သတင်းနှင့်ဆောင်းပါးများ

MPT က TikTok Dance Challenge နှင့်အတူ“နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” ကံစမ်းမဲအစီအစဉ်ကို ထပ်မံ သက်တမ်း တိုးလိုက်ပြီဖြစ်

မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် “နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” ကံစမ်းမဲအစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်မှ မေလ ၃၁ ရက်အထိ ဆောင်ရွက်ပေးလျက်ရှိပါသည်။ သုံးစွဲသူများ၏ ကောင်းမွန်သော တုံ့ပြန်မှုများနှင့် […]

သတင်းနှင့်ဆောင်းပါးများ

အက်တမ် (ATOM)သည် အနာဂတ်လူငယ်များ၏ အရည်အချင်းကို ပံ့ပိုးမြှင့်တင်ရန် ထိပ်တန်း ပညာရေးအဖွဲ့အစည်းလေးခုနှင့် အလုပ်သင်အစီအစဉ်အား ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM)သည် ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ဒစ်ဂျစ်တယ်ကဏ္ဍများတွင် လူငယ်ပညာရှင်များ ပိုမိုပေါ်ထွန်းလာစေရန်ရည်ရွယ်ချက်ဖြင့် ရေရှည်အလုပ်သင်အစီအစဉ်ကို ထိပ်တန်း ပညာရေးအဖွဲ့အစည်း လေးခုဖြစ်သည့် Gusto College၊ Matrix College၊

သတင်းနှင့်ဆောင်းပါးများ

TikTok ၏ အခမဲ့ Trending Songs Tool ကို အသုံးပြု၍ ပိုမိုလူကြိုက်များမည့် ဗီဒီယိုများကို ဖန်တီးနိုင်မည်

TikTok သည် တီထွင်ဖန်တီးနိုင်စွမ်းကို လှုံ့ဆော်ပေးခြင်း၊ အချင်းချင်း ထိတွေ့ဆက်ဆံမှုကို တွန်းအားပေးခြင်းနှင့် TikTok ကမ္ဘာ့အသိုင်းအဝိုင်း၏ တက်ကြွသော ယဉ်ကျေးမှုကို ထင်ဟပ်စေသည့် Tool များနှင့် Data Insight ကို ပံ့ပိုးပေးခြင်းဖြင့် အသုံးပြုသူများကို ခွန်အားဖြည့်ပံ့ပိုးရန်

သတင်းနှင့်ဆောင်းပါးများ

တီထွင်ဆန်းသစ်တဲ့ ဒီဇိုင်း နဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး လုပ်ဆောင်ချက်တွေ ပါဝင်လာတဲ့ Galaxy Tab S10 FE Series တက်ဘလက်အသစ်တွေကို မိတ်ဆက်

Samsung Myanmar ကနေ ပရီမီယံဆန်တဲ့ ဒီဇိုင်းနဲ့ စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်တွေပါဝင်တဲ့ တက်ဘလက် အသစ်တွေဖြစ်တဲ့ Galaxy Tab S10 FE နဲ့ Galaxy Tab S10 FE+ တို့ကို မြန်မာနိုင်ငံစျေးကွက်အတွက်

သတင်းနှင့်ဆောင်းပါးများ

MPT က ၂၀၂၅ ခုနှစ် နိုင်ငံတစ်ဝန်း လုပ်ငန်းခွင် လေ့လာရေးနှင့် သင်ကြားရေး အစီအစဉ်မှတစ်ဆင့် လူငယ်များအတွက် မရှိမဖြစ်လိုအပ်သော အသိပညာနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှုများကို ပံ့ပိုးဆောင်ရွက်

မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် သုံးစွဲသူများအတွက် ယုံကြည်စိတ်ချရသော ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပေးအပ်နေသည့်အပြင်  မြန်မာနိုင်ငံရှိ မျိုးဆက်သစ်လူငယ်များအား မြေတောင်မြှောက်ပေးရန်အတွက် တတ်အားသရွေ့ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ MPT သည် နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ် (၁၈) ခုမှ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအား အခွင့်အလမ်းကောင်းများ ပေးအပ်ရန်အတွက် ၂၀၂၅ ခုနှစ် နိုင်ငံတစ်ဝန်း လုပ်ငန်းခွင် လေ့လာရေး နှင့် သင်ကြားရေး အစီအစဉ်ကို ဆောင်ရွက်လိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။ Image: MPT MPT ၏ ၂၀၂၅ ခုနှစ် နိုင်ငံတစ်ဝန်း လုပ်ငန်းခွင် လေ့လာရေးနှင့် သင်ကြားရေး အစီအစဉ်ကို ဧပြီလတွင် စတင်ခဲ့ပြီး ဇွန်လအထိ MPT ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၀) ခုရှိ MPT ရုံးများတွင် ဆောင်ရွက်လျက် ရှိကာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၈၀) ခန့်အား စာတွေ့၊ လက်တွေ့ လေ့ကျင့်မှုများ ပေးအပ်လျက် ရှိပါသည်။ အဆိုပါအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူများသည် မိုက္ခရို၊ ဖိုင်ဘာစသည့် အဝေးဆက်သွယ်ရေး နည်းပညာများ၊ မိုဘိုင်းဆက်သွယ်ရေးနည်းပညာများနှင့် FTTH နည်းပညာများ  စသည့် တယ်လီကွန်း ဆက်သွယ်ရေးနည်းပညာများအပြင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး  (HSE) နှင့် သတင်းအချက်အလက် လုံခြုံရေး စသည့် လုပ်ငန်းခွင်နှင့် သက်ဆိုင်သော အသိပညာများကို စာတွေ့၊လက်တွေ့ လေ့လာသင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါသည်။။ အဆိုပါကျောင်းသား၊ ကျောင်းသူများအနက် ရန်ကုန်တိုင်းဒေသကြီးရှိ MPT ၏ Network Center နှင့် သင်တန်းကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူ (၅၅) ) ဦးနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ MPT ရုံးများတွင် ကျောင်းသား၊ ကျောင်းသူ (၁၂၁) ဦးတို့သည် ဆက်သွယ်ရေးဆိုင်ရာသင်တန်းများနှင့် လက်တွေ့လေ့ကျင့် ဆောင်ရွက်ခြင်းများကို သင်ယူလေ့လာ လျက်ရှိပါသည်။ Image: MPT MPT ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ အကြံပေးအရာရှိဖြစ်သူ Mr. Naoki Shimane က “လူငယ်တွေဆိုတာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးတဲ့ မျိုးဆက်သစ်တွေပဲ ဖြစ်ပါတယ်။ MPT ရဲ့ ၂၀၂၅ ခုနှစ် နိုင်ငံတစ်ဝန်း လုပ်ငန်းခွင် လေ့လာရေးနှင့် သင်ကြားရေး အစီအစဉ်ကတစ်ဆင့် ကျွန်တော်တို့အနေနဲ့ လူငယ်တွေကို ဆက်သွယ်ရေးကဏ္ဍမှာ အသက်မွေးဝမ်းကြောင်းပြုဖို့အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် မရှိမဖြစ်လိုအပ်တဲ့ အသိပညာနဲ့ လုပ်ငန်းခွင်ကျွမ်းကျင်မှုတွေကို မျှဝေပေးထားပါတယ်။  ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဆက်သွယ်‌ရေးကဏ္ဍနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေ ရရှိနိုင်စေရုံသာမက မိမိကိုယ်တိုင်နဲ့ မိသားစုဝင်တွေအတွက် ဘေးအန္တရာယ် ကင်းရှင်းရေးရဲ့ အရေးပါမှုကိုလည်း နားလည်သဘောပေါက်စေနိုင်မှာဖြစ်ပါတယ်။ ဒီအစီအစဉ်က နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူတွေ ယုံယုံကြည်ကြည်နဲ့ လုပ်ငန်းခွင်ဝင်ရောက်ဖို့အတွက် ဆောင်ရွက်ရာမှာ များစွာအထောက်အပံ့ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။ MPT သည် နိုင်ငံတစ်ဝန်း လုပ်ငန်းခွင် လေ့လာရေးနှင့် သင်ကြားရေးအစီအစဉ်ကို ၂၀၁၈ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး  နိုင်ငံတစ်ဝန်းရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်တို့မှ ကျောင်းသား၊ ကျောင်းသူပေါင်း (၂,၀၀၀) ကျော်ကို တကယ့်လုပ်ငန်းခွင်နှင့် ဆက်စပ်နေသော ဗဟုသုတများ၊ အရည်အသွေးနှင့် ကျွမ်းကျင်မှုများကို မျှဝေပေးခဲ့ပြီး ဖြစ်ပါသည်။ Image: MPT MPT အနေဖြင့် သက်ဆိုင်ရာကဏ္ဍများအားလုံးတွင် မျိုးဆက်သစ်လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးကို  စဉ်ဆက်မပြတ်အလေးထားဆောင်ရွက်လျက်ရှိပါသည်။ သိသာထင်ရှားသည့် အားထုတ်မှုတစ်ခုအဖြစ်  အီလက်ထရွန်းနစ် နည်းပညာသုံးပညာရေး ပလက်ဖောင်းအစီအစဉ် https://csrelearning.mpt.com.mm/ မှတစ်ဆင့် မြန်မာနိုင်ငံရှိ  ပညာသင်ကြားလိုသူ လူငယ်များ ဒေတာကုန်ကျစရိတ်နှင့် သင်တန်းကြေး ပေးရန်မလိုဘဲ အခမဲ့လေ့လာသင်ယူနိုင်မည့် ပညာရေးအစီအစဉ်ကိုလည်း ဆောင်ရွက်ထားပါသည်။ MPT အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့်လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။

Scroll to Top