနေဖြင့်လည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး(အရှေ့)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း) တိုတွင် ကိုယ်တိုင်ပါဝင်ကာ လိုအပ်သည့် အစားအစာများ,  အဝတ်အစား၊ ဆေးဝါး၊ အခြားအကူအညီများကို အထောက်အပံ့ပြုဆောင်ရွက်ပေးခဲ့ပါသည်။
MPT က ယခုလို ဆောင်ရွက်ဆဲ အစီအစဉ်များနှင့်အတူ နိုင်ငံတစ်ဝန်းရှိ လူမှုအဖွဲ့အစည်များကို ဆက်လက်ပြီး အထောက်အပံ့ပြု တိုးတက် ဆောင်ရွက်နေကာ သုံးစွဲသူများနှင့် ဝန်ထမ်းများ၏ ဘဝများကို မြှင့်တင်ပေးစွမ်းသွား မည်ဖြစ်ကြောင်းကိုလည်း ထပ်လောင်းအတည်ပြုလိုက်ရပါသည်။
Image: MPT
MPT-KSGM ပူးပေါင်း  ဆောင်ရွက်မှု၏ Co-CEO ဖြစ်သော Mr. Kazuhiko Masuda က “ အခုလဟာ MPT-KSGM ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အခါသမယအတွက် မှတ်တိုင်တစ်ခုပဲဖြစ်ပြီး   ယုံကြည်စိတ်ချရတဲ့  ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို မြန်မာနိုင်ငံတစ်ဝန်းက သုံးစွဲသူပေါင်း သန်း(၂၀) ကျော်ထံကိုဆောင်ကျဉ်း ပေးစွမ်းခဲ့တာ (၁၀) နှစ်တာကာလကိုရောက်ရှိခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ အခုခရီးလမ်းဟာ ကျွန်တော်တို့ကို စိတ်ချယုံကြည်စွာနဲ့အသုံးပြုခဲ့တဲ့ သုံးစွဲသူတွေနဲ့ ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေရဲ့ ကြိုးပမ်းအားထုတ် ဆောင်ရွက်မှု တွေကြောင့် အောင်မြင်စွာ ဖြတ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။  ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန် နိုင်ဖို့အတွက် စိတ်လှုပ်ရှားစရာ ပရိုမိုးရှင်းအစီအစဉ်တွေနဲ့ ဝန်ထမ်းတွေပါဝင်လှုပ်ရှားနိုင်တဲ့အစီအစဉ်တွေကို စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။ အနာဂတ်မှာလည်း  ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို ထိထိရောက်ရောက် ပေးအပ်နိုင်စေဖို့နဲ့ လူမှုအသိုက်အဝန်းတွေကို  ပိုမိုအထောက်အပံ့ပြုဆောင်ရွက်နိုင်ဖို့  ကတိထား လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
MPT သည် လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်မှစ၍  အကြီးမားဆုံးသော ဆက်သွယ်ရေးကွန်ရက်ကို ထူထောင်ခြင်း၊ 5G နည်းပညာကို မိတ်ဆက်ခြင်း နှင့် eSIM ဝန်ဆောင်မှုကို စတင်ခြင်းတို့အပါအဝင်  အထူးဝန်ဆောင်မှုများကို မိတ်ဆက်ခဲ့ကာ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍတွင် စဉ်ဆက်မပြတ်တိုးတက်မှုများကိုလုပ်ဆောင်ခဲ့ကာ MPT ၏ ဝန်ထမ်းပေါင်း ၇,၀၀၀ ကျော်၏ စွမ်းအားဖြင့် ယခုလိုထူးခြားသည့်မှတ်တိုင်များကို ထူထောင်နိုင်ခဲ့ကာ MPT ကို မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ဦးဆောင်သူအဖြစ် ဖော်ဆောင်နိုင်ခဲ့သည်။
Image: MPT
ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာဖြစ်သူ MPT သည် တာဝန်သိလူမှုအကျိုးပြုလုပ်ငန်း (CSR) များကို ပညာရေး၊ ကျန်းမာရေးနှင့် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းငယ်များသို့ အထောက်အပံ့ပြုဆောင်ရွက်နေပြီး ယနေ့အချိန်အထိ မြန်မာကျပ်ငွေ ၂၆ ဘီလီယံကျော် သုံးစွဲလုပ်ဆောင်ခဲ့ပြီးဖြစ်ပါသည်။  နိုင်ငံတစ်ဝန်းရှိ ဝန်ထမ်းပေါင်း ၇,၀၀၀ ကျော်၏ စွမ်းအားဖြင့် အဆိုပါမှတ်တိုင်များကို စိုက်ထူနိုင်ခြင်းနှင့်အတူ  MPT သည် လူမှုအကျိုးပြု လုပ်ငန်းများကိုသာမက မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍကို တိုးတက်ရေးအတွက်လည်း အလေးအနက်ထား ဆောင်ရွက်နေပါသည်။  ရှေ့ဆက်ပြီးလည်း MPT အနေဖြင့် ဆန်းသစ်သည့်ထုတ်ကုန်များ၊ သုံးစွဲသူဝန်ဆောင်မှုပေးအပ်နိုင်ရန် စုံလင်သည့်နည်းလမ်းများနှင့် ခိုင်မာသည့်ကွန်ရက်တို့ဖြင့် သုံးစွဲသူပေါင်း သန်း ၂၀ ကျော်အတွက် ဒီဂျစ်တယ် အတွေ့အကြုံသစ်များကို တိုးတက်ရရှိနိုင်စေရန်အတွက်ဆောင်ရွက်လျက်ရှိပါသည်။ နောင်အနာဂတ်နှစ်ပေါင်းများစွာတွင်လည်း “ရှေ့သို့လှမ်းချီမြန်မာပြည်”ဟူသည့်  ဆောင်ပုဒ်အတိုင်း နည်းပညာနှင့် လူမှုအဆင့်အတန်းတိုးတက်စေရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်သည်။