အမိုက်စား ပြောင်းလဲမှုတွေနဲ့ Galaxy AI ပါဝင်လာတဲ့ Galaxy Z Fold6, Z Flip6 တို့ကို Galaxy Unpacked အခမ်းအနားကြီးကတစ်ဆင့် ကမ္ဘာတစ်ဝှမ်းမှာ စတင်မိတ်ဆက်

Samsung ရဲ့ စွမ်းဆောင်ရည် အမြင့်မားဆုံး Galaxy AI နည်းပညာတွေကို ထည့်သွင်းပေးထားတဲ့ နောက်ဆုံးပေါ် Galaxy Z Series စမတ်ဖုန်းတွေ ဖြစ်ကြတဲ့ Galaxy Z Fold6 နဲ့ Galaxy Z Flip6 အပြင် Galaxy Wearables အသစ် – Galaxy Watch7, Galaxy Buds3 နဲ့ Galaxy Buds3 Pro ထုတ်ကုန်သစ်တွေကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ မြန်မာစံတော်ချိန် ည ၇း၃၀ အချိန်၊ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်မှာ Galaxy Unpacked အခမ်းအနားကြီးနဲ့အတူ ကမ္ဘာတဝန်း ကို မိတ်ဆက်ပြသခဲ့ပါတယ်။

Image: Samsung

မြန်မာနိုင်ငံမှာလည်း ဒီ Galaxy Unpacked အခမ်းအနားကြီးကို တိုက်ရိုက်ကြည့်ရှုခံစားနိုင်ဖို့အတွက် Galaxy Unpacked Premiere ကို စိတ်လှုပ်ရှားစရာ အစီအစဉ်များနဲ့အတူ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီ အခမ်းအနားကိုတော့ Team Galaxy အဖွဲ့ဝင်များ ဖြစ်ကြတဲ့ ပန်းရောင်ခြယ်၊ ပိုးမမှီသာနဲ့ မေတိုးခိုင် အပါအဝင် နာမည်ကျော် အနုပညာရှင်များနဲ့ Gamers များ၊ မီဒီယာများ၊ Tech Bloggers များနဲ့ Samsung Myanmar မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

အသစ်ထွက်ရှိလာတဲ့ ပစ္စည်းအမျိုးအစား၊ အရောင်နဲ့ ဈေးနှုန်းများ

  • Galaxy Z Fold6 (12RAM/ 256ROM) – ၈,၅၈၅,၀၀၀ ကျပ် (Silver Shadow, Navy, Pink, Crafted Black)
  • Galaxy ZFlip6 (12RAM/ 256ROM) – ၅,၅၅၅,၀၀၀ ကျပ် (Blue, Mint, Silver Shadow, Yellow)
  • Galaxy Watch7 (44mm) – ၁,၄၉၉,၀၀၀ ကျပ် (Green, Silver)
  • Galaxy Watch7 (40mm) – ၁,၃၆၉,၀၀၀ ကျပ် (Green, Cream)
  • Galaxy Buds3 – ၇၀၀,၀၀၀ (Silver, White)
  • Galaxy Buds3 Pro – ၉၇၅,၀၀၀ ကျပ် (Silver, White)

Image: Samsung

ဖော်ပြပါ ထုတ်ကုန်သစ်တွေကို ၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း http://smsng.co/GalaxyZseries-pre-social မှာ ဝင်ရောက်၍ Pre Order ကြိုတင်မှာယူနိုင်မှာဖြစ်ပြီး ကြိုတင်မှာယူမှု အထူးအကျိုးခံစားခွင့်များစွာကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက Samsung Showroom မှာဖြစ်စေ၊ Samsung Call Center ကိုဖြစ်စေ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။