Image-to-video tool အသစ်တစ်ခုဖြစ်တဲ့ TikTok AI Alive ကို TikTok မိတ်ဆက်
TikTok အနေနဲ့ပြီးခဲ့တဲ့ အင်္ဂါနေ့က ပထမဆုံး Image-to-video AI feature တစ်ခုကိုစပြီး မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒီ Feature ကို TikTok AI Alive လို့ခေါ်ပြီး ဓာတ်ပုံတွေကို TikTok Stories တွေမှာ Video တွေအဖြစ် အသုံးပြုနိုင်အောင် ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို TikTok ရဲ့ Story Camera မှာပဲအသုံးပြုနိုင်မှာ ဖြစ်ပြီး AI ကို Short-form video တွေ ဖန်တီးဖို့အတွက် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
ပင်လယ်ပြင်ရှုခင်းနဲ့ ကောင်းကင်မှာ တိမ်တွေပါတဲ့ ဓာတ်ပုံတစ်ခုကိုဥပမာပေးရရင် TikTok အနေနဲ့ ဒီဓာတ်ပုံကို ကောင်းကင်အရောင်တွေပြောင်းလဲနေတာ၊ တိမ်တွေရွေ့နေတာအပြင် ပင်လယ်လှိုင်းလုံး တွေရဲ့ အသံတွေကို ကြားနိုင်တာမျိုးတွေ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒီ Feature ကို TikTok ရဲ့ Application အတွင်း Text-to-image AI Feature ကို မိတ်ဆက်ပြီး နှစ်အနည်းငယ်အတွင်းမှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ Instagram မှာ text-to-image feature အသုံးပြုနိုင်တာတွေ၊ sticker တွေကို စိတ်ကြိုက် AI generate လုပ်နိုင်တာတွေရှိလာတဲ့အတွက် TikTok အနေနဲ့လည်း အသုံးပြုသူတွေအတွက် ဓာတ်ပုံကနေ ဗီဒီယိုတွေဖန်တီးနိုင်တဲ့ လုပ်ဆောင်ချက်ကို ထည့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။
AI Feature ကိုအသုံးပြုထားတဲ့ Stories တွေမှာ AI-generated label တွေနဲ့ AI အသုံးပြုထားကြောင်း အသုံးပြုသူတွေကိုလည်း အသိပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် C2PA metadata ကိုထည့်သွင်းထားမှာဖြစ်တဲ့အတွက် AI-generated လုပ်ထားတဲ့ဗီဒီယိုကို Download ပြုလုပ်တာ၊ TikTok မဟုတ်တဲ့ တခြား Platform တွေကို Share လိုက်ရင်တောင် AI-generated video ဖြစ်ကြောင်းကို ဖော်ပြပေးနေမှာ ဖြစ်ပါတယ်။
Image: TikTok
“လုံခြုံစိတ်ချမှုရှိဖို့ အမြဲဦးစားပေးပြီးလုပ်နေပါတယ်။ AI Innovations တွေအတွက်လည်း တူတူပါပဲ။ ဒီနည်းပညာက ဖန်တီးမှုအသစ်တွေကို ပုံစံတစ်မျိုးနဲ့ချပြနိုင်အောင်ပြုလုပ်ပေးနိုင်တဲ့အတွက် ဒီ Community အတွက် ယုံကြည်မှုရှိဖို့၊ လုံခြုံမှုရှိဖို့အဆင့်တွေ အများကြီးစမ်းသပ်ခဲ့ပြီးပါပြီ။ ကုမ္ပဏီရဲ့ Policies တွေကို ဖောက်ဖျက်ပြီး Content ဖန်တီးတာတွေကို ကာကွယ်ဖို့အတွက် Upload လုပ်လိုက်တဲ့ဓာတ်ပုံ၊ Prompt နဲ့ AI Alive Video ကို Creator ဆီမပြခင် Moderation Technology နဲ့စီစစ်သွားမှာ ဖြစ်ပါတယ်။” လို့ TikTok ရဲ့ blog post မှာလည်း ဖော်ပြသွားခဲ့ပါတယ်။
အသုံးပြုသူတွေအနေနဲ့လည်း နောက်ဆုံး Safety Check ပြုလုပ်ပြီး Creator ကမျှဝေလိုက်တဲ့ AI Alive Story ဟာ TikTok ရဲ့ Rules တွေကို ချိုးဖျက်တယ်လို့ထင်ရတယ်ဆိုရင်လည်း Report လုပ်နိုင်ကြောင်း ပြောထားပါသေးတယ်။
TikTok AI Alive ကိုအသုံးပြုဖို့အတွက်
(၁) Inbox Page ဒါမှမဟုတ် Profile Page က အပြာရောင် “+” icon ကိုနှိပ်ပြီး Story Camera ကိုဖွင့်ပါ။
(၂) Story Album ထဲက ဓာတ်ပုံတစ်ပုံကိုရွေးပါ။
(၃) Photo Edit Page ရဲ့ ညာဘက် Toolbar မှာ AI Alice Icon ပေါ်လာပါလိမ့်မယ်။
(၄) AI Alive Story ကို ဖန်တီးပြီး Posting ပြုလုပ်ပြီးချိန်မှာ အသုံးပြုသူတွေအနေနဲ့ For You နဲ့ Following Feeds တွေမှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။