MPT ၏ မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း (၁၈၃) မြို့နယ်တွင် အသုံးပြုနိုင်ပြီ
MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို မြို့နယ်(၈) မြို့နယ်တွင် အသစ်ထပ်မံ တိုးချဲ့ဆောင်ရွက်လိုက်ပြီး ယခုအခါတွင် အဆိုပါဝန်ဆောင်မှုကို မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း (၁၈၃) မြို့နယ်တွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း MPT က ထုတ်ပြန်ကြေညာလိုက်ပါသည်။
Image: MPT
အဆိုပါဒေသများရှိ သုံးစွဲသူများသည် MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ကို ကနဦးတပ်ဆင်ခ ကင်းလွတ်ခွင့်နှင့်အတူ 3GB အထိ မိုဘိုင်းဒေတာများ၊ MPT အချင်းချင်း မိနစ် ၂၀၀ အထိ ဖုန်းခေါ်ဆိုခွင့် နှင့် MPT မိုဘိုင်းနံပါတ်များသို့ အကန့်အသတ်မရှိ စာတိုပေးပို့ခွင့်များပါဝင်သည့် ထပ်ဆောင်း အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။
MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဖြင့် သုံးစွဲသူများသည် မိမိတို့၏ နေအိမ်များတွင် အဆင်ပြေလွယ်ကူ၍ ယုံကြည်စိတ်ချရသော အင်တာနက်ချိတ်ဆက်မှု အတွေ့အကြုံများကို အချိန်မရွေး ရရှိခံစားနိုင်မည်ဖြစ်ပါသည်။ MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာ အင်တာနက် ဘေလ်ကို ၃ လ၊ ၆ လ (သို့မဟုတ်) ၁၂ လ ကြိုတင်ပေးချေခြင်းဖြင့် သုံးစွဲသူများသည် ၂ သိန်းကျပ် အထိ လျှော့စျေးများကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။
သုံးစွဲလိုသူများအနေဖြင့် အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ကို MPT ၏ အရောင်း ကိုယ်စားလှယ်များမှ တစ်ဆင့်သော်လည်းကောင်း၊ နီးစပ်ရာ MPT ရုံးများ၊ MPT ၏ Franchise ဆိုင်များ၊ Own shop များနှင့် MPT၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော https://mpt.com.mm/mm/dome-pyan-mm/ တို့မှ လည်းကောင်း လျှောက်ထားရယူနိုင်ကာ ဝန်ဆောင်မှု ရရှိနိုင်သည့်မြို့နယ် (၁၈၃) မြို့နယ်တို့၏ အချက်အလက်များကိုလည်း သိရှိနိုင်မည်ဖြစ်ပါသည်။
Image: MPT
MPT သည် သုံးစွဲသူများအတွက် လွယ်ကူရိုးရှင်းသော အွန်လိုင်းငွေပေးချေမှုကိုလည်း ဆောင်ရွက်ပေးထားပါသည်။ သုံးစွဲသူများအားလုံးအနေဖြင့် လွယ်ကူစွာ ငွေပေးချေနိုင်သည့်နည်းလမ်းများ နှင့် အသေးစိတ်အချက်အလက်ကို https://mpt.com.mm/mm/payment-channels-mm/ မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါသည်။ ထို့အပြင် သုံးစွဲသူများသည် E-invoice ငွေတောင်းခံလွှာဝန်ဆောင်မှုအတွက် https://einvoice.mpt.com.mm/#/Einvoice တွင် စာရင်းပေးသွင်းရယူနိုင်ပြီး မိမိတို့၏ ဖုန်းနံပါတ်နှင့် အီးမေးလ်ကို E-invoice Form တွင် ထည့်သွင်းပေးရန် လိုအပ်ပါသည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများ၏ ဒီဂျစ်တယ်ဘဝများကို မြှင့်တင်ပေးနိုင်ရန်အတွက် မြန်ဆန်သက်သာပြီး စိတ်ချယုံကြည်ရသည့် အင်တာနက်ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။ MPT ၏ မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုအကြောင်း ပိုမိုသိရှိလိုပါက hotline *2800# (သို့မဟုတ်) 18652800 သို့ခေါ်ဆိုပြီး (သို့မဟုတ်) 106 call center နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် တရားဝင် ဝက်ဘ်ဆိုက် တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။