မကြာခင်စမတ်ဖုန်းဈေးကွက်ထဲရောက်ရှိလာနိုင်တဲ့ ကမ္ဘာ့ပထမဆုံး Tri-Folding Phone

Huawei အနေနဲ့ Tri-Folding Device အတွက် စမ်းသပ်မှုတွေပြုလုပ်နေတယ်လို့ Rumor တွေထွက်ရှိ ထားပေမယ့် Huawei ဘက်ကတော့ ဘာတစ်ခုမှထုတ်ပြန်ကြေငြာထားခြင်းမရှိသေးပါဘူး။ ဒါပေမယ့် Huawei ရဲ့  Huawei ရဲ့ Chairman ဖြစ်သူ အရင် CEO ဟောင်း Richard Yu က Tri-Folding Device နဲ့ဆင်တူတဲ့ ဖုန်းတစ်လုံး အသုံးပြုနေတဲ့ပုံတစ်ပုံထွက်ရှိလာခဲ့ပါတယ်။

ဒီ Device မှာတော့ ဘယ်ဘက်အခြမ်းအလည်လောက်မှာ Selfie ကင်မရာအတွက် နေရာလေးတစ်ခုရှိပြီးတော့ Device ပုံမှန် Folding Smartphone တွေဖြစ်တဲ့ Huawei mate X5, vivo X Fold3 Pro နဲ့ Samsung Galaxy Z Fold6 အမျိုးအစားတွေမှာတွေ့ရတဲ့ ခေါက်ရာတစ်ခုတည်းမဟုတ်ဘဲ နှစ်ခုပါဝင်နေတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ တရုတ် Social Network Weibo မှာ  Digital Chat Station က Leak ပြုလုပ်ခဲ့တဲ့ Tri-Folding Smartphone တွေ ဈေးကွက်အတွင်းဝင်ရောက်လာတော့မယ်ဆိုတဲ့ သတင်းက အမှန်ဟုတ်မဟုတ်လည်း သိလာရတော့မှာပါ။

Foldable Device တွေမှာ စမတ်ဖုန်းလောကထဲမှာရောက်ရှိတာ ဆယ်စုနှစ် တစ်ဝက် လောက်ရှိပြီဆိုပေမယ့် စမတ်ဖုန်းဈေးကွက်ထဲမှာ အသုံးပြုသူဦးရေ ၂ ရာခိုင်နှုန်းစွန်းစွန်းလောက်ပဲ အသုံးပြုကြ သေးတာကိုတွေ့ရပါတယ်။ ဒီလိုအချိန်မျိုးမှာ Tri-Folding Device တွေကတော့ အသုံးပြုသူတွေကို ဘယ်လိုမျိုး ဆွဲဆောင်နိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

ပုံမှာတွေ့ရတဲ့ Tri-Folding Device ကတော့ PRototype တစ်ခုဖြစ်နိုင်ပြီးတော့ Rumor တွေအရ Device မှာ အတွင်းနဲ့ အပြင်ခေါက်ချိုးလို့ရတဲ့ Hinge နှစ်ခုပါဝင်ပါတယ်။ မျက်နှာပြင်အရွယ်အစားအနေနဲ့ ၁၀ လက်မ ဝန်းကျင်လောက်ရှိပြီး ဖုန်းရဲ့အထူကတော့ ပုံမှန်ဖုံးတွေထက် အနည်းငယ်ပိုထူနေမယ်လို့ သိရပါတယ်။ Leak တွေအရ Tri-Foldign Device မှာ Kirin 9 Series Chipset ကိုထည့်သွင်းထားပြီးတော့ Huawei ရဲ့ Mate 70 မတိုင်ခင်မှာ မိတ်ဆက်လာနိုင်တယ်လို့လည်း ပြောထားပါသေးတယ်။