MPT ၏ Live Chatbot ဝန်ဆောင်မှုများကို စတင်မိတ်ဆက်

MPT သည် ၎င်း၏ နိုင်ငံတစ်ဝန်းရှိ 2G, 3G နှင့် 4G/ LTE ကို အသုံးပြု၍ သုံးစွဲသူများ၏ နေ့စဉ် ဆက်သွယ်ရေး လိုအပ်ချက်များကို ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် MPT4U အက်ပလီကေးရှင်း နှင့် တရားဝင် ဝက်ဘ်ဆိုက်စာမျက်နှာတို့တွင် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးမည့် Live Chatbot ဝန်ဆောင်မှုဖြစ်သည့် တူတူChat နှင့် အလိုအလျောက် အပြန်အလှန် ဖြေကြားပေးသည့် IVR စနစ်များကို ဆောင်ရွက်ထားပြီး ဖြစ်ကြောင်းသိရသည်။
ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် မြန်မာပြည်သူ ပြည်သားများအတွက် အကောင်းဆုံး ဝန်ဆောင်မှုများကို ပေးစွမ်းရန် ရည်ရွယ်ချက်ဖြင့် မရှိမဖြစ် လိုအပ်သည့် တယ်လီကွန်း ဆက်သွယ်ရေး ဝန်ဆောင်မှု များကို ဆန်းသစ်တီထွင်မှုနှင့်အတူ မိမိတို့၏ သန္နိဌာန်ဖြစ်သော “အတူလက်တွဲ အမြဲရှိမည် MPT” ဟူသည့် ဆောင်ပုဒ်ဖြင့် အတူလက်တွဲ၍ စုပေါင်းစွမ်းအားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပါသည်။

Photo Source https://mpt.com.mm

တူတူChat ဟု အမည်ပေးထားသည့် MPT ၏ တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Live Chatbot ဝန်ဆောင်မှုဖြင့် သုံးစွဲသူများသည် အမျိုးမျိုးသော ဝန်ဆောင်မှုများဖြစ်သည့် ဒေတာနှင့် အသံပက်ကေ့ချ်များ၊ အထူးကမ်းလှမ်းချက်များ ဝယ်ယူခြင်း၊ ထပ်ဆောင်းဝန်ဆောင်မှုများ (VAS) ပယ်ဖျက်ခြင်း၊ လက်ကျန်ဖုန်းဘေလ် စစ်ဆေးခြင်းများအပြင် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ၊ MPT Club ဝန်ဆောင်မှုများ နှင့် MPT ၏ ပရိုမိုးရှင်းများကို အချိန်မရွေး စုံစမ်းမေးမြန်း အသုံးပြုနိုင်သည်။
Chatbot ဝန်ဆောင်မှုများသည် သုံးစွဲသူများအား မိုဘိုင်းလ် ဝန်ဆောင်မှုများသာမက အိမ်သုံးဖိုင်ဘာ အင်တာနက် (FTTH) နှင့် စီးပွားရေး လုပ်ငန်း(B2B)သုံး ဝန်ဆောင်မှုများအတွက် လိုအပ်သော အချက်အလက်များကိုပါ ပံ့ပိုးပေးနိုင်ရန် ကူညီပေးပါသည်။ အဆိုပါဝန်ဆောင်မှုများအပြင် MPT ၏ သုံးစွဲသူ ဝန်ဆောင်မှု ဌာနသည် သုံးစွဲသူများ အဆင်ပြေ ချောမွေ့စေရန်အတွက် တူညီသောလမ်းကြောင်းဖြင့် သုံးစွဲသူများကို အကောင်းဆုံး ကူညီပေးသွားမည် ဖြစ်သည်။