စီးပွားရေးလုပ်ငန်းများ အခွင့်အလမ်းကောင်းများ ရရှိလာနိုင်မည့် ဆန်းသစ်သော Mini App စွမ်းဆောင်ရည်များအကြောင်း မိတ်ဆက်ပေးသော ဒုတိယအကြိမ် KBZPay Ecosystem Summit ကို ကမ္ဘောဇဘဏ်မှ ကြီးမှုးကျင်းပခဲ့

မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပြီး နိုင်ငံအတွင်း ဦးဆောင်မိုဘိုင်းပိုက်ဆံအိတ်တစ်ခုဖြစ်သည့် KBZPay အား စီမံခန့်ခွဲနေသော ကမ္ဘောဇဘဏ်သည် ဒုတိယအကြိမ်မြောက် KBZPay Ecosystem Summit အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် Wyndham Grand Yangon ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ နည်းပညာဆိုင်ရာ Developer များနှင့် KBZPay မှ တာဝန်ရှိသူများအပါအဝင် ပွဲတက်ရောက်သူဦးရေ ၃၀၀ တက်ရောက်ခဲ့ကြပြီး KBZPay ၏ ဂေဟစနစ်အတွင်း အခွင့်အလမ်းအသစ်များကို ရှာဖွေဆွေးနွေးရန် ဤအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

Image: KBZPay

ဤအခမ်းအနားသည် KBZPay Mini App Solution တစ်နည်းအားဖြင့် ကုန်သည်များနှင့် သန်းပေါင်းများစွာသော သုံးစွဲသူပြည်သူများအကြား အဟန့်အတားမဲ့ ချိတ်ဆက်နိုင်ရန် ကြားခံအဖြစ် ဆောင်ရွက်ပေးနေလျက်ရှိသည့် KBZPay ၏ Ecosystem အတွင်း ထည့်သွင်းထားသည့် အက်ပလီကေးရှင်းငယ်များ (သို့မဟုတ် အက်ပလီကေးရှင်းအတွင်းရှိ e-commerce ဆိုင်များ)၏ စွမ်းအားကို မြှင့်တင်ပေးရန် စီးပွားရေးလုပ်ငန်းများအား  ကမ္ဘောဇဘဏ်မှ ကူညီအားပေးသည့်အနေဖြင့် ကျင်းပသည့် ပွဲအခမ်းအနားများထဲမှ တစ်ခုဖြစ်ပါသည်။

၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သည့် ပထမအကြိမ်မြောက် KBZPay Ecosystem Summit ၏ အောင်မြင်မှုကို အခြေပြု၍ ကျင်းပခဲ့သော ဤဒုတိယအကြိမ်မြောက် အခမ်းအနား၌ KBZPay ၏ ထပ်မံတိုးချဲ့နေလျက်ရှိသည့် စွမ်းဆောင်နိုင်ရည်များ၊ KBZPay ဂေဟစနစ်တွင်းမှ Feature အသစ်များ၊ KBZPay Mini App ကုန်သည်များ၏ အောင်မြင်မှုများနှင့် စီးပွားရေး စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့် ခေတ်မီဆန်းသစ်သည့် ဖြေရှင်းနည်းများကို ဆွေးနွေးခဲ့ကြပါသည်။

ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းအောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် လူတိုင်းရာနှုန်း ပြည့် ပါဝင်နိုင်သော ဘဏ္ဍာရေးစနစ်ဖော်ဆောင်ရေးနှင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အနာဂတ်သစ်ကို အတူပူးပေါင်း လက်တွဲပုံဖော်ခြင်းအစရှိသည့် ကမ္ဘောဇဘဏ်၏ ကတိကဝတ်များအား ထပ်မံအတည်ပြုကာ ထည့်သွင်း ပြောကြားခဲ့ပါသည်။

Image: KBZPay

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ KBZPay ရဲ့ ဂေဟစနစ်ကနေတစ်ဆင့် စီးပွားရေးလုပ်ငန်းတွေ ပိုပြီး တိုးတက်အောင် ကူညီပေးရင်း မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် စီးပွားရေးကဏ္ဍကိုလည်း ကူညီပံ့ပိုးပေးဖို့ဖြစ်ပါတယ်။ KBZPay ရဲ့ Mini App တွေနဲ့ဆိုရင် သုံးစွဲသူတွေက ဝန်ဆောင်မှုတွေကို ပိုပြီးတော့ လွယ်လွယ်ကူကူ  ရယူနိုင်မယ့်အပြင်  စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း လူတွေနဲ့ ပိုပြီး ချိတ်ဆက်လာနိုင်မှာဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုတွေကလည်း အဆင်ပြေချောမွေ့လာမှာဖြစ်ပါတယ်။ သုံးစွဲသူဦးရေ ၁၈ သန်းနီးပါးနဲ့ ကျယ်ပြန့်လာတဲ့ ဂေဟစနစ်ထဲက ပိုပြီး များပြားလာတဲ့ Mini App တွေကြောင့် KBZPay ဟာ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုတွေနဲ့ e-commerce ကို အသုံးပြုပုံကို ပြောင်းလဲပေးနေလျက်ရှိပါတယ်။ KBZPay Ecosystem Summit လို ပွဲအခမ်းအနားတွေဟာ မိတ်ဖက်အသစ်တွေ ရရှိအောင်နဲ့ မိတ်ဖက်တွေအကြား ရင်းနှီးမှု ပိုမိုခိုင်မာစေဖို့အတွက် အခရာကျတဲ့ အခမ်းအနားတွေဖြစ်ပါတယ်။ ကျွန်တော်တို့ အတူတကွ အလုပ်လုပ်ကြတဲ့အခါမှာ စီးပွားရေးလုပ်ငန်းတွေနဲ့ Developer တွေဟာ KBZPay platform ကို သေသေချာချာ အသုံးချနိုင်မှာဖြစ်ပြီးတော့ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ပြည်သူတွေဆီကို ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှုတွေကို ဆောင်ကြဉ်းပေးနိုင်မှာဖြစ်ပါတယ်။” ဟူ၍ ကမ္ဘောဇဘဏ်လီမိတက် အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းအောင်မှ ပြောကြားခဲ့ပါသည်။

“စွန့်ဦးလုပ်ငန်းရှင်တွေနဲ့ စီးပွားရေးလုပ်ငန်း ကြီးကြီးငယ်ငယ်၊ အားလုံးအနေနဲ့ KBZPay Ecosystem Summit ကနေ စိတ်ကူးစိတ်သန်းအသစ်တွေ ရရှိကြပြီး KBZPay Mini App solution ကို အသုံးချပြီးတော့ အောင်မြင်တိုးတက်မှုရှိနိုင်တယ်ဆိုတာကို မြင်နိုင်ကြမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့က စီးပွားရေးလုပ်ငန်းတွေကို Developer တွေနဲ့  ချိတ်ဆက်ပေးပြီးတော့ နည်းပညာပေါင်းစပ်ထည့်သွင်းမှုကိုလည်း အားပေးပြီး KBZPay ထဲမှာ သုံးစွဲသူတွေရဲ့ ပြောင်းလဲနေတဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ ဆန်းသစ်ပြီး ခေတ်မီတဲ့ Mini App တွေကို ထည့်သွင်းပေးထားပါတယ်။” ဟူ၍ ကမ္ဘောဇဘဏ်လီမိတက်၏ မန်နေးဂျင်းဒါရိုက်တာ ဦးစိုးကိုကိုက ယခုလပိုင်းအတွင်း KBZPay Mini App ဂေဟစနစ်၌ တိုးချဲ့ဆောင်ရွက်မှုများကို ပြောကြားခဲ့ပါသည်။ ယခုတွင် ဈေးဝယ်ခြင်း၊ ခရီးသွားခြင်း၊ အစားအသောက်၊ Play & Chill၊ ပို့ဆောင်မှု၊ ဖျော်ဖြေရေး၊ အထွေထွေနှင့် Astrology ဟူ၍ အခန်းကဏ္ဍ ၈ ပိုင်းခွဲခြားထားသည့် အက်ပလီကေးရှင်းပေါင်း ၄၀ ကျော်ရှိနေပြီဖြစ်ပါသည်။

KBZPay ၏ အကြီးတန်းအထွေထွေမန်နေဂျာ ဒေါ်အိသန္တာလှိုင်မှ လက်လီလုပ်ငန်းများနှင့် အစားအစာနှင့်အဖျော်ယမကာလုပ်ငန်းများ (F&B) အတွက် ဖန်တီးရေးဆွဲထားသည့် Mini App Template များ အပါအဝင် KBZPay Ecosystem ၏ စွမ်းဆောင်နိုင်ရည်များနှင့် ပတ်သက်သော နောက်ဆုံးရ အချက်အလက်များကို တင်ပြခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းများအနေဖြင့် ငွေအရင်းအနှီးအမြောက်အများ ရင်းနှီးကာ App များကို သီးသန့်ရေးဆွဲဖန်တီးစရာမလိုပဲနှင့် Template များ၏ အကူအညီဖြင့် KBZPay ၏ ဂေဟစနစ်အတွင်း၌ လွယ်ကူစွာ လုပ်ငန်းစတင်လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။  KBZPay သည် လုပ်ငန်းကဏ္ဍများအတွက် သီးသန့် ကြိုတင်ဒီဇိုင်းဖန်တီးရေးဆွဲထားသော ဖြေရှင်းနည်းများကို ပံ့ပိုးပေးမည့်အလျောက် စီးပွားရေးလုပ်ငန်းများက ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းရာတွင် အခက်အခဲများ လျော့နည်းစေမည်ဖြစ်ပါသည်။

Image: KBZPay

ဤပွဲအခမ်းအနားတွင် Prince Hotel, Watch by Cherry Oo နှင့် မင်းသိင်္ခအစရှိသော Mini App ကုန်သည်များ၏ သုံးစွဲသူနှင့် ချိတ်ဆက်ရာတွင်နှင့် လုပ်ငန်းလည်ပတ်မှုများအား KBZPay က ပြောင်းလဲပေးနိုင်ခဲ့သည့် အောင်မြင်မှု များကိုလည်း ဖော်ပြခဲ့ပါသည်။ GMBF မှ Developer များသည်လည်း လုပ်ငန်းများ၏ လိုအပ်ချက်အလိုက် ဖန်တီးပြုပြင်နိုင်သည့် ဖြေရှင်းနည်းများကို ဖန်တီးရာတွင် KBZPay ၏ Developer များအတွက် အကျိုးဖြစ်စေသည့် ပလက်ဖောင်းအား အသုံးပြုနိုင်သည့် အမြင်များအား ဝေမျှခဲ့ပါသည်။

ပွဲအခမ်းအနားအား ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို အရှိန်အဟုန်မြှင့်တင်နိုင်ရန် လုပ်ငန်းကိုယ်စားလှယ်များ၊ Developer များနှင့် KBZPay ၏ တာဝန်ရှိသူများအကြား အကြံဉာဏ်များဖလှယ်၍ မိတ်ဖက်အသစ်များ တိုးပွားလာစေရန် ဆွေးနွေးချိတ်ဆက်ပေးသည့် အစီအစဉ်နှင့် အောင်မြင်စွာ အဆုံးသတ်ခဲ့ပါ သည်။

ကမ္ဘောဇဘဏ်သည် ဒစ်ဂျစ်တယ်ငွေချေမှုများမှတစ်ဆင့် လူတိုင်းလက်လှမ်းမီနိုင်သည့် ငွေကြေးစနစ်ဖြစ်လာစေရေး အတွက် လုပ်ငန်းများ တိုးတက်အောင်မြင်လာစေရန် ကူညီထောက်ပံ့နေလျက်ရှိကာ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် ဆက်လက်ကြိုးပမ်းနေလျက်ရှိပါသည်။ KBZPay Mini App solution အကြောင်း ပိုမိုသိရှိလိုပါက (သို့သိုမဟုတ်) KBZPay Ecosystem ထဲ၌ အခွင့်အလမ်းကောင်းများကို ရှာဖွေလေ့လာ လိုပါက https://www.kbzpay.com/my/mini-app-mm  တွင် ဝင်ရောက်လေ့လာနိုင်သလို kbzpay.miniapp@kbzbank.com  သို့ ဆက်သွယ်နိုင်ပါသည်။