Android တွေထက် သာလွန်တဲ့ သုံးစွဲမှုအတွေ့အကြုံတွေ ပါဝင်လာတဲ့ ColorOS 15 နဲ့အတူ ထွက်ရှိလာမဲ့ OPPO Reno13 Series
ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်တဲ့ OPPO က နောက်ဆုံးပေါ် AI လုပ်ဆောင်ချက်တွေနဲ့အတူ Flagship ဖုန်းတစ်လုံးကို အသုံးပြုသလို ခံစားရစေမဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်မှာ မကြာခင် ရောင်းချတော့မည်ဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ သိပ်မကြာခင်က နေရာတိုင်းမှာ ထိပ်တန်းဆွေးနွေးမှုအဖြစ် သတ်မှတ်ထားတဲ့ ColorOS 15 System ပါဝင်လာမဲ့ OPPO Reno13 Series မှာဆိုရင် အခြေအနေအရပ်ရပ်အားလုံးအတွက် Full-scene AI Imagine Master လို့ ဆိုရလောက်တဲ့ Flagship အဆင့်ရှိ AI လုပ်ဆောင်ချက်တွေ ပါဝင်လာမှာဖြစ်ပါတယ်။
Image: OPPO
Android တွေကြား လက်ရှိမှာ အချောမွေ့ဆုံးလို့ ဆိုနိုင်တဲ့ ColorOS 15 System
အလွန်ကောင်းမွန်တဲ့ ပုံရိပ်ရိုက်ကူးမှုနဲ့ အသွင်အပြင်တွေ ထပ်လောင်း ဖြည့်စွက်ထားတာကြောင့် ကမ္ဘာတစ်ဝန်းမှာ အစောပိုင်းက ထွက်ရှိခဲ့တဲ့ Find X8 Series အနေနဲ့လဲ ColorOS 15 ရဲ့ ချောမွေ့ကောင်းမွန်တဲ့ အတွေ့အကြုံနဲ့ ၎င်းမှာပါရှိလာတဲ့ AI လုပ်ဆောင်ချက်တွေဟာဆိုရင် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ Media တွေကို အံ့အားသင့်စေခဲ့သလို မရေမတွက်နိုင်တဲ့ ချီးကျူးမှုများကိုပါ ရရှိခဲ့ပါတယ်။
OPPO Reno13 Series ဟာ မြန်မာနိုင်ငံဈေးကွက်အတွက် ColorOS 15 ပါဝင်လာတဲ့ ပထမဆုံး တရားဝင် ထုတ်ကုန်ဖြစ်လာမှာ ဖြစ်ပါတယ်။ ချောမွေ့တဲ့ စနစ်အတွေ့အကြုံအပြင် ColorOS 15 ဟာ Android နှင့် iOS ကြားက အတားအဆီးများကို ကျော်ဖြတ်နိုင်တာကြောင့် OPPO Reno13 Series ဟာ Airdropped လုပ်နိုင်တဲ့ Android မိုဘိုင်းဖုန်းဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါဟာ iPhone နှင့် Android နှစ်ခုအသုံးပြုသူများအတွက် အကြီးမားဆုံး အံ့အားသင့်စရာ ဖြစ်ရပ်အဖြစ် သတ်မှတ်နိုင်မှာဖြစ်ပါတယ်။
Image: OPPO
OPPO Reno13 Series ကို ဘယ်လိုအရာတွေကြောင့် Full-scene AI Imagine Master အဖြစ် ယုံယုံကြည်ကြည် သတ်မှတ်နိုင်တာလဲ
၁။ ကမ္ဘာ့ပထမဆုံး Caseless ပုံစံနဲ့ အသုံးပြုလို့ရနိုင်တဲ့ ရေအောက်ဖုန်းတစ်လုံးဖြစ်ပြီး ဖန်တီးမှုအားကောင်းတဲ့ Underwater Photography ကို ရယူလိုက်ပါ
စမတ်ဖုန်းထုတ်ကုန်တွေအားလုံးမှာ IP66 ၊ IP68 ၊ IP69 Water and Dust Resistance အဆင့်သတ်မှတ်ချက် တစ်ဆင့်ချင်းစီ ပါဝင်လာမှုနဲ့အတူ OPPO Reno13 Series ဟာ ရေဒဏ်နှင့် ဖုန်မှုန့်ဒဏ်များမှ ထူးခြားစွာ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ OPPO Reno13 Series ထုတ်ကုန်တွေဟာ အပူချိန် 80°C အထိ ရှိတဲ့ ရေစိုစွတ်ခြင်းကနေ ကာကွယ်ပေးရုံသာမကဘဲ ရေအနက် ၂ မီတာအထိ မိနစ် ၃၀ ကြာ ရေစိမ်ခံနိုင်တာကြောင့် သုံးစွဲသူတွေအနေနဲ့ မိမိတို့ရဲ့ အနီးအနားမှာရှိတဲ့ အရာတွေ အားလုံးကို စူးစမ်းဖန်တီးဖို့အတွက် နည်းလမ်းအသစ်တွေကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။
နည်းပညာလောကမှာ ဦးဆောင်နေလျက်ရှိတဲ့ ရေစိုခံနိုင်မှု စွမ်းရည်များ ပါဝင်တဲ့ OPPO Reno13 Series ဟာ ပြင်ပက အသုံးပြုရတဲ့ ရေစိုခံအိတ်တွေ သို့မဟုတ် ဆက်စပ်ပစ္စည်းများ မလိုအပ်ဘဲ ရေအောက်ဓာတ်ပုံ နဲ့ ဗီဒီယိုရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ OPPO Reno13 Series မှာဆိုရင် ရေအောက်ဓာတ်ပုံရိုက်ကူးမှုအတွက် ပိုပြီး ထူခြားသလို ကောင်းမွန်နဲ့ အရောင်ချိန်ညှိနိုင်မှုတွေ၊ ဘဝတစ်သက်တာ အမှတ်တရဖြစ်စေနိုင်တဲ့ အသက်ဝင်တဲ့ ရိုက်ချက်တွေနဲ့ အရမ်း အားစိုက်ထုတ်စရာ မလိုတဲ့ ရေအောက်လုပ်ဆောင်ချက်တွေအတွက် ထိန်းညှိလုပ်ဆောင်နိုင်မဲ့ သီးခြား Underwater Mode က ပါရှိလာဦးမှာဖြစ်ပါတယ်။ ဒါအပြင် အကောင်းဆုံး စွမ်းဆောင်ရည်ကို ထိန်းသိမ်းထားနိုင်ဖို့အတွက် အဆင့်မြှင့်တင်ထားတဲ့ တစ်ချက်သာ နှိပ်ဖို့ လိုအပ်တဲ့ ရေစစ်ထုတ် ကိရိယာဟာလဲ ရေတွေကို စက္ကန့်ပိုင်းအတွင်း ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ အခုလို အားကောင်းတဲ့ ဒီဇိုင်း နဲ့ လုပ်ဆောင်ချက်တွေဟာ သုံးစွဲသူတွေအတွက် မိုဘိုင်းလ်ဖုန်းတွေမှာ မကြုံစဖူး အလွယ်ကူဆုံးနဲ့ ယုံကြည်စိတ်အချရဆုံး Underwater Photography ကို စူးစမ်းလေ့လာနိုင်စေပြီး မိုဘိုင်းလ်ဖုန်းတွေအပေါ် ကြာရှည်ခံနိုင်မှု နဲ့ တီထွင်ဖန်တီးနိုင်မှုများအတွက် စံနှုန်းအသစ်ကို သတ်မှတ်ပေးမှာဖြစ်ပါတယ်။
Image: OPPO
၂။ ဆန်းသစ်တီထွင်ထားတဲ့ AI နည်းပညာများဖြင့် ဓာတ်ပုံအတွေ့အကြုံများကို အဆင့်မြှင့်တင်ပေးခြင်း
OPPO က သုံးစွဲသူတွေရဲ့ သက်ဝင်လှုပ်ရှားနေတဲ့ အခိုက်အတန့်တိုင်းကို အသေးစိတ်ကျကျ မှတ်တမ်းတင် ဖမ်းယူနိုင်စေဖို့ အစွမ်းထက်တဲ့ AI လုပ်ဆောင်ချက်တွေ စုစည်းပါဝင်မှုနဲ့အတူ OPPO Reno13 Series ကို ဓာတ်ပုံပိုင်းဆိုင်ရာ နည်းပညာတွေမှာ အဆင့်မြှင့်တင်ထားပါတယ်။
OPPO Reno13 Series ရဲ့ AI Editor ဟာဆိုရင် သာမန်ရိုက်ချက်တွေကနေ ပရော်ဖက်ရှင်နယ်အဆင့်ရှိတဲ့ ပုံတွေအဖြစ်သို့ ပြောင်းလဲပေးနိုင်တဲ့ AI Unblur ၊ AI Clarity Enhancer နဲ့ AI Reflection Remover အပါအဝင် ကိရိယာအစုံအလင်ကို ထည့်သွင်းမိတ်ဆက်ပေးလာပြီဖြစ်ပါတယ်။
ဒါအပြင် AI Live Photo ဟာ လှုပ်ရှားနေတဲ့ ပုံရိပ်တွေကို ထာဝရအမှတ်တရအဖြစ် ၃ စက္ကန့်အတွင်း သိမ်းဆည်းနိုင်ပြီး AI Night Portrait လုပ်ဆောင်ချက်ဟာဆိုရင်လဲ အလင်းရောင်အားနည်းတဲ့ ပုံရိပ်တွေအတွက် အထူးပြုလုပ်ထားတာ ဖြစ်ပါတယ်။
ဒီလို Hardware နဲ့ Software ပေါင်းစပ်ပြီး ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားတဲ့ လုပ်ဆောင်မှုတွေဟာ အမျိုးမျိုးသော မြင်ကွင်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဓာတ်ပုံ ရိုက်ကူးမှု ပြဿနာတွေကို ပူးတွဲဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။ ရေအောက်မြင်ကွင်းတွေမှာဖြစ်စေ၊ လူထူထပ်တဲ့နေရာတွေမှာဖြစ်စေ၊ မတော်တဆလက်တုန်ခါသွားလို့ပဲဖြစ်စေ၊ အလင်းရောင်အားနည်းတဲ့ မြင်ကွင်းတွေမှာဖြစ်စေ သို့မဟုတ် ခဏတာပေါ်လာတဲ့ မီးရှူးမီးပန်းတွေကို ရိုက်ကူးလို၍ဖြစ်စေ၊ သုံးစွဲသူတွေအနေနဲ့ OPPO Reno13 Series ကို အသုံးပြုရင်း ကိုယ့်ရဲ့ ထူးခြားတဲ့ အခိုက်အတန့်တွေကို သိမ်းဆည်းထားလို့ရပါတယ်။
Image: OPPO
Android တွေအကြား လက်ရှိမှာ အချောမွေ့ဆုံး လုပ်ဆောင်ချက်ဖြစ်နေတဲ့ ColorOS 15 စနစ်၊ ထူးခြားပြောင်မြောက်တဲ့ ရေအောက်ဓာတ်ပုံရိုက်ကူးမှု နည်းပညာ၊ နေ့စဉ်ဘဝတွေမှာ တကယ်ကို အထောက်အကူပြုနိုင်တဲ့ AI လုပ်ဆောင်ချက်တွေနဲ့ အလှပဆုံးထွက်ရှိလာမဲ့ OPPO Reno13 Series ကို မကြာခင် တရားဝင် မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။
OPPO Reno13 Series နဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုပါက OPPO Myanmar Official Facebook Page – https://bit.ly/4hhGtGa ၊ Website – https://bit.ly/4akRiVH၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။