နိုင်ငံတစ်ဝန်းမှ MPT သုံးစွဲသူများ MPT ၏ “နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” ကံစမ်းမဲအစီအစဉ်တွင် ပါဝင်နိုင်
MPT သည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများသို့ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများနှင့် ဆုလက်ဆောင်များပေးအပ်ရန်ဆိုသည့် ကတိကဝတ်ဖြင့် မြန်မာနှစ်သစ်တွင် “နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” ကံစမ်းမဲအစီအစဉ်ကို ဂုဏ်ယူစွာ မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ မကြာသေးမီက ဆောင်ရွက်ခဲ့သော ငွေသားဆုလက်ဆောင်များ ကံစမ်းပေးအပ်သည့် ကံထူးပျော်ရွှင်ဆုများစုံလင် အစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးသည့်နောက် MPT သည် နိုင်ငံတစ်ဝန်းရှိ ၎င်း၏ သုံးစွဲသူများအတွက် ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းသော ဆုလက်ဆောင်များ ပါဝင်သည့် “နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” ကံစမ်းမဲ အစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ မတ်လ (၁၁) ရက်မှ မေလ (၃၁) ရက်ထိ ထပ်မံယူဆောင်လာပြီ ဖြစ်ပါသည်။
ယခု “နှစ်သစ်မင်္ဂလာသိန်းထောင့်ငါးရာ” ကံစမ်းမဲအစီအစဉ်သည် စုစုပေါင်း ငွေသားဆု ကျပ်သိန်း (၁,၅၀၀) ဆုကြီးဖြစ်ပြီး အထူးဆု ငွေသားဆု ကျပ်သိန်း (၁,၀၀၀) ဆု (၁) ဆုနှင့် သိန်း (၁၀၀) ဆု (၅) ဆု တို့ ပါဝင်မည်ဖြစ်သည်။
အဆိုပါ ကံစမ်းမဲ အစီအစဉ်တွင် တစ်ပတ်လျှင် တယ်လီကွန်းဆု ကံထူးရှင် (၂၀) ဦးကို ဆုများပေးအပ်သွားမည်ဖြစ်ကာ-100 GB ဒေတာ (သက်တမ်း- ရက် ၆၀) → တစ်ပတ်လျှင် ကံထူးရှင် (၁၀)ဦး၊ ပြန်အမ်းငွေ ၁ သိန်းကျပ် (ဒေတာ၊ MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့မှုတို့အတွက် သက်တမ်း ရက် ၆၀) → တစ်ပတ်လျှင် ကံထူးရှင် (၁၀)ဦးကိုလည်း ပေးအပ်သွားမည် ဖြစ်ပါသည်။

MPT သုံးစွဲသူများသည် အဆိုပါ ပရိုမိုးရှင်းတွင် လွယ်ကူစွာ ပါဝင်နိုင်ပါသည်။ MPT ၏ ဝန်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် မည်သည့်နည်းလမ်းဖြင့်မဆို ကြိုက်နှစ်သက်ရာ ပက်ကေ့ချ် (စာတို၊ ဖုန်းခေါ်ဆိုမှု၊ ဒေတာ၊ ထပ်ဆောင်းဝန်ဆောင်မှုများ အစရှိသည်)တို့ကို လွယ်ကူစွာ ဝယ်ယူပြီး ကံထူးဆုများကို ကံထူးနိုင်မည့် ကံထူးလက်မှတ်များကို ရရှိမည် ဖြစ်ပါသည်။ ကံထူးလက်မှတ်များ များများ စုဆောင်းနိုင်လေ ကံထူးနိုင်ရန် အခွင့်အရေး ရရှိလေ ဖြစ်ပါသည်။
ထို့အပြင် MPT ၏ Special Flash ပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်ရန်အတွက် လစဉ်လတိုင်း၏ (၅) ရက်၊ (၁၅) ရက်နှင့် (၂၅) ရက်တွင် မည်သည့်နည်းလမ်းဖြင့်မဆို အနည်းဆုံး (၁,၀၀၀) ကျပ် ငွေဖြည့်သွင်းသည့် သုံးစွဲသူများအနေဖြင့်
- အထူးကံစမ်းမဲ အစီအစဉ်၏ ဆုလက်ဆောင်များ ကံထူးခွင့်လက်မှတ် (၅) စောင်
- 25 GB အထိ ဒေတာ (ဒေတာအသုံးပြုမှုအားလုံးအတွက် သက်တမ်း (၅) ရက်)
- MPT Club ပွိုင့် ၂၀၀ အထိ အထူးခံစားခွင့်များကို ရရှိနိုင်မည် ဖြစ်ပါသည်။
အထူးခံစားခွင့်များကို ရရှိရန်အတွက် သုံးစွဲသူများသည် *5555# မှတစ်ဆင့် အခမဲ့ဖြင့် Special Flash ပရိုမိုးရှင်းအစီအစဉ်တွင် စာရင်းသွင်းရန်လိုအပ်ပါသည်။
MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Yoshinori YAGI က “မကြာသေးခင်က ဆောင်ရွက်ခဲ့တဲ့ ကံစမ်းမဲအစီအစဉ်မှာ စိတ်အားထက်သန်စွာနဲ့ ပါဝင်ခဲ့ ကြတာကြောင့် ကျွန်တော်တို့အနေနဲ့ မြန်မာနှစ်သစ်မှာ နိုင်ငံတစ်ဝန်းက သုံးစွဲသူတွအတွက် ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှား မှုတွေ ပိုမို ယူဆောင်လာပေးမယ့် “နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” အစီအစဉ်ကို ဝမ်းမြောက်စွာနဲ့ မိတ်ဆက်လိုက်ရပါတယ်။ ဒီအစီအစဉ်က မိမိကြိုက်နှစ်သက်တဲ့ နည်းလမ်းကို အသုံးပြုပြီး ကြိုက်နှစ်သစ်တဲ့ ပက်ကေ့ချ်တွေကို ဝယ်ယူပြီး ဘယ်သူမဆို လွယ်ကူရိုးရှင်းစွာနဲ့ ပါဝင်နိုင်ဖို့ ဆောင်ရွက်ထားတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တန်ဖိုးရှိတဲ့ သုံးစွဲသူတွေ ဒီအခွင့်အရေးကို အရယူဖို့ ဖိတ်ခေါ်လိုပြီး နှစ်သစ်မှာ ကြွယ်ဝချမ်းသာ အောင်မြင်ပြီး ပျော်ရွှင်မှုတွေနဲ့ ပြည့်စုံတဲ့နှစ်တစ်နှစ် ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော MPT သည် “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဟူသည့် ကတိကဝတ်နှင့်အညီ သုံးစွဲသူများ၏ နေ့စဉ်လူနေမှုဘဝများ ပိုမိုကောင်းမွန်လာစေရန်အတွက် အဆင်ပြေလွယ်ကူသော ဝန်ဆောင်မှုများပေးအပ်ရန် စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီ တိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT ၏ “နှစ်သစ်မင်္ဂလာ သိန်း ၁၅၀၀” အစီအစဉ် နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို MPT ၏ တရားဝင် ဝက်ဘ်ဆိုက် https://mpt.com.mm/mm/mpt-newyear-1500-promotion-3/ သို့ ဝင်ရောက် ကြည့်ရှုနိုင်မည် ဖြစ်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။