အူရီဒူးမြန်မာက Gameverse – Mission 2024 ပြိင်ပွဲများကို ကြီးကျယ်ခမ်းနား အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့

အူရီဒူးမြန်မာသည် ဇွန် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် သုဝဏ္ဏ အမျိုးသားမိုးလုံလေလုံ အားကစားကွင်း၌ Gameverse – Mission 2024 Main Event ပြိုင်ပွဲများကို စိတ်ဝင်စားဖွယ် အစီအစဉ်များနှင့် အတူ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံ eSports သမိုင်းတွင် 3rd Party မှကျင်းပသည့် ဆုကြေးငွေ အမြင့်ဆုံးပေးအပ်သော ဂိမ်းပြိုင်ပွဲကြီးတစ်ခုဖြစ်ခဲ့သည့်အပြင် ပါဝင်ခဲ့ကြသည့် ဂိမ်းဝါသနာရှင်များနှင့် လာရောက်ကြည့်ရှုသူများအတွက်  ခမ်းနားသော အပြင်အဆင်များ၊ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသော ​ပွဲစဉ်များ၊ စွဲမက်ဖွယ်အတွေ့အကြုံများနှင့် စိတ်လှုပ်ရှားမှုများစွာကို ဖြစ်ပေါ်စေခဲ့ပါသည်။​

Image: ooredoo
Gameverse – Mission 2024 တွင် အမျိုးသားနှင့် အမျိုးသမီးစုစုပေါင်း ၂၄၁ သင်းဖြင့် စံချိန်တင် ပါဝင်ခဲ့ကြပြီး နိုင်ငံအတွင်း 3rd Party မှ ကျင်းပသည့် Mobile Legends ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်အသင်းများ အများဆုံးပါဝင်သည့်ပွဲအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ Gameverse – Mission 2024 Main Event သည် ရက်သတ္တပတ်များစွာ ပြိုင်ဆိုင်မှု ပြင်းထန်သော အွန်လိုင်း ပြိုင်ပွဲများအပြီးမှာ ပရိသတ် စိတ်ဝင်စားမှု အမြင့်ဆုံး Event ဖြစ်လာခဲ့ပြီး တက်ရောက်သူဦးရေ စုစုပေါင်း ၁၂,၀၀၀ ကျော်နှင့် အွန်လိုင်းမှပွဲစဉ်များကြည့်ရှုသူ ၁,၄၀၀,၀၀၀ ကျော်ဖြင့် စံချိန်တင်ခဲ့သည် ။ Gameverse – Mission 2024 Main Event တွင် ပြိုင်ပွဲဝင်ထိပ်တန်းအသင်းများ၏ ပြင်းထန်သောယှဉ်ပြိုင်မှုများက ပရိသတ်များကို ရင်သပ်ရှုမောအံ့အားသင့်စေခဲ့သည်။ အူရီဒူးမြန်မာအနေဖြင့် အနိုင်ရရှိသော အသင်းများကို ဝမ်းမြောက်စွာ ဂုဏ်ပြုအပ်ပါသည်။

အမျိုးသားချန်ပီယံအသင်း                     – AI Esports

အမျိုးသမီးအသင်းချန်ပီယံအသင်း         – NET Angels

Image: ooredoo

Gameverse – Mission 2024 ၏ အမျိုးသားအသင်း ချန်ပီယံဖြစ်သည့် AI Esports အဖွဲ့က “ကျွန်တော်တို့ AI Esports က ပရိသတ်တွေအတွက် ချန်ပီယံဆုကို ယူပေးနိုင်ခဲ့လို့ အတိုင်းမသိဝမ်းသာပါတယ်။ ယခုလို မြန်မာနိုင်ငံမှာ  3rd Party တွေကနေ ကျင်းပတဲ့ ပွဲမှာ ဆုကြေးငွေ အမြင့်ဆုံး ပွဲကြီးကို ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ကျင်းပပေးခဲ့တဲ့ အူရီဒူးမြန်မာကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ နောက်လာမယ့် ပြိုင်ပွဲတွေမှာလည်း အကောင်းဆုံးပုံစံတွေနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်လို့ ပရိသတ်ကြီးကိုလည်း စောင့်မျှော်အားပေးစေချင်ပါတယ်။ အားပေးကြတဲ့ ပရိသတ်တစ်ဦးချင်းစီကိုလည်း ကျေးဇူးအထူးတင်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

အမျိုးသမီးအသင်း Champion ဖြစ်သည့် NET Angels အဖွဲ့က “eSports လူငယ်အသိုင်းအဝိုင်းကို ပံ့ပိုးမြှင့်တင်ပေးတဲ့ အူရီဒူးမြန်မာနှင့်တကွ ပရိသတ် တစ်​ယောက်ချင်းစီတိုင်းကို ကျွန်မတို့ NET Angels အသင်းကနေ များစွာကျေးဇူးတင်ပါတယ်။ လာမယ့် ပြိုင်ပွဲတိုင်းကိုလည်း ပုံစံကောင်းတွေပြသပြီး ပရိတ်သတ်တွေရင်ထဲ ရသတစ်ခုခုပေးနိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားသွားမှာပါ။” ဟု ပြောကြားခဲ့ပါသည်။

Image: ooredoo

Gameverse – Mission 2024 သည် မြန်မာနိုင်ငံရှိ ဂိမ်းနယ်ပယ်မှ လူမှုအသိုင်းအဝိုင်းများအတွက် ပံ့ပိုးမြှင့်တင်ပေးလိုသည့် အူရီဒူးမြန်မာ၏ လုပ်ဆောင်ချက်ကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ eSports သမိုင်းတွင် 3rd Party မှ ကျင်းပသည့် ပြိုင်ပွဲများတွင် ဆုကြေးအများဆုံး ပေးအပ်ခဲ့သည့် ပြိင်ပွဲဖြစ်ပြီး စုစုပေါင်း သိန်း ၇၀၀ ကျပ် ပေးအပ်ခဲ့ကာ အမျိုးသားအသင်းများအတွက် စုစုပေါင်းဆုကြေးငွေ ကျပ်သိန်း ၅၀၀ နှင့် အမျိုးသမီးအသင်းများအတွက် စုစုပေါင်း ဆုကြေးငွေ ကျပ်သိန်း ၂၀၀ ကျပ်စီ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အူရီဒူးမြန်မာ၏ Gameverse – Mission 2024 သည် စိတ်လှုပ်ရှားဖွယ် အစီအစဥ်ပေါင်းများစွာနှင့်အတူ လာရောက်အားပေး ကြည့်ရှုသူများအတွက်လည်း အမှတ်ရစေမည့် အတွေ့အကြုံများစွာ ဖန်တီးပေးနိုင်ခဲ့ပါသည်။​   ​

“Gameverse – Mission 2024 Main Event ဟာ မြန်မာနိုင်ငံမှာရှိတဲ့ Gaming Community အတွက် ကျွန်တော်တို့ရဲ့ မယိမ်းယိုင်တဲ့ ပံ့ပိုးအားပေးမှုကို သက်သေပြလိုက်တာပဲဖြစ်ပါတယ်။​ မယုံကြည်နိုင်လောက်တဲ့ စိတ်အားထက်သန်မှုတွေနဲ့ ပါဝင်မှုတွေဟာ တကယ်ကိုရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းပါတယ်။​ အူရီဒူးမြန်မာကနေ အနိုင်ရရှိတဲ့ အဖွဲ့အားလုံးကို ဂုဏ်ပြုအပ်ပါတယ်။​ ဒီပွဲရဲ့ အောင်မြင်မှုအတွက် ပါဝင်ပံ့ပိုးပေးသူ တစ်ဦးချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်။​ အူရီဒူးမြန်မာအနေနဲ့ မြန်မာနိုင်ငံရဲ့ eSports ကဏ္ဍကို ဆက်လက်ပံ့ပိုးပေးသွားဖို့နဲ့ နိုင်ငံတွင်းမှာရှိတဲ့ eSports ဝါဿနာရှင်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ အခွင့်အလမ်းတွေ သယ်ဆောင်လာဖို့ကိုလည်း ကြိုးစားသွားပါမယ်” ဟု အူရီဒူးမြန်မာ၏  Chief Commercial Officer ဖြစ်သူ Mr. Eduardo Quiroga က ပြောကြားခဲ့ပါသည်။

Image: ooredoo

Mr. Eduardo က ဆက်လက်၍ “ဒါအပြင် ဂိမ်းဝါသနာရှင်တွေအတွက် နှစ်သက်သဘောကျစေမယ့် Gameverse Portal ကြီးကို Ooredoo SuperApp မှာ မိတ်ဆက်နိုင်ခဲ့တဲ့အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဂိမ်းနယ်ပယ်ဝါဿနာတူတွေနဲ့ ချိတ်ဆက်နိုင်ဖို့နဲ့ ဂိမ်းလောကရဲ့ နောက်ဆုံးအချက်အလတ်တွေကို သိရှိနိုင်ဖို့အတွက် ဒီ Gameverse Portal ထဲကို ဝင်ရောက်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။” ဟု ဖြည့်စွတ်ပြောကြားခဲ့ပါသည်။

Main Event အတွင်း အူရီဒူးမြန်မာအနေဖြင့် အောက်ဖော်ပြပါ စိတ်လှုပ်ရှားဖွယ်ရာ Features များနှင့်အတူ Ooredoo SuperApp မှာ Gameverse Portal ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

Image: ooredoo

  • PUGBClash of Clans နှင့် အခြားနာမည်ကြီးဂိမ်းများ တိုက်ရိုက်ဝယ်ယူမှု – နာမည်ကြီး eSport ဂိမ်းအားလုံးအတွက် အူရီဒူးဖုန်းဘီလ်ဖြင့် တိုက်ရိုက်ဝယ်ယူနိုင်ပါသည်။
  • eSportsပြိုင်ပွဲများ – ပြိုင်ပွဲများအား တိုက်ရိုက်ထုတ်လွှင့်ခြင်း၊ ပြိုင်ပွဲဆိုင်ရာ သတင်းအချက်အလက်များနှင့် ပြိုင်ပွဲစာရင်းသွင်းခြင်း features များ ပါဝင်မှာဖြစ်ပါသည်။
  • ပေါ့ပေါ့ပါးပါးဆော့နိုင်သော ဂိမ်းများ– Ocade၊ Game City စသော နာမည်ကြီးဂိမ်းတစ်ခုခြင်းစီကို Portal တစ်ခုထဲအောက်ထဲတွင် စုံလင်စွာ ကစားနိုင်မည်ဖြစ်ပါသည်။

ဂိမ်းကစားခြင်းကို ကြိုက်နှစ်သက်သူများအတွက် Ooredoo SuperApp တွင် ရှယ်ပလေး ဂိမ်းအစီအစဉ်များစွာကို ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။ ၎င်းပက်ကေ့ချ်များတွင် Mobile Legends၊ PUBG Mobile စသည့် ဂိမ်းတို့ကို ဒေတာသက်သာစွာဖြင့် ဆော့ကစားနိုင်ရန် အထူးနှုန်းထားများ ပါဝင်ပါသည်။ ထို့ပြင် မကြားသေးမီက Honor of Kings ဂိမ်းကိုလည်း ရှယ်ပလေး ပက်ကေ့ချ်နှင့် ဆော့ကစားနိုင်ရန် ထည့်သွင်းထားပြီးဖြစ်ပါသည်။

Image: ooredoo

Gameverse – Mission 2024 Main Event သည် မြန်မာနိုင်ငံ၏ eSports ကဏ္ဍတွင် သိသာထင်ရှားသော အထင်ကရပွဲကြီးတစ်ခု ဖြစ်ခဲ့ပါသည်။ အူရီဒူးမြန်မာသည် eSports ကဏ္ဍတိုးတက်မှုကို မြှင့်တင်ရန်နှင့် ဂိမ်းကစားသူများအတွက် ၎င်းတို့၏ ကျွမ်းကျင်မှုနှင့် စိတ်အားထက်သန်မှုကို ပြသရန် ပလက်ဖောင်းများ ကို ပံ့ပိုးပေးရန်အတွက် ရည်စူးထားပါသည်။

Gameverse နှင့်ပါတ်သက်သည့် update သတင်းအချက်အလက်များကို သိရှိရန်၊ စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းပြိုင်ပွဲများ၏ တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ရှုရန်၊ မိမိအကြိုက်နှစ်သက်ဆုံး eSports အဖွဲ့များကို Follow လုပ်ထားပြီး စိတ်လှုပ်ရှားဖွယ်ရာ ပြိုင်ပွဲများနှင့် ကံစမ်းမဲများတွင် ပါဝင်နိုင်ရန် ‘Gameverse by Ooredoo’ YouTube နှင့် ဆိုရှယ်မီဒီယာ channels များသို့ စာရင်းသွင်းထားပြီး လေ့လာစောင့်ကြည့်နိုင်ပါသည်။