နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ထွက်ရှိလာတော့မယ့် PUBG: NEW STATE

PUBG ရဲ့ မျိုးဆက်သစ်တစ်ခုဖြစ်တဲ့ PUBG: NEW STATE ကို နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင် ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ အသစ်ထပ်မံမိတ်ဆက်မယ့် PUBG New State အသစ်ကို KRAFTON, Inc. က ထုတ်လုပ်မှာ ဖြစ်ပြီးတော့ အောင်မြင်မှုအများအပြားရရှိခဲ့တဲ့ PUBG: BATTLEGROUNDS battle royal လိုဂိမ်းမျိုးကို ဖန်တီးခဲ့တဲ့ PUBG Studios က Develop ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ 

Photo Source https://press.pubg.com/

ထွက်ရှိလာမယ့် PUBG: NEW STATE ဟာ free-to-play ဂိမ်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ၂၀၅၁ ခုနှစ်ကိုအခြေပြု ရေးဆွဲထားတဲ့အပြင် realistic ဖြစ်ပြီး ဒီနေ့ခေတ်ရဲ့ နောက်ဆုံးပေါ် Mobile Game နည်းပညာတွေကို ပါဝင်တဲ့ Gaming Experience ကောင်းတွေကို iOS နဲ့ Android မှာချပြပေးသွားမှာ ဖြစ်ပါတယ်။

Google Play နဲ့ App Store တို့မှာ Pre-registration 40 million ကျော်ရှိလာပြီ ဖြစ်ပါတယ်။ ဒုတိယအကြိမ် Alpha Test အပြင် Technical Test ကိုလည်း မကြာသေးခင်ကပဲ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ Test တွေနဲ့ Technical Test ကဆော့ကစားခဲ့တဲ့ အချက်အလက်တွေကိုတော့ reset ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 

Photo Source https://press.pubg.com/

ဂိမ်းထဲမှာတော့ PC version ဖြစ်တဲ့ PUBG: BATTLEGROUNDS မှာအသုံးပြုထားတဲ့ လက်နက်တွေနဲ့ ပစ္စည်းကိရိယာတွေကို ထည့်သွင်းပေးထားပါတယ်။ Third Person နဲ့ First Person ဆိုပြီးတော့လည်း နှစ်မျိုး ကစားရွေးချယ်ကစားနိုင်ပါတယ်။ Map အနေနဲ့ကလည်း PUBG ရဲ့ Erangle 2051 နဲ့ Map အသစ်တစ်ခုဖြစ်တဲ့ Station တို့ပါဝင်မှာပါ။ Training Mode ကတော့ ပုံမှန်အတိုင်း ပါဝင်မှာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ PUBG: New State ရဲ့ Media Showcase ပွဲမှာ Rank Tier 8 ခုကို ဖော်ပြပေးသွားပါတယ်။ Season တစ်ခုကို အချိန်ကာလ ၂ လကြာမြင့်မှာဖြစ်ပါတယ်။ ဒီလို စနစ်တွေအပြင် Season တစ်ခုပြီးတိုင်း High Tier ၃ခုက ကစားသမားတွေကို Region အလိုက် Online Tournament ပြုလုပ်ဖန်တီးပေးသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။ အနိုင်ရရှိတဲ့သူတွေကိုတော့ Reward တွေချီးမြှင့်ပေးသွားမှာပါ။ 

Photo Source https://press.pubg.com/

နိုဝင်ဘာလ ၁၁ ရက်နေ့မှာထွက်ရှိမယ့် New State ကို ဆော့ကစားနိုင်ဖို့ Google Play Store နဲ့ App Store တို့မှာ pre-register ပြုလုပ်ထားလို့ရပါပြီ။ Pre-registration ပြုလုပ်ထားသူတွေအနေနဲ့လည်း Reward တွေရရှိဦးမှာ ဖြစ်ပါတယ်။ iOS နဲ့ Android တွေမှာ တစ်ပြိုင်တည်း စတင်ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ https://newstate.pubg.com/en ကနေဝင်ရောက်ပြီးတော့ Pre-Registration ပြုလုပ်နိုင်ပါတယ်။