iStock Customer တွေအတွက် GenAI ဝန်ဆောင်မှုအသစ်မိတ်ဆက်လိုက်တဲ့ Getty Images
Stock Media Company ဖြစ်တဲ့ Getty Images ဟာ အရည်အသွေးကောင်းမွန်တဲ့ ဓာတ်ပုံတွေကို တစ်နေရာတည်းမှာအလွယ်တကူရှာဖွေ ရရှိနိုင်တဲ့ Platform တစ်ခုအဖြစ်အားလုံးသိထားကြပါတယ်။ Getty Images ဟာ သူ့ရဲ့ Platform ကို AI တွေပေါ်ပေါက်နေတဲ့ကာလမှာ အဆင့်မြှင့်တင်တဲ့အနေနဲ့ Getty Platform ပေါ်မှာရှိတဲ့ iStock stock ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အခြေခံပြီး လေ့ကျင့်ပေးထားတဲ့ AI Model တစ်ခုကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ထူးခြားချက်တစ်ခုအနေနဲ့ Getty ရဲ့ AI ဖန်တီးပေးလိုက်တဲ့ဓာတ်ပုံတွေ၊ ဗီဒီယိုတွေဟာ Licensable လိုင်စင်လျှောက်ထားပြုလုပ်လို့ရတယ်လို့ သိရပါတယ်။
ဒီ AI ဝန်ဆောင်မှုကို Nvidia ကပါဝင်အားဖြည့်ပေးထားပြီး လူသိများတဲ့ Product, လူပုဂ္ဂိုလ်၊ နေရာတွေနဲ့ အခြား Copyright ပြုလုပ်ထားတဲ့ အရာတွေကို ကာကွယ်ပေးဖို့ဆိုပြီးလည်း Getty ဘက်ကပြောထားပါသေးတယ်။ iStock Customer တွေအနေနဲ့ ဘာသာစကားပေါင်း ၇၅ မျိုးအထိ AI ကို ခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံကို Generative ပြုလုပ်ခိုင်းပြီးတာနဲ့ ပြန်လည်ပြင်ဆင်မှုတွေလုပ်မလား၊ အသစ်တစ်ခု လုပ်မလားရွေးနိုင်မှာ ဖြစ်ပါတယ်။ Getty ရဲ့ AI ဝန်ဆောင်မှုကို API အသုံးပြုပြီး ရှိပြီးသား App တွေနဲ့ Plug-in အဖြစ် ပေါင်းစပ်အသုံးပြုနိုင်ဦးမယ်လို့လည်း သိရပါတယ်။
A range of images created with Getty’s new Generative AI by iStock. Image Credits: Getty Images
Getty ရဲ့ မိတ်ဆက်လာတဲ့ Generative AI ဝန်ဆောင်မှုကို Generated Image ပုံ (၁၀၀) အတွက် ၁၅ဒေါ် လာ ကျသင့်မှာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ iStock ရဲ့ Generative AI ကိုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ Customer တွေအနေနဲ့ သူတို့ဖန်တီးနိုင်စွမ်းရှိရင် ရှိသလောက် AI ကိုလွယ်လွယ်ကူကူ၊ ဈေးနှုန်းသက်သက်သာသာနဲ့ Legal ဖြစ်မဖြစ် ဘာမှကြောက်စရာမလိုဘဲ အသုံးပြုနိုင်စေချင်တာပါ” လို့ iStock ရဲ့ Chief Product Officer Grant Farhall က ပြောကြားခဲ့ပါတယ်။