Samsung ၏ အသစ်ထွက် Galaxy Watch7 နှင့် Buds3 စီးရီးတို့၏ ပြောင်းလဲတိုးတက်လာမှုများနှင့် Pre-Order မှာယူမှု အကျိုးခံစားခွင့်များ

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် Samsung Galaxy Unpacked အခမ်းအနား၌ Galaxy Foldable စီးရီးနှင့်အတူ နောက်ဆုံးပေါ် Galaxy Watch7, Galaxy Buds3 စီးရီးအသစ်တို့အားလည်း မိတ်ဆက်ခဲ့ပြီး Galaxy AI ပါဝင်လာသည့် အဆိုပါ Wearable Device များ၏ စွမ်းဆောင်ရည်များနှင့် တိုးတက်ပြောင်းလဲလာမှု များအားလည်း အဆိုပါ အခမ်းအနားတွင် မျှဝေပြသခဲ့သည်။

Image: Samsung

ပထမဦးဆုံးအကြိမ်အနေဖြင့် အသစ်ထွက် Galaxy Watch7 ၌ Galaxy AI လုပ်ဆောင်ချက် ထည့်သွင်းပေးလိုက်သည့် အတွက် အမြင့်မားဆုံးသော စွမ်းဆောင်ရည်များကို ပေးအပ်နိုင်တော့မည် ဖြစ်သည်။ Galaxy Watch7 သည် လေ့ကျင့်ခန်းအမျိုးအစားပေါင်း ၁၀၀ ကျော်ကို စောင့်ကြည့်မှတ်သား ပေးနိုင်သည့်အပြင် နေ့စဥ်လှုပ်ရှားသွားလာမှုဆိုင်ရာမှတ်တမ်းများနှင့် အကြံပြုချက်များကို ပေးပို့ နိုင်သည့်အတွက် ကျန်းမာသည့် ဘဝနေထိုင်မှုပုံစံ၊ မျှော်မှန်းထားသည့် ကိုယ်ခန္ဓာအချိုးအစား ရရှိနိုင်ရန် များစွာထောက်ပံ့ပေးနိုင်သည်။ Race လုပ်ဆောင်ချက်သည် ယခင်မှတ်တမ်းများနှင့် လက်ရှိ မှတ်တမ်းများ အား အချိန်နှင့်တစ်ပြေးညီ နှိုင်းယှဥ်ပြသပေးနိုင်သည့်အတွက် လှုပ်ရှားသွားလာမှုများ နှင့် လေ့ကျင့်ခန်းများအား ပိုမိုပြုလုပ်လာစေရန် တွန်းအားပေးနိုင်မည့်အပြင် Body Composition လုပ်ဆောင်ချက်ဖြင့် မိမိကိုယ်ခန္ဓာ အချိုးအစားအလိုက် ရှိသင့်သည့် ဘဝနေထိုင်မှုပုံစံများကိုလည်း ပိုမိုနားလည်စေမည်ဖြစ်သည်။

Image: Samsung

အသစ်ပါဝင်လာသည့် အဆင့်မြင့် AI algorithm ကြောင့် အိပ်စက်နေစဥ် စောင့်ကြည့်စစ်ဆေးခြင်း လုပ်ဆောင်ချက်၌ Sleep Apnea ဖြစ်လာနိုင်ချေရှိသည့် ကနဦးပြောင်းလဲမှုများကို တိုင်းတာနိုင်စွမ်း လည်း ပါရှိလာခဲ့သည်။ Heart Rate Monitoring မှလည်း မူမမှန်သည့် နှလုံးခုန်ချက်များအား စောင့်ကြည့်စစ်ဆေးပေးပြီး နှလုံးကျန်းမာရေး (ECG) နှင့် သွေးတွင်းဖိအား (Blood Pressure) စသည့် မိမိကျန်းမာရေးနှင့် ပတ်သက်သော အရေးကြီး အချက်အလက်များ အား ပိုမိုသိရှိနားလည်စေရန် ကူညီ ပေးသွားနိုင်မည် ဖြစ်သည်။

အဆင့်မြှင့်တင်ပေးထားသည့် BioActive Sensor မှ အသုံးပြုသူ၏ လက်ကောက်ဝတ်မှတစ်ဆင့် ပိုမိုတိကျသည့် တိုင်းတာချက်များအား တိုင်းတာပေးနေမည်ဖြစ်သည့်အပြင် Galaxy Watch7 ၌ ပထမဦးဆုံးအနေနှင့် ပါဝင်လာသည့် 3nm Processor ကြောင့် ပိုမိုလျှင်မြန်သွက်လက်ပြီး ချောမွေ့သည့် သုံးစွဲမှုအတွေ့အကြုံကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ ထို့အပြင် Dual-frequency GPS system မှလည်း လူဦးရေသိပ်သည်းသည့် မြို့ပြနေရာများ၌ပင် တိကျသည့် နေရာကို တိုင်းတာပြသပေးနိုင်ရန် ဆောင်ရွက်ပေးထားသည်။

Image: Samsung

Watch Band အား လိုသလို အလွယ်တကူ ပြောင်းလဲတပ်ဆင်နိုင်စေရန် One-Click Band ပါရှိလာသည့်အပြင် Watch Face များစွာကိုလည်း ထောက်ပံ့ပေးထားသည်။ Galaxy AI အကူအညီ ဖြင့် ပိုမိုကောင်းမွန်သင့်လျော်သည့် Suggested Replies များ အကြုံပြုနိုင်သည့်အပြင်၊ Double Pinch Gestures လုပ်ဆောင်ချက်ဖြင့် Galaxy စမတ်ဖုန်းနှင့် Galaxy Watch အကြား ပိုမိုချောမွေ့ ကောင်းမွန်သည့် ချိတ်ဆက်မှုအတွေ့အကြုံကိုလည်း ပေးစွမ်းနိုင်မည်ဖြစ်သည်။

နောက်ဆုံးပေါ် Galaxy Buds3 စီးရီးတွင်လည်း Galaxy AI ပါရှိလာသည့်အတွက် Galaxy Foldable စမတ်ဖုန်းများနှင့်တွဲဖက်၍ Interpreter လုပ်ဆောင်ချက်ကို အဆင်ပြေလွယ်ကူမှုအရှိဆုံး အသုံးပြုနိုင် မည် ဖြစ်သည်။ ထို့အပြင် earbuds အား လက်နှင့်ထိစရာမလိုပဲ ခိုင်းစေနိုင်သည့် Voice Command စနစ်၊ ကြည်လင်ပြတ်သားသော Active Noise Cancellation အသံအရည်အသွေးကို ရရှိစေမည့် Adaptive EQ နှင့် Adaptive ANC စနစ် အစရှိသည့် သူမတူ‌သော စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်များကိုလည်း Galaxy Buds3 စီးရီးများတွင် ထည့်သွင်းပေးထားသည်။ Galaxy Buds3 Pro တွင်လည်း အဆင့်မြှင့်တင်ထားသည့် Enhanced 2-way Speakers၊ Dual Amplifiers နှင့် ပိုမို ကြည်လင်ပြတ်သားစွာ ဖုန်းပြောဆိုနိုင်မည့် Super-Wideband လုပ်ဆောင်ချက်များ ကိုလည်း ထည့်သွင်းပေးထားသည်။

Pre-Order ကာလဖြစ်သည့် ဇူလိုင်လ ၁၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း Pre-Order အထူးဈေးနှုန်းများဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး Galaxy Fold6, Galaxy Flip6 တို့နှင့်အတူ Galaxy Wearable ထုတ်ကုန်များဖြစ်သည့် Galaxy Watch7, Buds3, Buds3 Pro တို့အား တွဲဖက်ဝယ်ယူမည်ဆိုပါက ၃၅% အထိ သက်သာနိုင်မည်ဖြစ်သည်။

Image: Samsung

ဈေးနှုန်းအားဖြင့် Galaxy Watch7 (40mm) အစိမ်းရောင် သို့မဟုတ် ခရင်မ်အရောင် အား ၁,၃၆၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ Galaxy Watch7 (44mm) အစိမ်းရောင် သို့မဟုတ် ငွေမှင်ရောင် အား ၁,၄၉၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း မှာယူနိုင်မည်ဖြစ်သည်။  Galaxy Buds3 နှင့် Buds3 Pro တို့အားလည်း ငွေမှင်‌ရောင်၊ အဖြူရောင် ၂ မျိုးမှ ရွေးချယ်နိုင်မည်ဖြစ်ပြီး ဈေးနှုန်းအားဖြင့် Buds3 အား ၇၀၀,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ Buds3 Pro အား ၉၇၅,၀၀၀ ကျပ်ဖြင့်လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်သည်။

မှာယူလိုသူများအနေနှင့် http://smsng.co/GalaxyWatchandBuds-pre ၌ စာရင်းသွင်း မှာယူနိုင်မည် ဖြစ်ပြီး အသေးစိတ်ထပ်မံသိရှိလိုပါက မြန်မာနိုင်ငံတစ်ဝှမ်းရှိ Samsung Showroom များနှင့် အရောင်းကိုယ်စားလှယ်ဆိုင်ကြီးများ၊ Samsung Myanmar ၏ တရားဝင် Website နဲ့ Facebook စာမျက်နှာများ၌ ဝင်ရောက်ကြည့်ရှုနိုင်သည်။