အလွယ်ကူဆုံးနှင့် စိတ်အချရဆုံး ငွေပေးချေမှုစနစ် MyanmarPay

စားသောက်ဆိုင်တွေကိုပဲသွားသွား၊ ဈေးဝယ်ဘဲထွက်ထွက် အရင်တုန်းကလို သက်ဆိုင်ရာဘဏ်တွေရဲ့ ငွေလက်ခံ QR Code တွေအများကြီးကို ငွေရှင်းကောင်တာမှာ မတွေ့ရတော့ဘဲ MyanmarPay QR Code Stand တစ်ခုတည်းကိုပဲ တွေ့နေရမှဦကိုသတိထားမိ ကြမယ်လို့ထင်ပါတယ်။ ဒီဆောင်းပါး မှာတော့ ဆိုင်တိုင်းလိုလို၊ နေရာတိုင်းလိုလိုမှာ တွေ့ရ လေ့ရှိတဲ့ MynmarPay (MMQR) အကြောင်းကို မသိသေးတဲ့သူတွေလည်း သိသွားအောင်၊ သိပြီးသားသူတွေလည်း ပိုပြီးနားလည်သွားအောင် သေသေ ချာချာရှင်းပြပေးထားပါတယ်။

ဒီနေ့ခေတ်လို လျင်လျင်မြန်မြန်တိုးတက်နေတဲ့ ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ ကိုယ့်ဆီလာတဲ့ Customer တွေ အဆင် ပြေပြေနဲ့ငွေပေးချေနိုင်ဖို့က စီးပွားရေးလုပ်ငန်းတိုင်းအတွက် နံပါတ် (၁) အရေးကြီးဆုံး ဖြစ်လာပါတယ်။ ဒီလိုငွေလက်ခံတဲ့ နေရာမှာလည်း ကိုယ့်ဆီမှာရှိတဲ့ ဘဏ်အကောင့်အမျိုးအစားနဲ့ Customer ရဲ့ ဘဏ်အကောင့်အမျိုးအစားမတူ ပြန်ရင်လည်း Customer နဲ့ ကိုယ့်ကြားမှာ အခက်အခဲ ဖြစ်နေမှာပါ။ (ဥပမာ ကိုယ့်မှာ KBZPay အကောင့်ပဲရှိပြီး Customer ဆီမှာ AYAPay အကောင့်ပဲ ရှိနေတာမျိုးကို ပြောချင်တာပါ။) ဒါကြောင့် လွယ်ကူမြန်ဆန်စိတ်ချရပြီး Customer တွေအနေနဲ့ ကြိုက်တဲ့ဘဏ်/Digital Wallet နဲ့ရှင်းလို့ရသလို ကိုယ့်ဘက်ကလည်း QR Scan တစ်ခုတည်းနဲ့ ငွေလက်ခံလို့ရတဲ့ MyanmarPay (MMQR) ရဲ့အလုပ်လုပ်ပုံအကြောင်းကို ပြောပြ ပေးသွားမှာ ဖြစ်ပါတယ်။

Image: MyanmarPay

MyanmarPay (MMQR) ဆိုတာဘာလဲ။

MyanmarPay (MMQR) ဆိုတာကတော့ မြန်မာနိုင်ငံရဲ့ ငွေကြေးအခန်းကဏ္ဍကို အဆင့်မြှင့်တင်ပေးနိုင်ဖို့၊ မြန်မာနိုင်ငံ သားတိုင်းအတွက် အရည်အသွေးအကောင်းဆုံးဆိုတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ပေးအပ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စီစစ်ကွပ်ကဲပြီး PayPlus Co., Ltd ကနေ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ စနစ်ဖြစ်ပါတယ်။

MyanmarPay (MMQR) က QR scan system နဲ့ ငွေပေးချေနိုင်တဲ့ စနစ်တစ်ခုဖြစ်တာကြောင့် MMQR ကိုအသုံးပြုဖို့ App ကို သီးသန့် Download လုပ်စရာမလို၊ အကောင့်သက်သက် ထပ်ဖွင့်စရာမလိုဘဲ ကြိုက်နှစ်သက်ရာ Wallet/Mobile Banking တွေနဲ့ ဘယ်အချိန်ဘယ်နေရာမှာမဆို ငွေပေးချေနိုင်တဲ့အတွက် ဈေးဝယ်သူ Customer တွေအတွက် အဆင် ပြေသလို စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း MyanmarPay QR code တစ်ခုရှိရုံနဲ့ ကိုယ်ကြိုက်နှစ်သက်ရာ Banking/Wallet နဲ့ငွေလက်ခံလို့ရတဲ့အတွက် ပိုမိုအဆင်ပြေသွားစေနိုင်တာပဲဖြစ်ပါတယ်။ QR Based ဖြစ်တဲ့အတွက် ကြောင့်လည်း လုံခြုံရေးပိုင်းမှာလည်း ပိုမိုစိတ်ချရပါတယ်။

“MyanmarPay MMQR ကို ဆိုင်မှာစတင်အသုံးပြုပြီးတဲ့ နောက်မှာ Customers တွေအနေနဲ့ ငွေပေးချေရတာပိုမို လွယ်ကူ လာတဲ့အတွက် Customers တွေသိသိသာသာကို များပြားလာပါတယ်” လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အခုလိုပဲ မျှဝေခဲ့ပါတယ်။

Image: MyanmarPay

MyanmarPay (MMQR) ကို ဘယ်လိုအသုံးပြုရမလဲ။

ကိုယ်က ဈေးဝယ်သူ Customer ဆိုရင် ကိုယ့်ဖုန်းထဲက အခုလက်ရှိအသုံးပြုနေတဲ့ Banking/Wallet ကိုဖွင့်ပြီး တစ်ဖက် လူက ပေးတဲ့ QR Code ကို Scan ဖတ်လိုက်တာနဲ့ လွယ်လွယ်ကူကူငွေပေးချေလိုက်လို့ရပါပြီ။ ဒီလိုငွေပေးချေမှုအတွက် ကန့်သတ်ချက်တွေမရှိသလို အခကြေးငွေလည်း ထပ်မံပေးဆောင်စရာမလိုပါဘူး။ MMQR နဲ့ဆိုရင် ဘယ်ဘဏ်ရဲ့ ဘယ် Wallet ကိုပဲသုံးသုံး နေရာတိုင်း၊ အချိန်တိုင်း၊ ဆိုင်တိုင်းမှာ လွယ်လွယ်ကူကူနဲ့ ငွေပေးချေနိုင်ပြီဖြစ်ပါတယ်။

“အရင်ကတည်းက ကျွန်တော်က Cashless Payment တွေကို အဆင်ပြေလို့ တော်တော်လေးသဘောကျမိပြီး အခု MMQR ထွက်လာတော့ ကျွန်တော်နဲ့အကိုက်ဖြစ်ပြီး အသုံးပြုဖြစ်နေတာပါ။ အခုလိုမျိုး မြန်မာနိုင်ငံမှာ Cashless Society ထွန်းကားလာတဲ့အပေါ်မှာ ကျွန်တော့်အနေနဲ့ဝမ်းသာမိပါတယ်” လို့လည်း ရန်ကုန်မြို့နေ MyanmarPay (MMQR) အသုံးပြုသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ငွေမပေးချေခင်မှာ ကိုယ်ဝယ်ယူမယ့်ဆိုင်နဲ့ QR က Merchant Name ကိုက်ညီမှုရှိမရှိ၊ ငွေပမာဏကို သေသေချာချာ ရိုက်ထည့်ဖို့နဲ့ ငွေပေးချေမှုအောင်မြင်ကြောင်းကိုလည်း သေသေချာချာစစ်ဆေးဖို့ မဖြစ်မနေလိုအပ် ပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ အထူးသတိထားရမယ့်အချက်ကတော့ MyanmarPay (MMQR) ဘက်ကနေ ဘယ်အသုံးပြုသူ ကိုမှ စတင်ပြီး တိုက်ရိုက်ဆက်သွယ်မှုမျိုးတွေ ပြုလုပ်သွားမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းမှာ MyanmarPay (MMQR) ကိုအသုံးပြုတော့မယ်ဆိုရင် MMQR နဲ့ချိတ်ဆက်ထားတဲ့ ဘဏ်နဲ့ Payment Service တွေကို ဆက်သွယ်အကြောင်းကြားလိုက်တာနဲ့ ကိုယ့်လုပ်ငန်းအတွက် MMQR နဲ့ပက်သက်တဲ့အဆင့်ဆင့်တွေကို ရှင်းပြပြီး လာရောက်အဆင့်မြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

Merchant တွေအနေနဲ့ ငွေလက်ခံတဲ့အချိန်မှာ လွဲမှားမှုတွေမရှိစေဖို့အတွက် ငွေပေးချေသူရဲ့ Payment Receipt ရဲ့ နာမည်၊ အချိန်နဲ့ ရက်စွဲ၊ ပေးချေတဲ့ ငွေပမာဏနဲ့ Merchant Name မှန်ကန်မှုရှိမရှိ စစ်ဆေးဖို့လိုအပ်ပါတယ်။ အကြောင်းတစ်ခုခုကြောင့် Customer ဘက်က ငွေပေးချေပြီးပေမယ့် ကိုယ့်ရဲ့ Merchant App မှာ Notification မတက်တာ၊ မဝင်လာတာမျိုး ဖြစ်တဲ့အခါမျိုးမှာ Customer ကို Transaction Success မဖြစ်တဲ့အကြောင်းနဲ့ ငွေပေးချေမှုဟာ Customer ဆီပြန်ဝင်လာမည်ဖြစ်ကြောင်း ရှင်းပြပေးဖို့လိုပြီး Merchant အနေနဲ့လည်း မိမိရဲ့ Merchant App ရဲ့ Hotline နံပတ်တွေကို ဆက်သွယ်ဖို့ လိုပါတယ်။

Image: MyanmarPay

“MMQR မရှိခင်တုန်းကဆို ဆိုင်မှာလက်ခံတဲ့ Payment နဲ့ သုံးစွဲသူတွေအနေနဲ့ အသုံးပြုတဲ့ Mobile Wallet အမျိုးအစား မတူညီတဲ့အခါ ငွေပေးမချေနိုင်တဲ့အတွက် အဆင်မပြေတာမျိုးတွေ တွေ့ကြုံခဲ့ရပါတယ်။ MMQR သုံးပြီးနောက်မှာတော့ Payment တွေအနေနဲ့ ပိုအဆင်ပြေချောမွေ့လာတယ်။ ကျွန်တော်နဲ့ချိတ်ဆက်ထားတဲ့ ဘဏ်ဘက်လည်း ၂၄ နာရီလုံး Customer Service ဝန်ဆောင်မှုလိုင်း ဖွင့်ပေးထားတာပါတယ်။ အကောင်းဆုံးအချက်ကတော့ စျေးဝယ်သူတွေကို သေချာရှင်းပြစရာတောင်မလိုဲဘဲ၊ QR Code ကို Scan ဖတ်ပြီး ပေးချေနိုင်တာမျိုးဆိုတော့ အဆင်ပြေပါတယ်” လို့ MMQR ကိုအသုံးပြုနေတဲ့ Merchant တစ်ဦးက MyanmarPay (MMQR) နဲ့ပတ်သက်ပြီး ယခုလို အတွေ့အကြုံ မျှဝေပေးခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ မေလအထိ ရရှိခဲ့တဲ့ ဒေတာအချက်အလက်တွေအရ နိုင်ငံတစ်ဝန်းမှာ MyanmarPay (MMQR) ကိုအသုံးပြုနေတဲ့ စီးပွားရေးလုပ်ငန်းပေါင်း (၁) သိန်းခွဲကျော်ရှိနေပြီဖြစ်တဲ့အတွက် ဘယ်နေရာသွားသွား ငွေသား ကိုင်ဆောင်စရာမလိုဘဲ MyanmarPay (MMQR) QR code ကို scan ဖတ်လိုက်တာနဲ့ အလွယ်တကူငွေပေးချေနိုင်မှာ ဖြစ်ပါတယ်။ MMQR ဟာ P2M နဲ့စတင်အသုံးပြုခဲ့ပြီး နောင်အနာဂတ်တွေမှာ မီတာဘေလ်ဆောင်ခြင်း၊ မိတ်ဆွေသူငယ်ချင်း အချင်းချင်းငွေလွှဲခြင်း၊ နိုင်ငံခြားကို အလွယ်တကူငွေလွှဲခြင်း စတဲ့ဝန်ဆောင်မှုတွေကို ပေးနိုင်တဲ့ နိုင်ငံတကာအဆင့်မီ QR Payment တစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်ငွေကြေးအခန်းကဏ္ဍတစ်ခုအတွက် ကောင်းမွန်တဲ့ခြေလှမ်းအသစ်တစ်ခုလို့ပြောနိုင်တဲ့  MyanmarPay (MMQR) အကြောင်းကို အသေးစိတ်သိရှိလိုပါက Facebook Page [MyanmarPay MMQR – https://www.facebook.com/myanmarpay.mmqr] (သို့) Website – https://myanmarpay.com.mm/ တို့တွင် ဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။