Samsung ရဲ့ အသစ်ထွက်ရှိလာတဲ့ “ပေါပါးထိပွင့် Galaxy A06” ကို မြန်မာနိုင်ငံဈေးကွက်အတွင်းမှာ အသက်သာဆုံးဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်ပြီဖြစ်

Samsung ရဲ့ ပိုမိုပေါ့ပါးလာပြီး ထိရုံနဲ့ပွင့်မယ့် Side Fingerprint ပါဝင်လာတဲ့ “ပေါ့ပါးထိပွင့် Galaxy A06″ စမတ်ဖုန်းအသစ်ကို မြန်မာနိုင်ငံမှာ အသက်သာဆုံးစျေးနှုန်း၊ အထူးအခွင့်အရေး၊ လက်ဆောင်တွေနဲ့အတူ ဝယ်ယူရရှိနေပြီဖြစ်ပါတယ်။ မကြာသေးမီကမှ မြန်မာနိုင်ငံမှာ မိတ်ဆက်ပေးခဲ့တဲ့ Galaxy A06 စမတ်ဖုန်းတွေဟာ ပရီမီယံဆန်တဲ့ ဒီဇိုင်း၊ လူငယ်ဆန်တဲ့ အရောင်တွေအပြင်၊ အမိုက်စား Awesome လုပ်ဆောင်ချက်တွေလည်း ပါဝင်လာတာဖြစ်လို့ Samsung ချစ်သူများ အနေနဲ့ အကြိုက်တွေ့စေဦးမှာပါ။

Galaxy A Series ရဲ့ အသစ်ထွက် စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy A06 ဟာ ပိုမိုပါးလွှာကျစ်လစ်လာတဲ့ Awesome ဒီဇိုင်းကြောင့် အလေးချိန် ၁၈၉ ဂရမ် နဲ့ အထူ ၈ မီလီမီတာ ပဲရှိတာ ဖြစ်တဲ့အတွက် သုံးစွဲသူတွေလက်ထဲ ကိုင်ရတာ ပေါ့ပါးတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့ လုံခြုံရေးအတွက်ကိုလည်း ပိုမိုအဆင့်မြှင့်ထားပြီး ထိလိုက်ရုံနဲ့ မြန်မြန်ဆန်ဆန် ပွင့်သွားနိုင်မယ့် အရည်အသွေးမြင့် Side Fingerprint လုပ်ဆောင်ချက် ပါဝင်လာတာဖြစ်လို့ “ပေါ့ပါးထိပွင့် Galaxy A06” လို့ အမည်တွင် လူကြိုက်များနေရတာလည်း​ဖြစ်ပါတယ်။

Image: Samsung

Awesome လုပ်ဆောင်ချက်တွေနဲ့ Galaxy A06 မှာ မျက်နှာပြင်အကျယ် ၆.၇” နဲ့ HD+ PLS LCD Display ပါဝင်တာကြောင့် ကြည်လင်တောက်ပတဲ့ ပုံရိပ်တွေကို စိတ်တိုင်းကျ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အမိုက်စား Awesome ဓါတ်ပုံတွေရိုက်ကူးနိုင်ဖို့အတွက်ကိုလည်း အကောင်းဆုံးရုပ်ထွက်အရည်အသွေးတွေ ပေးစွမ်းသွားမယ့် 50MP Main Camera နဲ့ 2MP (Depth) Camera စတဲ့ ကင်မရာ နှစ်လုံး ပါဝင်လာတဲ့အပြင်  အထာကျတဲ့ Selfie ဓာတ်ပုံတွေ ရိုက်ကူးဖို့အတွက် အရင် မော်ဒယ် တွေထက် ပိုမိုအဆင့်မြှင့်တင်ထားတဲ့ 8MP Selfie Camera တို့ကို ထည့်သွင်းပေးထားပါတယ်။

စွမ်းဆောင်ရည်ကောင်းမွန်တဲ့ မြန်နှုန်းမြင့်  MediaTek ရဲ့ Helio G85 ကိုသုံးပေးထားတာဖြစ်တဲ့အတွက် ဂိမ်းကစားခြင်းနဲ့ Multi-tasking အသုံးပြုခြင်းတွေကအစ လုပ်ဆောင်ချက်တိုင်းမှာ အထစ်အငေါ့မရှိ သွက်လက်မြန်ဆန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီအပိုင်းမှာဆိုရင်လည်း စွမ်းဆောင်ရည်အမြင့်ဆုံး Flagship စမတ်ဖုန်းတွေလို 5,000mAh အထိ ပါဝင်လာတာဖြစ်လို့ ကြာရှည်စွာ အသုံးပြုလို့ရမယ့်အပြင် 25W Fast Charging ကြောင့် အားသွင်းရာမှာလည်း မြန်ဆန်စေဦးမှာပါ။  Dolby Atmos Speaker ကိုလည်း ထည့်သွင်းပေးလာတာဖြစ်တဲ့အတွက် ပိုမိုကောင်းမွန်ပြီး ကြည်လင် ပြတ်သားတဲ့ အသံအရည်အသွေးကိုပါ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။  

Image: Samsung

လုံခြုံရေးအပိုင်းမှာဆိုရင်လည်းည်း သာမန်အားဖြင့် Galaxy flagship ဖုန်းတွေမှာသာ မြင်တွေ့ရလေ့ရှိတဲ့ Samsung ရဲ့ အဆင့်မြင့် လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ Samsung Knox Vault ဟာ Galaxy A06 မှာ စတင်ပါဝင်လာပြီ ဖြစ်ပါတယ်။   Samsung Knox Vault က မိုဘိုင်းဖုန်းရဲ့ software ပိုင်း၊ hardware ပိုင်း ၂ မျိုးလုံးကို ကာကွယ်ပေးနိုင်မှာဖြစ်ပြီး End-to-end data encryption ပြုလုပ်ပေးထားတာဖြစ်လို့ မည်သည့်အခြေအနေမှာမဆို မိမိရဲ့ ဒေတာတွေကို အခြားတစ်စုံတစ်ယောက်က ခိုးယူဝင်ရောက်ခြင်းမပြုနိုင်အောင် တားဆီးပေးထားနိုင်မှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ Samsung ကို အစဉ်တစိုက်အားပေးနေတဲ့ Samsung ချစ်သူတိုင်းအတွက် နေ့စဉ်ဘဝမှာ အသုံးဝင်သလို အသုံးပြုသူတွေအကြိုက် ​လုပ်ဆောင်ချက်တွေပါဝင်တဲ့ ထုတ်ကုန်တွေကို အမျိုးအစားစုံလင်စွာ ရွေးချယ်နိုင်စေဖို့ ဆန်းသစ်တီထွင်မှုတွေနဲ့အတူ အမြဲဖန်တီးလျက်ရှိပါတယ်။ အခုအခါမှာလည်း Awesome ဖြစ်တဲ့ လုပ်ဆောင်ချက်တွေပါဝင်တဲ့ ပေါ့ပါးထိပွင့် Galaxy A06 ဖုန်းအသစ်ကို ငွေကျပ် ၅ သိန်းကျော်ဝန်းကျင် စျေးနှုန်းကနေ စတင်ပြီး ဝယ်ယူနိုင်မယ့်အပြင် အထူးခံစားခွင့်တွေနဲ့ပါ ဝယ်ယူသူတွေအတွက် ကျေးဇူးတုံ့ပြန်နိုင်ဖို့ကိုလည်း အကောင်းဆုံး ကြိုးစားထားပါတယ်။ Samsung ကနေ ဒီနှစ်ထဲ အသစ်ထွက်ရှိထားတဲ့ Galaxy စမတ်ဖုန်းတွေထဲမှာ စျေးအသက်သာဆုံးဖြစ်သလို ပရီမီယံဒီဇိုင်း နဲ့ အသုံးဝင်တဲ့လုပ်ဆောင်ချက်ကောင်းတွေလည်း ပါဝင်လို့ Samsung ချစ်သူတွေ ​သဘောကျနှစ်သတ်ကြမယ်လို့လည်း မျှော်လင့်ပါတယ်။” လို့ Samsung Myanmar ရဲ့ Head of Mobile Experience Group ဖြစ်သူ ကို တင်မောင်ဝင်းက ပြောကြားခဲ့ပါတယ်။

Image: Samsung

“ပေါ့ပါးထိပွင့် Galaxy A06” စမတ်ဖုန်းအသစ်တွေကို လူငယ်ဆန်တဲ့ Light Green, Light Blue နဲ့ Black အရောင်တွေနဲ့ ရရှိနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံ ဈေးကွက်အတွင်းမှာ  အောက်ပါအတိုင်း အတန်ဆုံးစျေးနှုန်းတွေနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

  • Galaxy A06 LTE (4/64 GB) – ၅၄၅,၀၀၀ ကျပ်
  • Galaxy A06 LTE (4/128 GB) – ၆၈၅,၀၀၀ ကျပ်
  • Galaxy A06 LTE (6/128 GB) – ၇၇၅,၀၀၀ ကျပ်

Galaxy A06 စမတ်ဖုန်း ကို ဝယ်ယူအားပေးသူတွေအနေနဲ့ အောက်ပါ အထူးခံစားခွင့်နဲ့ လက်ဆောင်တွေကိုလည်း ရယူသွားနိုင်ဦးမှာပါ။

  • Fast Charger, Phone Cover နဲ့ Earphone တွေပါဝင်ပြီး ပစ္စည်းလက်ကျန်ရှိတဲ့အထိ ထပ်တိုးလက်ဆောင် ပေးသွားမယ့် Premium Gift Box
  • Samsung Care+ ဝန်ဆောင်မှုအနေနဲ့ မတော်တဆဖြစ်ပြီး ဖုန်းအနောက် မျက်နှာပြင် ပျက်စီးခြင်း အတွက် လက်ခနဲ့ ပစ္စည်းတန်ဖိုး ၁၀၀ % သက်သာခွင့်၊ ဖုန်းအရှေ့မျက်နှာပြင် ပျက်စီးခြင်းအတွက် လက်ခနဲ့ ပစ္စည်းတန်ဖိုး ၆၀ % သက်သာခွင့် တွေကို ဝယ်ယူတဲ့နေ့မှ ၁ နှစ်အတွင်း ၁ ကြိမ် ခံစားခွင့်၊
  • “ဖုန်းအဟောင်းပေး အသစ်ယူ” အစီအစဉ် အနေနဲ့ Samsung Galaxy J Series စမတ်ဖုန်းတွေနဲ့ ၂၀၂၂ ကနေ လက်ရှိအချိန်အထိ ထွက်ရှိထားတဲ့ သတ်မှတ် Galaxy A Series စမတ်ဖုန်းအဟောင်းနဲ့ Trade in လုပ်ပြီး Galaxy A06 ကိုဝယ်ယူမယ်ဆိုရင် ဖုန်းအဟောင်းတန်ဖိုးအပြင် Trade in Discount အဖြစ် ငွေကျပ် ၇၀,၀၀၀ တို့ကို ရရှိနိုင်ဦးမှာပါ။ ဒီအစီအစဉ်မှာ ပါဝါဖွင့်မရတဲ့၊ အက်ကွဲရာရှိနေတဲ့၊ Display Error ရှိနေတဲ့ ဖုန်းအဟောင်းတွေနဲ့ပါ Trade-In လုပ်လို့ရသွားမှာဖြစ်ပါတယ်။
  • အတိုးမဲ့ အရစ်ကျ အစီအစဉ် အနေနဲ့လည်း AYA Pay ရဲ့ Buy Now Pay Later အစီအစဥ်နဲ့ ချိတ်ဆက်ပြီး လစဉ်အရစ်ကျ (၆) လ အတိုးမဲ့စနစ်နဲ့ ဝယ်ယူသွားနိုင်ဦးမှာပါ။
  • ATOM SIM Card ကို လက်ရှိအသုံးပြုနေသူနဲ့ SIM Card အသစ် ဝယ်ယူအသုံးပြုသူတွေအနေနဲ့လည်း လစဉ် ကျပ် ၁၀,၀၀၀ (သို့) ၅,၀၀၀ (သို့) ၃,၀၀၀ တန်ဖိုးရှိ ဖုန်းဘေလ် ဖြည့်သွင်းရုံနဲ့ ဖြည့်သွင်းတဲ့ ငွေပမာဏအလိုက် ဒေတာ 4GB အထိနဲ့အတူ YouTube နဲ့ TikTok အသုံးပြုရန်အတွက် ဒေတာ Pacakage တွေပါ ၆ လတိတိ အခမဲ့ ရရှိသွားမှာပါ။

Image: Samsung

Galaxy A06 စမတ်ဖုန်းအသစ်ကို နီးစပ်ရာ Samsung Showroom နဲ့ အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီးတော့၊  အသေးစိတ် ထပ်မံသိရှိလိုပါက Samsung Myanmar Facebook Page မှာလည်း ဝင်ရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။