MPT က တာချီလိတ်မြို့ရှိ ဖန်ကြိုးမျှင် (Fiber Cable) နှင့် ဂဏန်း ၇ လုံးပါရှိသည့် (VoIP) အော်တိုတယ်လီဖုန်းဝန်ဆောင်မှုများကို နေရာအသစ်သို့ ပြောင်းရွှေ့ဆောင်ရွက်သွားမည်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ၎င်း၏ ကတိကဝတ်နှင့်အညီ နည်းပညာအဆင့်မြှင့်တင်မှုပြုလုပ်ခြင်းနှင့်အတူ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ဖန်ကြိုးမျှင် (Fiber Cable) အသုံးပြုစနစ်သုံး အင်တာနက်လိုင်းများ နှင့် ဂဏန်း ၇ လုံးပါရှိသည့် (VoIP) အော်တိုတယ်လီဖုန်းဝန်ဆောင်မှုများအား ချိတ်ဆက်ထားသော ဖန်ကြိုးမျှင်အသုံးပြုတယ်လီဖုန်းစနစ် (OLT) အိတ်ချိန်းများကို ပြောင်းရွှေ့မည်ဖြစ်ကြောင်း ယနေ့ အသိပေးထုတ်ပြန်လိုက်ပါသည်။ အဆိုပါ ဆောင်ရွက်မှုသည် နည်းပညာအဆင့်မြှင့်တင်မှု ပြုလုပ်ခြင်းအတွက် လိုအပ်ပြီး ဝန်ဆောင်မှု ပြတ်တောက်မှုများကို အနည်းဆုံးဖြစ်စေရန်၊ ကွန်ရက်တည်ငြိမ်မှုကို မြှင့်တင်ရန် နှင့် ဒေသတွင်းရှိ MPT သုံးစွဲသူများအတွက် ဝန်ဆောင်မှုအရည်အသွေးကို တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
အိတ်ချိန်းနေရာအသစ်သို့ပြောင်းရွှေ့ခြင်းကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ ပြောင်းလဲခြင်းလုပ်ငန်းဆောင်ရွက်နေစဉ်ကာလအတွင်း ဖန်ကြိုးမျှင် (Fiber Cable) အသုံးပြုစနစ်သုံး အင်တာနက်လိုင်းများနှင့် ဂဏန်း ၇ လုံးပါရှိသည့် (VoIP) အော်တိုတယ်လီဖုန်းဝန်ဆောင်မှု သုံးစွဲသူများမှာ (၁၀) မိနစ် မှ (၂) နာရီခန့်အထိ အချိန်အနည်းငယ်မျှ ခေတ္တယာယီ ဆက်သွယ်ရေးဝန်ဆောင်မှု ပြတ်တောက်မှုကြုံ့တွေ့နိုင်မည် ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ အဆင်မပြေမှုဖြစ်ပေါ်ရသည့်အတွက်လည်း သည်းခံပေးနိုင်ပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
ပိုမိုသိရှိလိုပါက 106 Call Center (သို့မဟုတ်) ၀၉၄၂၃၀၀၆၇၉၅ သို့ ခေါ်ဆိုမေးမြန်းနိုင်ပါသည်။
စဉ်
|
ပြည်နယ်
|
အိတ်ချိန်း
|
အော်တိုတယ်လီဖုန်း
နံပါတ်များ
|
ပြောင်းရွှေ့မည့်ရက်စွဲ
|
၁
|
ရှမ်းပြည်နယ် (အရှေ့ပိုင်း)
|
တာချီလိတ် (OLT) အိတ်ချိန်း
|
၀၈၄-၂၀၅၁ xxx
|
ဖေဖော်ဝါရီလ (၁၀) ရက်
|
၀၈၄-၂၀၅၂ xxx
|
||||
၀၈၄-၂၀၅၃ xxx
|
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအကြောင်း
MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး၊ နှစ်ပေါင်း ၁၃၀ ကျော် ကြာအောင် ဆက်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွင် ဦးဆောင်လာခဲ့သူဖြစ်ပါသည်။ ကြိုးဖုန်းနှင့် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များထံ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထားသည့် အကြီးမားဆုံး 3G ကွန်ရက်ကို ပိုင်ဆိုင်ထားကာ မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အဆင့်အမြင့်ဆုံး MIMO 4X4 နည်းပညာ အသုံးပြုထားသော 4G/ LTE+ ကွန်ရက်ကိုလည်း ပိုင်ဆိုင်ထားပါသည်။
၂၀၁၄ ဇူလိုင်လတွင် MPT သည် KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အား လက်မှတ်ရေးထိုးခဲ့ပါသည်။ KSGM သည် ဂျပန်ပူးပေါင်းဆောင်ရွက်သူများဖြစ်ကြသည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ ပိုင်ဆိုင်ထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်မြှင့်တင်နိုင်ရန်အတွက် MPT အနေဖြင့် KDDI နှင့် Sumitomo တို့ ပူးပေါင်းပြီး ဆယ်နှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံကြရန် ရည်ရွယ်ခဲ့ကြပါသည်။ အဆိုပါဆောင်ရွက်ချက်မှာ မြန်မာနိုင်ငံသမိုင်းတွင် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခု ဖြစ်ခဲ့ပါသည်။
MPT အနေဖြင့် ဝန်ထမ်းပေါင်း ၇ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား စဉ်ဆက်မပြတ် အားစိုက်ဆောင်ရွက်နေကာ တာဝန်သိမှုလူမှုအကျိုးပြုလုပ်ငန်း (Corporate Social responsibility) ဆိုင်ရာ တန်ဖိုးများအား လေးစားလိုက်နာလျက် မြန်မာနိုင်ငံအား ရှေ့သို့လှမ်းနိုင်စေ ရန် ဆောင်ရွက်လျက်ရှိပါသည်။ MPT အနေဖြင့် လက်ရှိတွင် သုံးစွဲသူ ၂၀ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
အခြားသောအချက်အလက်များနှင့် ပိုမိုတိကျသည့် စည်းမျဉ်းစည်းကမ်းများအတွက် www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ (သို့မဟုတ်) ၁၀၆ သို့ ခေါ်ဆို၍ စုံစမ်းမေးမြန်းနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ လူငယ်ဖွံ့ဖြိုးတိုး တက်ရေး အစီအစဉ်များနှင့်ပတ်သက်၍ MPT ၏ လှုပ်ရှားမှုများအား ပိုမိုသိရှိလိုပါက http://mptcsr.foc.lotayamm.com/mptyouth သို့ သွားရောက်ပြီး သတင်းအချက်အလက်များ စုံလင်စွာပါရှိသည့် ကော်ပိုရိတ်ဗွီဒီယိုအား အခမဲ့ကြည့်ရှုနိုင်ပါသည်။