ထရူးမန်းနီး မြန်မာ နှင့် U9 တို့ နာလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

နည်းပညာသုံး ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများတွင် ဈေးကွက်ဦးဆောင်နေသော ထရူးမန်းနီးမြန်မာ နှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများတွင် ယုံကြည်မှု နှင့် ဈေးကွက်အခိုင်အမာ ရရှိထားသော U9 တို့မှ မိတ်ဖက်ပါတနာအဖြစ် နားလည်မှုစာချွန်လွှာ MOU ရေးထိုးခဲ့ကြပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် သုံးစွဲသူတစ်ဦးတစ်ယောက်ချင်းစီနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို နိုင်ငံတစ်ဝန်းပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်စေရန်နှင့် လိုအပ်ချိန်တိုင်းတွင် ယုံကြည်စိတ်ချရသော လက်တွေ့ကျသည့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်ခြင်းဖြစ်ပါသည်။

No alternative text description for this image

Image: TrueMoney

မိတ်ဖက်ပါတနာအဖြစ် ပူးပေါင်းမှုမှတစ်ဆင့် အသုံးပြုသူများ၏ ဒီဂျစ်တယ် နည်းပညာဆိုင်ရာ ဆက်သွယ်ရေးနှင့် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းလာနိုင်ရုံသာမက ရပ်ရွာလူထု၏ အကျိုးစီးပွားနှင့် အခွင့်အရေးကောင်းများကိုပါ တစ်ပါတည်း ဆောင်ယူလာနိုင်မည်ဖြစ်ပါသည်။

ယခုလို ထရူးမန်းနီးမြန်မာ နှင့် U9 တို့၏ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာပြည်သူများအတွက် နေ့စဉ် လူမှုရေးဆိုင်ရာ ကိစ္စများမှ အစ စီးပွားရေးဆိုင်ရာ လိုအပ်ချက်များအထိ အပြုသဘောဆောင်သော ပြောင်းလဲမှုများကို ဖော်ဆောင်လာနိုင်မည်ဖြစ်ကြောင်းကိုလည်း ထရူးမန်းနီး မြန်မာအနေနှင့် ယုံကြည်မှုရှိကြောင်းကိုလည်း ဖော်ပြထားပါသည်။