အမိုက်စားဖျော်ဖြေမှုတွေနဲ့ Full-scene AI Imagine Master ဖြစ်တဲ့ OPPO Ren1o4 Series 5G နဲ့အတူ တောက်ပခဲ့ကြတဲ့ OPPO Reno14 Series Music Party
ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ် OPPO က 3.5x Telephoto Camera နဲ့ AI Flash Photography တို့ ပါရှိသလို Full-scene AI Imagine Master ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ကောင်းမွန်လှတဲ့ Camera Technology နဲ့ ထွက်ရှိလာတဲ့ OPPO Reno14 Series 5G ကို သုံးစွဲသူတွေအားလုံး လက်တွေ့ကျကျ စမ်းသပ်အသုံးပြုနိုင်စေဖို့ OPPO Reno14 Series Music Party ကို ဇူလိုင် ၁၄ ရက်နေ့က Yangon Convention Centre (YCC) မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ OPPO Reno14 Series Music Party ကို OPPO Reno Series Product Ambassador ဖြစ်သူ ပိုင်တံခွန်၊ OPPO မိသားစုဝင်အနုပညာရှင် တွေဖြစ်ကြတဲ့ Lu Hpring ၊ ယွန်းဝတီလွင်မိုး ၊ လင်းအောင်ခေတ်နဲ့ Lara Devora တို့ တက်ရောက်ခဲ့ကြပါတယ်။ OPPO Reno14 Series Music Party ဟာ OPPO မိသားစုဝင် အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသမီးချော ယွန်းဝတီလွင်မိုးရဲ့ Comeback အဖြစ် ပထမဆုံးပြန်လည်တက်ရောက်ခဲ့တဲ့ ပွဲဖြစ်ပြီး OPPO Reno14 Series 5G ကို ဆောင်ပုဒ်တွေထဲက တစ်ခုဖြစ်တဲ့ Party Bestie ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ Party vibe ကို အပြည့်အဝရရှိစေခဲ့တဲ့ ပွဲတစ်ပွဲလဲ ဖြစ်ပါတယ်။ အဆိုပါပွဲမှာ OPPO ရဲ့ Powerful ဖြစ်လွန်းတဲ့ OPPO Reno14 Series 5G ကို စိတ်ကြိုက်လက်တွေ့စမ်းသပ်စေခဲ့ပြီး အနုပညာရှင်များ၊ အဆိုတော်များရဲ့ လူငယ်ဆန်ဆန် အမိုက်စား Performance တွေကလဲ လာရောက်သူတွေကို စိတ်အပန်းပြေပျော်ရွှင်စေနိုင်ခဲ့ပါတယ်။
Image: OPPO
OPPO Reno14 Series Music Party ကို Fan Meeting Session နဲ့ Music Party Session ဆိုပြီး ကဏ္ဌ ၂ ပိုင်းခွဲကာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Fan Meeting Session မှာဆိုရင် ပိုင်တံခွန်၊ Lu Hpring ၊ ယွန်းဝတီလွင်မိုး၊ လင်းအောင်ခေတ်နဲ့ Lara တို့က ၎င်းတို့ရဲ့ အမာခံပရိသတ်တွေနဲ့အတူ ပျော်ရွှင်စရာဂိမ်းများစွာကို ဆော့ကစားခဲ့ကြပါတယ်။ ဆော့ကစားခဲ့ကြတဲ့ ဂိမ်းများတွင် ပိုင်တံခွန်က OPPO Reno14 5G ရဲ့ AI Flash Photography ကို အသုံးပြုပြီးသော်လည်းကောင်း၊ လင်းအောင်ခေတ်နဲ့ ယွန်းဝတီလွင်မိုး တို့က 4K Underwater Videography ကို အသုံးပြု၍သော်လည်းကောင်း၊ ဒါအပြင် Lu Hpring နဲ့ Lara Devora တို့က AI Vlog Voice နဲ့ ဆက်နွယ်ပြီး ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါး ဂိမ်းတွေကိုလည်းကောင်း၊ အားလုံးအတူတူ ဆော့ကစားခဲ့ကြပါတယ်။ OPPO Reno14 Series 5G ဟာဆိုရင် ဈေးတန်းတူ စမတ်ဖုန်းများအကြား အချိန်မရွေး၊ နေရာမရွေး အရည်အသွေးကောင်းတဲ့ ဓာတ်ပုံ၊ Video တွေကို အံ့သြဖွယ်ရာ ရိုက်ကူးနိုင်တဲ့ အတွေ့အကြုံတွေနဲ့အတူ ပွဲကို ရောက်ရှိလာသူ ပရိသတ်တွေရဲ့ စိတ်နှလုံးကို ပျော်ရွှင်စေခဲ့ပါတယ်။ ပျော်ရွှင်စရာဂိမ်းများဆော့ကစားလို့ အပြီးမှာတော့ အနုပညာရှင်များက ပရိသတ်တစ်ဦးတစ်ယောက်ချင်းစီနဲ့ အတူတူ မိတ်ဆက်၊ လက်မှတ်ရေးထိုးပေးပြီး တပျော်တပါး အမှတ်တရဓာတ်ပုံတွေကို ရိုက်ကူးခဲ့ကြပါတယ်။
ယခုမိတ်ဆက်ခဲ့တဲ့ OPPO Reno14 Series 5G ဟာ Party Bestie ဆိုတဲ့ ဆောင်ပုဒ်အတိုင်း Party အတွက် အထူးရည်ရွယ်ထားသလို ဒီဇိုင်းအားဖြင့် ကြည့်မယ်ဆိုရင်လဲ ခေတ်မှီဆန်းသစ်နေမှုကို အတိုင်းသားမြင်ရမှာ ဖြစ်ပါတယ်။ ဒါတင်သာမက OPPO Reno14 5G နဲ့ OPPO Reno14 Pro 5G တို့မှာပါရှိတဲ့ 3.5x Telephoto Camera က အဝေးက အရာဝတ္တုနဲ့ ပုံရိပ်တွေကိုလဲ အနီးကပ်ဆုံး ရှိနေတယ်လို့ ခံစားစေနိုင်တဲ့အထိ ပုံရိပ်ရဲ့ ကောင်းမွန်မှုကို ပေးစွမ်းမှာဖြစ်သလို၊ 3.5x Telephoto Camera နဲ့ AI Software အကူအညီဖြင့် 120x အထိ Digital Zoom အနေနဲ့ အလှဆုံးဖြစ်အောင် ပုံရိပ်တွေကို အနီးကပ်ဆုံးဖြစ်အောင် ရိုက်ကူးပေးနိုင်တာကြောင့် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် Party ပွဲတွေမှာ အထူးခြားဆုံး အသုံးဝင်မဲ့ AI Vlog Voice Enhancer ဟာ Stage Show ၊ Party လိုမျိုး စည်ကားပြီးဆူညံတဲ့ ပွဲတွေမှာတောင် ကိုယ်အကြိုက်ဆုံး အနုပညာရှင်ရဲ့ သီချင်းတွေ ၊ ကိုယ်အနှစ်သက်ရဆုံး သီချင်းတွေကို ဘေးက ဆူညံသံတွေ မပါစေဘဲ အကြည်လင်ဆုံး ဖမ်းယူနိုင်မှာဖြစ်ပါတယ်။
Image: MPT
Fan Meeting Session အပြီးမှာတော့ အတောက်ပဆုံး OPPO Reno14 Series Music Party ကို ဆက်လက်ကျင်းပခဲ့ပါတယ်။ OPPO Reno14 Series Music Party ရဲ့ အဖွင့်ကိုတော့ ပရိသတ်အချစ်တော် Band အဖွဲ့ဖြစ်တဲ့ Eternal Gosh အဖွဲ့ က စတင်ဖျော်ဖြေပေးခဲ့ပြီးနောက်မှာတော့ လူငယ်အဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Square Lake Pirates က ဆက်လက်ဖျော်ဖြေပေးခဲ့ပါတယ်။ Square Lake Pirates ရဲ့ ဖျော်ဖြေမှု ပထမပိုင်းအပြီးမှာတော့ MHTV နဲ့ Square Lake Pirates အဖွဲ့တို့က OPPO Reno14 Series 5G ရဲ့ အလှဆုံး ဒီဇိုင်းကို သူတို့ရဲ့ အတွေးအထင်အမြင်နဲ့ ပတ်သက်ပြီး ဝေမျှပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Square Lake Pirates ရဲ့ ဒုတိယပိုင်း ဖျော်ဖြေမှု နဲ့အတူ ပရိသတ်ကို ဖျော်ဖြေခဲ့ပြီး အဆိုပါ ဖျော်ဖြေမှု အပြီးမှာတော့ လူငယ်အဆိုတော် ချမ်းမြေ့မောင်ချိုရဲ့ ပထမဖျော်ဖြေမှုနဲ့အတူ ပရိသတ်တွေက ပျော်ရွှင်ခဲ့ကြပါတယ်။ အဆိုတော် ချမ်းမြေ့မောင်ချို ရဲ့ ပထမပိုင်းဖျော်ဖြေမှု အပြီးမှာတော့ Myanmar Mobile & Tech Review – MMTR နဲ့ အဆိုတော် ချမ်းမြေ့မောင်ချိုတို့က AI Flash Photography နဲ့ ပတ်သက်လို့ အတွေးအမြင် ခံစားချက်တွေကို မျှဝေခဲ့ကြပါတယ်။ အဆိုပါ ဝေမျှမှုအပြီးမှာတော့ ချမ်းမြေ့မောင်ချိုရဲ့ ဒုတိယပိုင်း ဖျော်ဖြေမှုကို ဆက်လက်ခံစားခဲ့ကြပြီး အဲ့ဒီနောက်မှာတော့ ပရိတ်သတ်အချစ်တော် လူငယ် Vlogger Lara Devora နဲ့ Technity တို့က AI Vlog Voice Enhancer အကြောင်းကို ပရိသတ်ထံ ဝေမျှခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ အဆိုတော် ရှိုင်းရဲ့ ပထမပိုင်း ဖျော်ဖြေမှုက ပရိသတ်တွေကို ပိုပြီး စည်ကားလာစေခဲ့ပါတယ်။ ထို့နောက် အဆိုတော်ရှိုင်းနဲ့အတူ Lil Lucas တို့က AI Recompose နဲ့ 3.5x Telephoto Camera တို့အကြောင်းကို သူတို့ အတွေ့အကြုံနဲ့အတူတူ ပရိသတ်ထံ ဝေမျှခဲ့ကြပါတယ်။ အဆိုပါ အစီအစဉ်အပြီးမှာတော့ အဆိုတော် ရှိုင်း ရဲ့ ဒုတိယ ဖျော်ဖြေမှုနဲ့ ဆက်လက် ဖျော်ဖြေခဲ့ကြပြီး အဲဒီနောက်မှာတော့ အဆိုတော် Lu Hpring က HoneyBee နဲ့ အတူတူ 4k Resolution အရည်အသွေးရှိတဲ့ 4k Videography နဲ့ 4k Underwater Videography တို့အကြောင်းကို ပရိသတ်တွေအတွက် အတူတူ ဝေမျှခဲ့ကြပါတယ်။ ဒီလိုစိတ်ဝင်စားစရာ ဝေမျှမှုအပြီးမှာတော့ အဆိုတော် Lu Hpring က ပရိသတ်တွေ သဘောကျနှစ်ခြိုက်စေမဲ့ သီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပြီး အဆိုပါ ဖျော်ဖြေမှုအပြီးမှာတော့ မင်းသားချော လင်းအောင်ခေတ်နဲ့ Techviewspro တို့က AI Mind Space ၊ Gemini Live တို့အကြောင်း ပရိသတ်ကို အရှင်းလင်းဆုံး ဝေမျှခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ပရိသတ်အချစ်တော် အဖွဲ့ဖြစ်တဲ့ Eternal Gosh က ပရိသတ်တွေအတွက် အကောင်းဆုံးသီချင်းတွေနဲ့အတူ ဖျော်ဖြေပေးရင်း OPPO Reno14 Series Music Party ကို အဆုံးသတ်ခဲ့ပါတယ်။
OPPO Reno14 Series 5G ဟာ ဈေးတန်းတူစမတ်ဖုန်းများအကြား Flagship Technology ပါရှိလာတဲ့ 3.5x Telephoto Camera နည်းပညာ၊ အလင်းအားအကောင်းဆုံးဖြစ်တဲ့ AI Flash Photography ၊ ခေတ်ဆန်ပြီး သုံးစွဲသူတွေ သဘောကျတဲ့ Iridescent Mermaid Design ၊ ခေတ်မီပြီး တိုးတက်လာတဲ့ AI လုပ်ဆောင်ချက်တွေ ၊ Battery Capacity ပိုင်း မှာဆိုရင်လဲ OPPO Reno14 Series ရဲ့ ဈေးအသက်သာဆုံးဖြစ်တဲ့ OPPO Reno14F 5G မှာတောင် 6000 mAh အထိ ပါဝင်လာပြီး IP69 အဆင့်ရှိ ရေဒဏ်နဲ့ ဖုန်ဒဏ်တွေကို ခံနိုင်ရည်ရှိမှု အစရှိတဲ့ ဘက်ပေါင်းစုံအတွက် ပြီးပြည့်စုံတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတာကြောင့် သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝမှာ ပိုပြီးလွယ်ကူပေါ့ပါးအောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။
Image: MPT
OPPO Reno14 Series 5G ရဲ့ ဈေးနှုန်းတွေကတော့ OPPO Reno14 Pro 5G – ၂,၉၉၉,၉၀၀ ကျပ် ၊ OPPO Reno14 5G – ၂,၃၉၉,၉၀၀ ကျပ် ၊ OPPO Reno14 F 5G – ၁,၅၄၉,၉၀၀ ကျပ် တို့ဖြင့် မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။ အရောင်အားဖြင့်ကတော့ OPPO Reno14 Pro 5G ကို Opal White နဲ့ Titanium Grey နှစ်ရောင် ၊ OPPO Reno14 5G ကို Opal White နဲ့ Luminous Green နှစ်ရောင်၊ Reno14 F 5G ကို Opal Blue နဲ့ Luminous Green နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။