ခပ်ကြမ်းကြမ်းသုံး ရေစိမ်ခံ AI ဖုန်း“ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း သာမန်ထက်ပိုတဲ့ Pro ဆန်ဆန် အကြမ်းခံမှုနဲ့အတူ မြန်မာနိုင်ငံဈေးကွက်အတွင်း ဝင်ရောက်လာတော့မဲ့ OPPO A5 Pro
ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က OPPO သုံးစွဲသူတွေ အကြိုက်တွေ့စေမဲ့ “ ခပ်ကြမ်းကြမ်းသုံး ရေစိမ်ခံ AI ဖုန်း ” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ OPPO A Series ရဲ့ Pro ထုတ်ကုန်ဖြစ်တဲ့ OPPO A5 Pro ကို မြန်မာနိုင်ငံဈေးကွက်အတွင်း မကြာမီ စတင်မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ OPPO က ယခင်နှစ်ကစလို့ အကြမ်းခံမှုနဲ့ ပတ်သက်ပြီး ခြေလှမ်းစတင်လာခဲ့တာ အခုဆိုရင်တော့ Pro အဆင့် ရှိတဲ့ အကြမ်းခံမှုလို့ ပြောရလောက်အောင် စမ်းသပ်မှုပေါင်း ၁၄ ခုကို အောင်မြင်ထားတဲ့ Military-Grade Shock Resistance ၊ Flagship အဆင့်ရှိ IP68/69 ရေစိမ်ခံနိုင်မှုနဲ့အတူ OPPO Reno Series မှာ ပါရှိတဲ့ AI လုပ်ဆောင်ချက်တွေပါ ပါရှိလာမဲ့ OPPO A5 Pro ကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ OPPO A5 Pro ဟာဆိုရင် သုံးစွဲသူတွေအတွက် ဘက်စုံအကြမ်းခံစေနိုင်မဲ့အပြင် သာမန် IP68/69 ပါရှိရုံတင်သာမက အတွင်းပိုင်းအထိပါ မာကြောလုံခြုံအောင် တည်ဆောက်ထားတာကြောင့် သုံးစွဲသူတွေရဲ့ နိစ္စဓူဝဘဝမှာပါ အဖော်မွန်ကောင်းတစ်ယောက်အဖြစ် တည်ရှိလာမှာဖြစ်ပါတယ်။
ဈေးနှုန်းတူဖုန်းများအကြား သာမန်ထက်ပို ရေစိမ်ခံနိုင်တဲ့ အကြမ်းခံမှုနဲ့အတူ တည်ရှိလာမဲ့ AI ဖုန်း
စတိုင်ကျကျ လှပပြီး အကြမ်းခံနိုင်မဲ့ OPPO ရဲ့ A Series အမြင့်ပိုင်း ထုတ်ကုန်တစ်မျိုးဖြစ်တဲ့ OPPO A5 Pro ဟာ “ခပ်ကြမ်းကြမ်းသုံး ရေစိမ်ခံ AI ဖုန်း” ဆိုတဲ့အတိုင်း အတွင်းရော အပြင်ပါ မာကြောအောင် တည်ဆောက်ထားရုံသာမက Flagship Level အဆင့်ရှိ ရေနဲ့ ဖုန်ဒဏ်ခံနိုင်ရည်စွမ်းအား IP69၊ IP68၊ IP66 တိုနဲ့တည်ဆောက်ထားသလို ဘက်စုံကာကွယ်မှုအပိုင်းမှာဆိုရင်လဲ OPPO A5 Pro ဟာ သာမန်ရေစိမ်ခံနိုင်ရုံသာမက အပူချိန်မြင့်တဲ့ရေအထိလဲ ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ OPPO A5 Pro မှာ မျက်စိနဲ့ မြင်ရတဲ့ အပိုင်းကိုသာ မာကြောအောင် ဖန်တီးတည်ဆောက်ထားခြင်းမဟုတ်ဘဲ မျက်စိနဲ့ မမြင်နိုင်တဲ့ ဖုန်းရဲ့ အတွင်း အစိတ်အပိုင်းတွေအထိပါ ရေစိမ့်မဝင်နိုင်အောင် ၊ မကွဲအောင် ၊ မပျက်စီးအောင် ပုံဖော်တည်ဆောက်ထားတာဖြစ်ပါတယ်။
ပုံမှန် IP68/69 အဆင့် ပါရှိရုံသပ်သပ်တင်မဟုတ်ဘဲ OPPO A5 Pro မှာ ပါရှိတဲ့ Sponge Bionic Cushioning က ဖုန်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ Camera ၊ Motor ၊ Speaker ၊ Battery နဲ့ အခြားအရေးကြီးတဲ့ အစိတ်အပိုင်းတွေကို လေအိတ်သဖွယ် ကာကွယ်ပေးနိုင်တာကြောင့် ဖုန်းထိခိုက်မှုတွေက ကာကွယ်ပေးနိုင်သလို ရေဝင်ရောက်မှုကနေလဲ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီလို အချက်တွေကပဲ OPPO A5 Pro ဖုန်းကို ဈေးနှုန်းတူဖုန်းတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ပိုပြီးထူးခြားကောင်းမွန်စေတဲ့ ရေခံနိုင်ရည်အား ရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့်လဲ ဒီတစ်ခေါက် OPPO A5 Pro မှာ ရေအောက်က အမှတ်တရတွေကို မပျောက်မပျက် ထိန်းသိမ်းထားနိုင်မဲ့ Underwater Photography Mode ပါရှိလာဦးမှာဖြစ်ပါတယ်။
လက်တွေ့မှာ အသုံးဝင်စေမဲ့ လုပ်ဆောင်ချက်တွေအပြင် OPPO ကနေ သုံးစွဲသူတွေအတွက် အကောင်းဆုံးအရာတွေကိုသာ ဖြည့်ဆည်းလိုတာကြောင့် ဒီတစ်ခေါက် OPPO A Series ရဲ့ အမြင့်ပိုင်းထုတ်ကုန်ဖြစ်တဲ့ OPPO A5 Pro မှာဆိုရင် OPPO Reno Series တွေမှာ ပါရှိတဲ့ AI လုပ်ဆောင်ချက်တွေကို ထည့်သွင်းလာပြီဖြစ်ပါတယ်။ အမှတ်တရတွေကို ပိုပြီးအသက်ဝင်ဝင် ဖမ်းယူနိုင်မဲ့ LivePhoto လုပ်ဆောင်ချက် ၊ ရေအောက်မြင်ကွင်းတွေကို အကြည်လင်ဆုံး ဖမ်းယူပုံဖော်နိုင်မဲ့ Underwater Photography လုပ်ဆောင်ချက်နဲ့အတူ အခြားသော AI လုပ်ဆောင်ချက်တွေဖြစ်တဲ့ AI Reflection Remover ၊ AI Unblur ၊ AI Clarity Enhancer ၊ AI Eraser 2.0 နဲ့ AI Studio တို့ကလဲ OPPO A5 Pro နဲ့အတူ သုံးစွဲသူတွေနဲ့ တစ်သားတည်း တည်ရှိနေမှာပါ။
Image: OPPO
ဒါအပြင် OPPO ရဲ့ မူပိုင်ဖြစ်တဲ့ Trinity Engine နဲ့အတူ OPPO A5 Pro ကို အသွက်လက်ဆုံးအသုံးပြုနိုင်စေဖို့အတွက် သုံးစွဲသူတွေအကြား နာမည်ကျော်ကြားလူကြိုက်များနေတဲ့ ColorOS 15 က ထောက်ပံ့ပေးထားမှာဖြစ်တာကြောင့် ချောမွေ့တဲ့ စွမ်းဆောင်ရည်ကိုလဲ ထိန်းသိမ်းပေးထားမှာဖြစ်ပါတယ်။
OPPO A5 Pro ကို တစ်နေကုန် အကောင်းဆုံး အချိန်ကြာကြာ အသုံးပြုနိုင်ဖို့အတွက် 5,800mAh ဘက်ထရီ နဲ့ ဖန်တီးထုတ်လုပ်ထားပြီး 45W SUPERVOOC Flash Charge ပါဝင်တာကြောင့် အချိန်တိုအတွင်း အမြန်ဆုံးအားသွင်းနိုင်မဲ့အပြင် အချိန်ကြာကြာ ဘက်ထရီအားခံနိုင်ရည်ရှိတာကိုလဲ မြင်တွေ့ရမှာဖြစ်ပါတယ်။
Premium ဆန်ပြီး စတိုင်ကျလှပတဲ့ အသွင်နှစ်မျိုးနဲ့ OPPO A5 Pro
ဒီတစ်ခေါက် OPPO A5 Pro မှာဆိုရင် သုံးစွဲသူတွေအတွက် အရသာ နှစ်မျိုး ပေးစွမ်းနိုင်မဲ့ အရောင်နှစ်မျိုးနဲ့အတူ ထွက်ရှိလာမှာဖြစ်ပါတယ်။ Vegan Leather Back Cover ဒီဇိုင်းနဲ့ လူငယ်အသွင် ပုံဖော်ထားတဲ့ Olive Green ၊ OPPO Glow နည်းပညာနဲ့ အတည်ငြိမ်ဆုံး အသွင်ကို ပုံဖော်ထားတဲ့ Mocha Brown တို့က OPPO A5 Pro ရဲ့ စတိုင်ကျလှပမှုကို ပုံဖော်ဖန်တီးထားတာဖြစ်ပါတယ်။
ဈေးနှုန်းတူ စမတ်ဖုန်းတွေအကြား အကြမ်းခံဆုံးနဲ့ ရေစိမ်ပိုမိုခံနိုင်တဲ့ AI ဖုန်း “ခပ်ကြမ်းကြမ်းသုံး ရေစိမ်ခံ AI ဖုန်း” နဲ့ပတ်သက်တဲ့အကြောင်းအရာများကို အသေးစိတ်သိရှိလိုပါက OPPO Myanmar Official Facebook Page – https://www.facebook.com/OPPOMyanmar ၊ Website – https://www.oppo.com/mm/smartphones/series-a/a5-pro/ ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။