မြန်မာနိုင်ငံတွင် အန္တရာယ်ရှိသော အချက်အလက်မှားများကို တိုက်ဖျက်ရန် TikTok ၏ ကတိက၀တ်ပြုလုပ်ဆောင်ချက်များ

TikTok သည် လူသန်းပေါင်း တစ်ထောင်ကျော်က ၎င်းတို့အတွက် အရေးပါသော ခေါင်းစဉ်များဖြင့် အကြောင်းအရာကို ဖန်တီးမျှဝေသည့်နေရာဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် မူရင်းစစ်မှန်သည့်အကြောင်းအရာများကို ရှာဖွေကြည့်ရှုနိုင်ပြီး စစ်မှန်သောသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်သည့် လုံခြုံစိတ်ချရပြီး အစစ်အမှန်ဖြစ်သောနေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် TikTok က ကြိုးစားလျက်ရှိပါသည်။ လူမှုအသိုင်းအဝိုင်းကို အန္တရာယ်ရှိသော အချက်အလက်အမှားများမှ ကာကွယ်ခြင်း၊ ဆင့်ကဲပြောင်းလဲနေသည့် အချက်အလက်အမှားများ၏ အလားအလာများကို တုံ့ပြန်လုပ်ဆောင်ရန်အတွက် (TikTok ၏ ကမ္ဘာလုံးဆိုင်ရာ အချက်အလက်စစ်ဆေးရေး ပရိုဂရမ် အပါအဝင်) ကျွမ်းကျင်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လူမှုအသိုင်းအဝိုင်းကို ခိုင်လုံတိကျသော အချက်အလက်များဖြင့် မြှင့်တင်ပေးပြီး အစစ်အမှန်ဖြစ်သော ဖော်ပြချက်ကို အားပေးတိုက်တွန်းလျက်ရှိပါသည်။

အန္တရာယ်ရှိသော အကြောင်းအရာမှ လူများကို ကာကွယ်ပေးခြင်း

ကမ္ဘာလုံးဆိုင်ရာ လူမှုအသိုင်းအဝိုင်းတွင် သုံးစွဲသူများအနေဖြင့် မတူကွဲပြားသော သဘောထားအမြင်များ ပိုင်ဆိုင်ကြသည်မှာ သဘာဝဖြစ်သော်လည်း သုံးစွဲသူများ၏ ဘေးကင်းမှုကို သက်ရောက်သည့် ခေါင်းစဉ်များနှင့်ပတ်သက်လာသည့်အခါတွင်မူ TikTok အနေဖြင့် အများလက်ခံထားသည့် အချက်အလက်များနှင့် အစစ်အမှန်ဖြစ်မှုနှင့် လိုက်လျောညီထွေရှိအောင် လုပ်ဆောင်ရမည်ဖြစ်ပါသည်။ လူများကို ကာကွယ်ရာတွင် TikTok ၏ လုပ်ဆောင်မှုသည် မဏ္ဍိုင်သုံးရပ်ဗျူဟာ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး သုံးစွဲသူတစ်ဦးချင်းစီနှင့် ပိုမိုကျယ်ပြန့်သော အသိုင်းအဝိုင်းနှစ်ခုလုံးကို အကာအကွယ်ပေးရန် အရေးကြီးကြောင်း အလေးပေးထားပါသည်။

TikTok၏ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များအရ ပို့စ်တင်သူ၏ ရည်ရွယ်ချက်မှာ မည်သို့ပင်ရှိစေကာမူ လူတစ်ဦးချင်း သို့မဟုတ် လူမှုအဖွဲ့အစည်းကို သိသိသာသာ အန္တရာယ်ရှိစေနိုင်ပြီး တိကျမှု မရှိသော၊ နားလည်မှု လွဲမှားနိုင်သော သို့မဟုတ် အတုအယောင်ဖြစ်သော အချက်အလက်ကို တားမြစ်ပါသည်။ ၎င်းတွင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရရှိမှုသာမက ရွေးကောက်ပွဲများ သို့မဟုတ် အများပြည်သူကျန်းမာရေးဆိုင်ရာဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ယုံကြည်မှုကို ပျက်ပြားယုတ်လျော့စေခြင်းကဲ့သို့ လူမှုအဖွဲ့အစည်းနှင့်ဆိုင်သည့် အန္တရာယ်လည်း ပါဝင်ပါသည်။

TikTok တွင် ဆေးပညာ၊ ရာသီဥတုပြောင်းလဲမှုနှင့် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်မှားကဲ့သို့သော အချက်အလက်မှားအမျိုးအစားများသာမက နားလည်မှုလွဲမှားစေနိုင်သည့် AI ဖြင့် ပြုလုပ်ဖန်တီးထားသည့် အကြောင်းအရာ၊ လျှို့ဝှက်အကြံအစည်/ဖြစ်ရပ်ဆိုင်ရာ သီအိုရီများနှင့် သဘာဝဘေးအန္တရာယ်များကဲ့သို့ အများပြည်သူ ဘေးကင်းလုံခြုံမှု ကိစ္စရပ်များနှင့်ပတ်သက်၍ ခိုင်မာသည့် မူဝါဒများ ဖြင့် လုပ်ဆောင်နေပြီး အန္တရာယ်ရှိသော သတင်းမှားများ မပြန့်ပွားစေရန်အတွက် အဆိုပါမူဝါဒများကို ကျင့်သုံးလျက်ရှိပါသည်။

အကြောင်းအရာစိစစ်သုံးသပ်မှုနှင့် ဆိုင်သော ပွင့်လင်းမြင်သာမှုသည် မရှိမဖြစ် အရေးကြီးပါသည်။ TikTok ၏ အချက်အလက်မှားဆိုင်ရာ မူဝါဒများကို ချိုးဖောက်သည့်အတွက် အသုံးပြုသူ၏ အကြောင်းအရာကို အရေးယူသည့်အခါ ဝင်စာအသိပေးချက်မှသာမက ဘေးကင်းလုံခြုံမှုစင်တာရှိ “Account Status” စာမျက်နှာမှ တစ်ဆင့်လည်း ၎င်းတို့ကို အသိပေးပြီး မှားယွင်းအရေးယူခံရသည်ဟု ယူဆပါက ၎င်းတို့အနေဖြင့် အယူခံတင်နိုင်ပါသည်။ ပွင့်လင်းမြင်သာမှုကို အာမခံခြင်းဖြင့် သုံးစွဲသူ၏ ယုံကြည်မှုကို အားဖြည့်ပေးရုံသာမက တာဝန်ယူမှုတာ၀န်ခံမှုကိုလည်း အားပေးပါသည်။

Image: TikTok

ကျွမ်းကျင်သူများနှင့် ပူးပေါင်းခြင်း

TikTok သည် တိကျစွာ ထိန်းချုပ်နိုင်ရန်၊ ဒေသတွင်း အကြောင်းအရာများကို နားလည်ရန်နှင့် လူမှုအသိုင်းအဝိုင်းအား ယုံကြည်စိတ်ချရသော အချက်အလက်များဖြင့် ပံ့ပိုးပေးရန်အတွက် ကမ္ဘာတစ်ဝန်းရှိ ကျွမ်းကျင်သူများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် TikTok ၏ ကာကွယ်ရေး အစီအမံများ၏ ထိရောက်မှုကို မြှင့်တင်ပေးပြီး ကြိုတင်ပြင်ဆင်နိုင်သော နည်းလမ်းများကို သိရှိစေပါသည်။

ကမ္ဘာလုံးဆိုင်ရာ အချက်အလက်စစ်ဆေးရေး ပရိုဂရမ်မှ တစ်ဆင့် TikTok သည် ဘာသာစကား ၅၀ ကျော်နှင့် ဒေသပေါင်း ၁၀၀ ကျော်တွင် အကြောင်းအရာတိကျမှန်ကန်မှုကို အကဲဖြတ်နိုင်ရန် IFCN မှ အသိအမှတ်ပြုထားသော အချက်အလက်စစ်ဆေးရေးအဖွဲ့အစည်းပေါင်း ၂၀ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ဤမိတ်ဖက်များသည် TikTok ပေါ်ရှိ အကြောင်းအရာများကို တိုက်ရိုက်စိစစ်မှု မပြုဘဲ တိကျမှန်ကန်မှုရှိစေရန်အတွက် အဆိုပြုချက်များကို အကဲဖြတ်ပေးပါသည်။ အချက်အလက်စစ်ဆေးသူများသည် အန္တရာယ်ရှိသည့် သတင်းအမှားများကို ဖော်ထုတ်နိုင်ရန်နှင့် ခေတ်စားလာမည့် အကြောင်းအရာများကို ကြိုတင်သိရှိနိုင်ရန်အတွက် ပံ့ပိုးပေးပြီး TikTok မှ ကြီးကြပ်သူများသည် လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များနှင့်အညီ သင့်လျော်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ကြောင်း သေချာစေရေးအတွက်လည်း ကူညီပေးပါသည်။

ဒေသတွင်း ကျွမ်းကျင်မှုသည် TikTok ၏ ကြိုးပမ်းအားထုတ်မှုများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ TikTok သည် နိုင်ငံတကာအချက်အလက်စစ်ဆေးရေးကွန်ရက်မှ အသိအမှတ်ပြုထားပြီး ဆိုရှယ်မီဒီယာနှင့် Short-form ဗီဒီယိုများတွင် သတင်းအမှားများကို အကဲဖြတ်ရာတွင် အတွေ့အကြုံရှိသော ပြည်တွင်းအခြေစိုက် အဖွဲ့အစည်းများနှင့် လက်တွဲ၍ ဦးစားပေးလုပ်ဆောင်လျက်ရှိပါသည်။ ဤဒေသတွင်း ကျွမ်းကျင်မှုသည် TikTok ၏ အစီအစဉ်ကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်ချဲ့ထွင်ရာတွင် မတူညီသော ဒေသများရှိ ထူးခြားသော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်စေပါသည်။

ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များဖြင့် လူမှုအသိုင်းအဝိုင်းကို မြှင့်တင်ပေးခြင်း

အကြောင်းအရာနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ခြင်းအပြင် TikTok သည် သတင်းအမှားများကို ခွဲခြားသိရှိနိုင်ရန်၊ အကြောင်းအရာများကို ဝေဖန်သုံးသပ်နိုင်ရန်နှင့် ဥပဒေကို ချိုးဖောက်သော အကြောင်းအရာများကို အစီရင်ခံတင်ပြနိုင်ရန်အတွက် လူမှုအသိုင်းအဝိုင်းကို မီဒီယာတတ်မြောက်မှုဆိုင်ရာ အရင်းအမြစ်များဖြင့် ပံ့ပိုးပေးခြင်းဖြင့် သတင်းအမှားများကို ကြိုတင်ကာကွယ်နိုင်ရန် စဉ်ဆက်မပြတ်လုပ်ဆောင်နေလျက်ရှိပါသည်။ ၎င်းတို့တွင် အောက်ပါအချက်များ ပါဝင်သည် –

  • အတည်မပြုရသေးသော၊ အန္တရာယ်ရှိနိုင်သော အကြောင်းအရာများကို မမျှဝေမီ ကြည့်ရှုသူများကို ထပ်မံစဉ်းစားဆုံးဖြတ်ရန် အသိပေးခြင်း
  • အတည်မပြုထားသော အကြောင်းအရာအညွှန်းများအတွက် AI ဖြင့် ဖန်တီးထားသော အကြောင်းအရာများအတွက် Labeling Tool နှင့် ထင်ရှားသော အကောင့်များ၏ စစ်မှန်မှုကို အတည်ပြုရန်အတွက် Blue “verified” စစ်ဆေးမှုများ ပံ့ပိုးပေးခြင်း
  • ကျန်းမာရေး၊ ရွေးကောက်ပွဲ သို့မဟုတ် ဖြစ်ပွားနေဆဲ ပြဿနာများကဲ့သို့ ထိခိုက်လွယ်သော အကြောင်းအရာများ ရှာဖွေခြင်းအတွက် ခိုင်မာသော သတင်းအချက်အလက်များသို့ လမ်းညွှန်ပေးခြင်းနှင့် သက်ဆိုင်ရာ Hashtag စာမျက်နှာများနှင့် LIVE အကြောင်းအရာများတွင် သတင်းအကြောင်းအရာ အသိပေးချက်များကို ဖြည့်စွက်ပေးခြင်း
  • ကြည့်ရှုသူများ အကြောင်းအရာ အရင်းအမြစ်များကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်ရန်အတွက် နိုင်ငံအစိုးရနှင့်ဆက်စပ်သည့်မီဒီယာဟု အညွှန်းထည့်ပေးခြင်း

ဤ Tool များသည် TikTok ၏ အကြောင်းအရာအပေါ် ထိန်းညှိပေးသည့် ကြိုးပမ်းမှုများကို လိုက်လျောညီထွေဖြစ်စေပြီး အသုံးပြုသူများကို ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို ရှာဖွေရာတွင် လိုအပ်သော အသိပညာနှင့် အရင်းအမြစ်များကို ပံ့ပိုးပေးပါသည်။

အကာအကွယ်ပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လုပ်ပိုင်ခွင့်ပေးခြင်းများအပေါ် TikTok ၏ ချဉ်းကပ်မှုသည် ရှုထောင့်ပေါင်းစုံမှ သတင်းအမှားများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် မဟာဗျူဟာကျ နည်းလမ်းတစ်ခုကို ဖန်တီးပေးပါသည်။ ဘေးကင်းလုံခြုံသော နေရာတစ်ခုအဖြစ် ဆက်လက်ထိန်းသိမ်းခြင်း၊ တိကျမှန်ကန်မှုအတွက် ကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အသုံးပြုသူများကို အကြောင်းအရာများကို ဝေဖန်ပိုင်းခြားနိုင်ရန် Tool များ ပံ့ပိုးပေးခြင်းတို့ဖြင့် TikTok သည် မြန်မာနိုင်ငံအပါအဝင် စစ်မှန်ပြီး သတင်းအချက်အလက် ပြည့်ဝသော ကမ္ဘာလုံးဆိုင်ရာ အသိုင်းအဝိုင်းကို မြှင့်တင်ပေးရန် ၎င်း၏ကတိကဝတ်ကို ထပ်မံအတည်ပြုလိုက်ပါသည်။