ချောမွေ့တဲ့ ဂိမ်းကစားမှုအတွေ့အကြုံတွေနဲ့အတူ အကြမ်းခံနိုင်မဲ့ အမာကြောဆုံး OPPO A3 ဖုန်း ဗားရှင်းအသစ် ကို မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်
ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် OPPO က ဂိမ်းချစ်သူတွေအတွက် အထူးအနေနဲ့ နောက်ဆုံးပေါ် OPPO A3 ဗားရှင်းအသစ်ကို ဒီကနေ့မှာ မြန်မာနိုင်ငံဈေးကွက်ထဲသို့ ၈၀၉,၉၀၀ ကျပ်ဖြင့် စတင်မိတ်ဆက်လိုက်ပါတယ်။ နောက်ဆုံးပေါ် A Series စမတ်ဖုန်း အမှတ်တံဆိပ်တွေထဲကမှ “အကြမ်းပတမ်းသုံး OPPO A3 Series ဖုန်း”ဆိုတဲ့ ဆောင်ပုဒ်နဲ့ ထွက်ရှိလာတဲ့ OPPO A3 Series ရဲ့ နောက်ထပ် ဗားရှင်းတစ်မျိုးဟာလဲ ယခင် ရှေ့က OPPO A3 လိုမျိုး Military-Grade Shock Resistance နဲ့ SGS Premium Certification ရရှိထားတာကြောင့် ဘက်စုံ အကြမ်းခံနိုင်တဲ့အပြင် ပိုမိုများပြားလာတဲ့ ROM Storage နဲ့အတူ သုံးစွဲသူတွေ စိတ်တိုင်းကျစေနိုင်မဲ့ Gaming Assistance ပါ ထပ်မံပါရှိလာမှာဖြစ်ပါတယ်။ အလင်းအား 1,000nits Ultra Bright Display၊ 300% Ultra Volume Mode၊ Snapdragon 6s 4G Gen1 မိုဘိုင်းပလက်ဖောင်းနဲ့အတူ ယခင် OPPO A3 ဗားရှင်းထက် ပိုပြီး ပမာဏများပြားတဲ့ Memory နဲ့ Storage တို့ ပါရှိလာတဲ့ OPPO A3 ဗားရှင်းအသစ်ဟာ ဂိမ်းဆော့တာတွေကနေ ဗီဒီယိုကြည့်ရှုတာတွေအထိ အဆင်ပြေချောမွေ့စေမှာဖြစ်သလို ဖျော်ဖြေရေးအတွေ့အကြုံများကို အရှိန်မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပိုမိုများပြားတဲ့ Memory နဲ့ Storage တို့ပါရှိလာတဲ့ OPPO A3 Series ရဲ့ ဗားရှင်းအသစ်ကို ဒီကနေ့ နိုဝင်ဘာ ၁ ရက်နေ့မှ ၈၀၉,၉၀၀ ကျပ်ဖြင့် စတင်ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး ဝယ်ယူသူတွေအားလုံးကို လက်ဆောင်အဖြစ် OPPO AI တံဆိပ်ပါ Tote Bag တွေကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ယခင်ထွက်ရှိခဲ့တဲ့ OPPO A3(6+128) ဗားရှင်းဟာ သုံးစွဲသူတွေအကြား အတော်လေး နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ခဲ့သလို ယခု OPPO A3(6+256) ဗားရှင်းအသစ်မှာတော့ အကြမ်းခံပြီး မာကြောတဲ့အပြင် ဂိမ်းကစားရတာ သဘောကျသူတွေအတွက် အထူးပြုပြီး ထုတ်လုပ်လာတာဖြစ်ပါတယ်။
Image: OPPO
ပိုမို ကောင်းမွန် ချောမွေ့တဲ့ ဂိမ်းကစားမှုအတွေ့အကြုံတွေ ရရှိမဲ့ OPPO A3
အခုထွက်ရှိလာတဲ့ Memory ပိုများပြီး Storage ပိုမို ဆံ့တဲ့ OPPO A3 Series ရဲ့ ဗားရှင်းအသစ်မှာဆိုရင် အရင် ဗားရှင်းနဲ့မတူတာက Game Assistant ပါဝင်လာတာဖြစ်ပါတယ်။ OPPO A3 ဗားရှင်းအသစ် ရဲ့ Game Assistant က ဂိမ်းပွဲစပြီဆိုတာနဲ့ စတင်အလုပ်လုပ်မှာဖြစ်ပြီး ဒီ Game Assistant ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ ဂိမ်းဆော့နေစဉ် ပြင်ပက ဖုန်းခေါ်ဆိုမှုတွေ ၊ Notification တွေနဲ့ နှိုးစက်တွေအားလုံးကို ခေတ္တရပ်တန့်ထားမှာ ဖြစ်ပါတယ်။ Gaming Mode ကို ဖွင့်ထားလိုက်မယ်ဆိုရင်လဲ ဖုန်းရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပိုပြီး မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါတင်သာမက ဂိမ်းပွဲထဲမှာ စကားပြောဆိုဆက်သွယ်တဲ့အခါ ကိုယ့်ရဲ့ အသံကို အသံ အနိမ့်အမြင့် ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ယခုတစ်ခေါက် OPPO A3(6+256) ဗားရှင်းမှာဆိုရင် ROM အားဖြင့် 256GB အထိ ရှိလာမှာ ဖြစ်တာကြောင့် Game Storage အတွက်လဲ အထောက်အကူပြုလာမှာ ဖြစ်ပါတယ်။
Image: OPPO
လူငယ်ဆန်ဆန် တောက်ပကျော့ရှင်းတဲ့ ဒီဇိုင်းနဲ့အတူ မာကြောပြီး အကြမ်းခံတဲ့ OPPO A3
သုံးစွဲသူတွေအတွက် ရည်ရွယ်ကာ အထူးတည်ဆောက်ပုံဖော်ထားတဲ့ OPPO A3 Series ရဲ့ ဗားရှင်းအသစ်ကို Double-tempering Glass နဲ့အတူ ဖန်တီးထားတာဖြစ်ပါတယ်။ ဒါတင်သာမက အလွန်ကောင်းမွန်တဲ့ အကြမ်းခံမှုကို အသိအမှတ်ပြုထားတဲ့ Military-Grade Shock Resistance အတွက် MIL-STD 810H Certification နှင့် SGS Premium Certification တို့ ရရှိထားတဲ့ OPPO A3 Series ရဲ့ ဗားရှင်းအသစ်မှာဆိုရင် Multi Liquid Resistance ပါရှိတာကြောင့် ရေ သာမက တခြားသော အရည်တွေဖြစ်တဲ့ နို့ ၊ ကော်ဖီ ၊ လက်ဖက်ရည် ၊ အရက် ၊ ဝိုင် ၊ စွပ်ပြုတ်တွေ ဖိတ်စဉ်မှုကနေလဲ ကာကွယ်ပေးနိုင်ပါတယ်။ Splash Touch ပါရှိမှုကြောင့် ဖုန်းမျက်နှာပြင်ရေစိုနေချိန်မှာတောင် လေးပင်ခြင်းမရှိဘဲ ဆက်လက်အသုံးပြုနေနိုင်တာကလဲ OPPO A3 ရဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။
OPPO A3 Series ရဲ့ ဗားရှင်းအသစ်ဟာ Starlight White နဲ့ Sparkle Black ဆိုပြီး အရောင် နှစ်မျိုးနဲ့အတူ ထွက်ရှိလာမှာဖြစ်ပြီး Starlight White ဟာ အမှောင်ကမ္ဘာထဲမှာ တောက်ပနေတဲ့ ပုံဆောင်ခဲသဖွယ် ကြည်လင်တောက်ပမှုကို ပေးစွမ်းနိုင်ပြီး အသန့်ရှင်းဆုံးအဖြူရောင်နဲ့အတူ Glossy Panel ကို သုံးပေးထားတာကြောင့် ကြည်လင်နေတဲ့ ဒီဇိုင်းကို ကြိုက်နှစ်သက်သူတွေအတွက်တော့ အထူးနှစ်ခြိုက်ဖွယ်ဖြစ်ပါတယ်။
Image: OPPO
ဂိမ်းကစားမှုတွေအတွက် ကြာရှည်ခံနိုင်ရည်ရှိတဲ့ ဘက်ထရီသက်တမ်း
OPPO A3 Series မှာဆိုရင် 5100 mAh ဘက်ထရီကိုယ်ထည်နဲ့အတူ 45W SUPERVOOC Flash Charge ပါဝင်ခြင်းကြောင့် အားကြာရှည်ခံကာ ပိုမို ဘေးကင်း ကောင်းမွန်တဲ့ အားသွင်းနိုင်စွမ်းကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ Smart Charging မှ တစ်ဆင့် သုံးစွဲသူတစ်ဦးချင်းစီရဲ့ သီးခြားအားသွင်းမှုအလေ့အကျင့်များနဲ့အညီ သေချာ ပိုင်းခြားပေးကာ ဘက်ထရီကိုလဲ အလိုအလျောက် အားသွင်းနိုင်စေမဲ့အပြင် ဘက်ထရီသက်တမ်းကိုလဲ ၄ နှစ်ကျော်ကြာ အထိ အာမခံသက်တမ်းနဲ့အတူ အသုံးခံနိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။
Image: OPPO
ဂိမ်းအတွေ့အကြုံများကို ပိုမိုချောမွေ့သေချာစေတဲ့ အကောင်းဆုံး Hardware နဲ့ ဖျော်ဖြေရေးလုပ်ဆောင်ချက်များ
OPPO A3 Series ဟာ Snapdragon 6s 4G Gen1 Mobile Platform ဖြင့် အားဖြည့်ထားတာကြောင့် အားသုံးစွဲမှု နည်းပါးသလို စွမ်းဆောင်ရည်ကိုလဲ ထိရောက်စွာ လုပ်ဆောင်ပေးနိုင်တာဖြစ်ပါတယ်။ အခုထွက်ရှိလာတဲ့ ဗားရှင်းမှာဆိုရင် 6GB Memory နဲ့အတူ Storage အားဖြင့် 256GB ပါရှိလာတာကြောင့် OPPO A3 ဗားရှင်းအသစ် ဖုန်းတွေဟာ ဂိမ်းကစားခြင်းတိုင်းအတွက် အချိန်တိုင်းချောမွေ့တဲ့ လုပ်ဆောင်မှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ColorOS 14 ရဲ့ Trinity Engine ကလဲ အဆင့်မြင့် ကွန်ပျူတာပါဝါမော်ဒယ်များမှ တစ်ဆင့် ကွန်ပျူတာအရင်းအမြစ်များအတွက် တိကျစွာ အချိန်ဇယားဆွဲခြင်းဖြင့် Turbocharge စွမ်းဆောင်ရည်ကို ပိုမိုထိရောက်စေနိုင်မှာဖြစ်ပါတယ်။ ဒီလိုတီထွင်ဆန်းသစ်မှုနှစ်ခုကြောင့် OPPO A3 Series ရဲ့ 6GB RAM + 128GB ROM ထုတ်ဝေမှုကနေ OPPO ရဲ့ 36 လကြာ Fluency Protection စမ်းသပ်မှုကို အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
ချောမွေ့သွက်လက်တဲ့ ဂိမ်းကစားမှုအတွေ့အကြုံနဲ့အတူ ဈေးနှုန်းတူ ဖုန်းများအကြား အမာကြောဆုံး ဖြစ်တဲ့ OPPO A3 Series ရဲ့ OPPO A3 (6+256) ဗားရှင်းအသစ်ကို ၈၀၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး ဝယ်ယူသူများအတွက် OPPO AI တံဆိပ်ပါ Tote Bag တွေကို လက်ဆောင်အဖြစ် ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ဈေးတန်တဲ့ စမတ်ဖုန်းတွေအကြား အမာကျောဆုံးလို့ ဆိုရလောက်မဲ့ OPPO A3 Series နဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက OPPO Myanmar Official Facebook Page – https://tinyurl.com/3zc6jfuj၊ Website – https://bit.ly/3XXgwUy၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။