Google ရဲ့ Notebook LM နဲ့ပူးပေါင်းဖန်တီးထားခဲ့တဲ့ Spotify Wrapped 2024
Spotify ရဲ့ နှစ်ကုန်ခါနီးတိုင်း ပြုလုပ်ပေးနေကျ Spotify Wrapped ဟာလည်း ၂၀၂၄ ခုနှစ်ကို နှုတ်ဆက် တဲ့အနေနဲ့ ထည့်သွင်းပေးလာပြီ ဖြစ်ပါတယ်။ Spotify Wrapped ဆိုတာကတော့ Spotify အသုံးပြု သူတွေ ဒီနှစ်အတွင်းနားထောင်ခဲ့တဲ့ သီချင်းအမျိုးအစား၊ အကြိုက်ဆုံးအဆိုတော်၊ နားထောင်ခဲ့တဲ့ သီချင်းအရေအတွက်၊ နားထောင်ခဲ့တဲ့ မိနစ်အရေအတွက်စတာတွေကို စုစည်းပြီး ဖော်ပြပေးတာဖြစ်ပါတယ်။ ဒီလို Personalized Summary အပြင် Spotify အနေနဲ့ 2024 Wrapped အတွက် Google ရဲ့ AI Summarization Tool တစ်ခုဖြစ်တဲ့ Notebook LM နဲ့ဖန်တီးထားတဲ့ AI-Powered Podcast ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ နောက်ထပ်အသစ်အနေနဲ့ ပါဝင်လာတာကတော့ “Your Music Evolution” ဆိုတဲ့ Spotify အသုံးပြုသူရဲ့ လွန်ခဲ့တဲ့နှစ်အတွင်း သီချင်းနဲ့ပက်သက်ပြီး စိတ်ဝင်စားမှု ပြောင်းလဲလာတာမျိုး၊ သီချင်းအမျိုးအစားတွေကို ဖော်ပြပေးတဲ့ Data Story ကိုလည်း မိတ်ဆက် ဖော်ပြထားပါတယ်။
Image: Spotify
Google ရဲ့ Gemini AI နဲ့ Notebook LM ပါဝင်လာတဲ့ ဒီနှစ်ရဲ့ Spotify Wrapped ဟာ အသုံးပြုသူတွေ အတွက် ၂၀၂၄ ခုနှစ်အတွင်း ကိုယ်အများဆုံးနားထောင်ခဲ့တဲ့ သီချင်းတွေ၊ အဆိုတော်တွေ၊ သီချင်း အမျိုးအစားတွေ ပါဝင်တဲ့ Personalized Audio Overview ကို ထည့်သွင်းပေးထားပါတယ်။ Spotify အနေနဲ့ ဒီ Wrapped ကို Podcast တစ်ခုပုံစံနဲ့ Personalized Audio ကို ဖန်တီးထားခဲ့တာဖြစ်ပါတယ်။ AI Technology ကို အသုံးပြုသူတွေစိတ်ဝင်စားကြတဲ့အတွက် Google နဲ့ Wrapped Feature အသစ်ကို ဖန်တီးဖို့ ပူးပေါင်းဖြစ်ခဲ့တာလို့ Spotify ဘက်ကပြောကြားခဲ့ပါသေးတယ်။
Image: Spotify
Wrapped “Podcast” ကို Spotify Application ရဲ့ Home Screen ကနေဖွင့်လိုက်မယ်ဆိုရင် AI Host က ကိုယ့်ရဲ့သီချင်းနားထောင်တာတွေနဲ့ပက်သက်ပြီး Listening Activity တွေကို Summary ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ သူပြောပြသွားတဲ့ AI-created Audio clip ကို ကိုယ့်ရဲ့ Mobile Device ထဲမှာ သိမ်းထားနိုင်သလို Social Media ကိုလည်းမျှဝေလို့ရပါသေးတယ်။ ဒီလုပ်ဆောင်ချက်က Free နဲ့ Paid User တွေအတွက် အချိန်အကန့်အသတ်နဲ့ပဲ အသုံးပြုနိုင်မယ်လို့သိရပါတယ်။
Image: Spotify
ဒီ ၂၀၂၄ ခုနှစ်မှာ Spotify အနေနဲ့ TikTok Feed နဲ့ TikTok Stories ကို သီချင်းတွေမျှဝေနိုင်တဲ့ လုပ်ဆောင်ချက်ထည့်သွင်းထားပြီဲး Social Media တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုကို အဆင့်မြှင့်တင် နေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဒါကလည်း အသစ်ထည့်သွင်းလိုက်တဲ့ Personalized AI Audio Experience ကို Social Media တွေဆီမျှဝေနိုင်ဖို့ ရည်ရွယ်ထားတာလည်း ဖြစ်နိုင်ပါတယ်။
Image: Spotify
Premium Subscriber တွေအတွက်ပါဝင်လာတဲ့ AI Feature ကတော့ Prompt ရိုက်ထည့်ပြီး အသုံးပြု သူရဲ့ Wrapped Experience ပေါ်မူတည်ပြီး AI Playlist ကို Generate လုပ်နိုင်မယ်လို့ သိရပါတယ်။ ဥပမာအနေနဲ့ Wrapped Artist ထဲက ထိပ်ဆုံး (၅) ယောက်ရဲ့သီချင်းတွေကို ဖွင့်ဖို့ Prompt ပေးနိုင်တာ မျိုးပါ။
ဒါပေမယ့် Spotify အနေနဲ့ Wrapped နဲ့ပက်သက်ပြီး အရင်နှစ်တွေကလောက်တော့ Personalized Data Stories ကို ထည့်သွင်းပေးထားတာမျိုးမရှိခဲ့ပါဘူး။ Spotify အနေနဲ့ Fun ဖြစ်ပြီး Viral Feature တွေဖြစ်တဲ့ အသုံးပြုသူရဲ့ Music Personality ကို သတ်မှတ်ပေးတာ၊ ကိုယ်နဲ့ Musical Taste တူတဲ့သူတွေကို ရှာနိုင်တာတွေနဲ့ Audio Aura ကို သတ်မှတ်ပေးတာမျိုးတွေကိုပဲ ဦးစားပေးထားခဲ့တာ ဖြစ်ပါတယ်။