တီထွင်ဆန်းသစ်တဲ့ ဒီဇိုင်း နဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး လုပ်ဆောင်ချက်တွေ ပါဝင်လာတဲ့ Galaxy Tab S10 FE Series တက်ဘလက်အသစ်တွေကို မိတ်ဆက်

Samsung Myanmar ကနေ ပရီမီယံဆန်တဲ့ ဒီဇိုင်းနဲ့ စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်တွေပါဝင်တဲ့ တက်ဘလက် အသစ်တွေဖြစ်တဲ့ Galaxy Tab S10 FE နဲ့ Galaxy Tab S10 FE+ တို့ကို မြန်မာနိုင်ငံစျေးကွက်အတွက် မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ Galaxy Tab S10 FE Series တက်ဘလက်အသစ်တွေဟာ Flagship မော်ဒယ်တွေမှာပါဝင်တဲ့ နောက်ဆုံးပေါ်စွမ်းဆောင်ရည်မြင့်လုပ်ဆောင်ချက်တွေကို ပိုမိုသက်သာတဲ့ စျေးနှုန်းနဲ့ ရရှိနိုင်မှာဖြစ်တဲ့အတွက် Galaxy ရဲ့ Ecosystem ကို စတင်သုံးစွဲချင်သူတွေအတွက် ရွေးချယ်စရာကောင်းတစ်ခုအနေနဲ့ ထွက်ရှိလာတာပဲဖြစ်ပါတယ်။

 

Image: Samsung

ပိုမိုကြီးမားပြီး တောက်ပတဲ့ မျက်နှာပြင်ပေါ်မှာ လှပပြတ်သားတဲ့ ရုပ်ထွက်

အသစ် မိတ်ဆက်လာတဲ့ Galaxy Tab S10 FE+ ဟာ မျက်နှာပြင် အကျယ် ၁၃.၁ လက်မ ရှိပြီး ယခင်ကထက် ၁၂% ပိုမို ပါးလွှာတဲ့ဘေးဘောင်နဲ့အတူ ထွက်ရှိလာပြီး Galaxy Tab S10 ဟာဆိုရင် ၁၀.၉ လက်မ ရှိတာကြောင့် နေ့စဥ်လုပ်ငန်းဆောင်တာတွေကိုသာမက ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားချင်းအစရှိတဲ့ ဖျော်ဖြေမှုဆိုင်ရာ လုပ်ငန်းတွေမှာပါ ကြီးမားကျယ်ပြန့်တဲ့ ကြည့်ရှုမှု အတွေ့အကြုံကိုပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ချောမွေ့သွက်လက်တဲ့ အသုံးပြုမှုအတွေ့အကြုံကိုရရှိနိုင်ရန်လည်း 90Hz Refresh Rate ကို ထည့်သွင်းထောက်ပံ့ပေးထားပြီး Vision Booster နဲ့ HBM ကို 800 Nits အထိထောက်ပံ့ပေးထားတာဖြစ်တဲ့အတွက် ပတ်ဝန်းကျင်အခြေအနေအပေါ်မူတည်ပြီး အလင်းကို အလိုအလျောက် ညှိပေးနိုင်တာကြောင့် ပိုမိုသေသပ်ကြည်လင်စွာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ အပြာရောင်အလင်း ထုတ်လွှတ်မှုကိုလည်း လျှော့ချပေးနိုင်တာကြောင့် မျက်လုံးထိခိုက်မှုကိုလည်း ကာကွယ်ပေးနိုင်စေဦးမှာပါ။

မြင့်မားတဲ့စွမ်းဆောင်ရည်နဲ့ သယ်ဆောင်ရလွယ်ကူတဲ့ ဒီဇိုင်း

Galaxy Tab S10 FE Series တက်ဘလက်တွေဟာ အလုပ်လုပ်ချိန်မှာဖြစ်စေ၊ စာလေ့လာချိန်မှာဖြစ်စေ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ရရှိအောင် ပံ့ပိုးပေးနိုင်မှာပါ။ Performance ပိုင်းမှာ မြှင့်တင်ထားတာကြောင့် အပလီကေးရှင်းများစွာကို တပြိုင်နက်တည်း ချောချောမွေ့မွေ့ ပြောင်းလဲသုံးစွဲနိုင်ပြီး Multitasking ပိုမိုကောင်းမွန်လာစေပါတယ်။ 13MP High-resolution နောက်ကင်မရာလည်း ပါဝင်တဲ့အတွက် ပိုမိုရှင်းလင်းတောက်ပတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်စေမှာပါ။ Galaxy Tab S10 FE ဟာ ယခင်မော်ဒယ်ထက် ၄% ခန့် ပိုပေါ့လာတာကြောင့် ပေါ့ပေါ့ပါးပါး နေရာမရွေးသယ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။ Galaxy Tab S10 FE Series တက်ဘလက် နှစ်ခုစလုံးမှာ IP68 Rating ပါဝင်တာကြောင့် မိုးဒဏ်၊ ဖုန်ဒဏ်၊ ရေစိုမှုဒဏ်တွေအတွက် ခံနိုင်ရည်ရှိစေနိုင်ပြီး အချိန်နေရာမရွေး ရေရှည်အသုံးခံစေနိုင်ဦးမှာပါ။
Image: Samsung

စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးမယ့် အဆင့်မြင့်လုပ်ဆောင်ချက်တွေ

 
Samsung ရဲ့ Galaxy ecosystem ထဲ ဝင်ရောက်လာတဲ့ Galaxy Tab S10 FE+ နဲ့ Galaxy Tab S10 FE အသစ်တွေဟာ စွမ်းဆောင်ရည်မြင့် AI လုပ်ဆောင်ချက်တွေ တစ်ပါတည်း ပါဝင်လာတဲ့ ပထမဆုံး FE Series တက်ဘလက်တွေပဲဖြစ်ပြီး အောက်ပါ Galaxy AI လုပ်ဆောင်ချက်တွေ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။
  • လူကြိုက်များတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ Circle To Search with Google နဲ့ သိလိုသမျှကို ချက်ချင်း လွယ်ကူလျင်မြန်စွာ ရှာနိုင်မယ့်အပြင် ဘာသာပြန်​ခြင်းနဲ့ လက်ရေးနဲ့ရေးသားထားတဲ့ သင်္ချာပုစ္ဆာတွေကိုပါ အလိုအလျောက်သိရှိပြီး ဖြေရှင်းနည်းများကိုလည်း ရှင်းပြပေးနိုင်မှာပါ။
  • ပိုမိုအဆင့်မြှင့်တင်ထားတဲ့ Object Eraser လုပ်ဆောင်ချက်ဟာဆိုရင်လည်း မိမိရိုက်ကူးထားတဲ့ ဓာတ်ပုံတွေထဲက ဖယ်ရှားလိုသည်များကို အလွယ်တကူ သေရပ်လှပစွာ ဖယ်ထုတ်ပေးနိုင်ဦးမှာပါ။
  • Best Face လုပ်ဆောင်ချက်ကလည်း လူ (၅) ဦးအထိဝင်တဲ့ အဖွဲ့ဓာတ်ပုံတွေမှာ တစ်ဦးချင်းစီရဲ့ အကောင်းဆုံး ရိုက်ချက်နဲ့ပုံတွေကို ပေါင်းစပ်ပြီး ပြီးပြည့်စုံစွာလှပမှုအရှိဆုံးပုံကို ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။
  • Galaxy AI လုပ်ဆောင်ချက်ကို လွယ်ကူမြန်ဆန်စွာနဲ့ ရယူနိုင်စေဖို့အတွက် Book Cover နဲ့တူတူတွဲလျက်ပါဝင်တဲ့ Keyboard မှာ Galaxy AI ခလုတ်ကို အသစ်ထည့်သွင်းပေးထားပါတယ်။ Galaxy AI အကူအညီနဲ့ Tablet မျက်နှာပြင်ကျယ်ပေါ်မှာ သုံးစွဲသူတွေစိတ်ကြိုက် AI ကို မေးမြန်းနိုင်ခြင်း၊ Summary ပြုလုပ်ခြင်း ၊ Text, Video နဲ့ Image များကို ပြုလုပ်ခိုင်းနိုင်မှာပါ။
  • Galaxy Tab S10 FE Series မှာ လူကြိုက်များပြီး စွမ်းဆောင်ရည်မြင့်တဲ့ Application တွေဖြစ်တဲ့ Goodnotes, LumaFusion, Noteshelf, Clip Studio Paint, Picsart နှင့် Sketchbook တို့ကိုလည်း တစ်ပါတည်းထည့်သွင်းပေးထားတာဖြစ်တဲ့အတွက် ဒီဇိုင်းများ၊ ပုံများ ဖန်တီးရာတွင်ဖြစ်စေ၊ ဗီဒီယိုများ တည်းဖြတ်ရာတွင်ဖြစ်စေ တီထွင်ဖန်တီးလုပ်ဆောင်နိုင်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။
Galaxy Tab S10 FE Seriesကို အခြားသော Galaxy ထုတ်ကုန်တွေနဲ့ပါ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပြီး Home Insight Widget Dashboard နဲ့ 3D Map View လုပ်ဆောင်ချက်များကို အသုံးပြုပြီး မိမိအိမ်အခြေအနေကို တစ်နေရာထဲမှာ အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်ပါတယ်။ SmartThings-enabled device များရဲ့ အခြေအနေများကိုလည်းအချက်အလက်ပြည့်စုံစွာ ပြသပေးတဲ့အတွက် အပြင်မှာရှိတဲ့အချိန်တွင်တောင် စိတ်ချနေနိုင်စေမှာဖြစ်ပါတယ်။

 

Image: Samsung

ပြီးပြည့်စုံတဲ့ လုံခြုံရေးစနစ်

အခြားသော Galaxy Devices များမှာလိုပဲ Galaxy Tab S10 FE Series မှာလည်းး Samsung Knox ပါဝင်တာကြောင့် Software ပိုင်း နဲ့ Hardware ပိုင်း ၂ မျိုးလုံးကို ကာကွယ်ပေးနိုင်မှာဖြစ်ပြီး End-to-end data encryption ပြုလုပ်ပေးထားတာဖြစ်လို့ မည်သည့်အခြေအနေမှာမဆို မိမိရဲ့ ဒေတာတွေကို အခြားတစ်စုံတစ်ယောက်က ခိုးယူဝင်ရောက်ခြင်းမပြုနိုင်အောင် တားဆီးပေးထားနိုင်မှာ ဖြစ်ပါတယ်။

ရရှိနိုင်သောဈေးနှုန်းများနှင့် အရောင်များ

Galaxy Tab S10 FE Series တက်ဘလက် အသစ်တွေကို Samsung Showroom နဲ့ နီးစပ်ရာအရောင်းကိုယ်စားလှယ်ဆိုင်ကြီးတွေမှာ  အောက်ပါအတိုင်း အတန်ဆုံးစျေးနှုန်း၊ ရွေးချယ်စရာအရောင်တွေနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
  • Galaxy Tab S10 FE+ (8/128GB) – ၃,၄၅၀,၀၀၀ ကျပ် Gray, Light Blue)
  • Galaxy Tab S10 FE (8/128GB) – ၂,၇၅၉,၀၀၀ ကျပ် (Gray, Light Blue)
Image: Samsung
အထူးအကျိုးခံစားခွင့်နှင့် လက်ဆောင်များ
Galaxy Tab S10 FE Series ကို ဝယ်ယူအားပေးသူတွေအနေနဲ့ အောက်ပါ အထူးခံစားခွင့်တွေကိုလည်း ရယူသွားနိုင်ဦးမှာပါ။
  • ငွေကျပ် ၃၁၅,၀၀၀ အထိ တန်ဖိုးရှိတဲ့ Smart Book Cover ကို လက်ကျန်ရှိသလောက် လက်ဆောင်ရရှိသွားမှာဖြစ်ပြီး၊
  • Samsung Care+ ဝန်ဆောင်မှုအနေနဲ့ မတော်တဆဖြစ်ပြီး မျက်နှာပြင် ပျက်စီးခြင်း အတွက် လက်ခနဲ့ ပစ္စည်းတန်ဖိုး သက်သာခွင့်တွေ ရရှိနိုင်မှာပါ။
  • ATOM SIM Card ကို လက်ရှိအသုံးပြုနေသူနဲ့ SIM Card  အသစ် ဝယ်ယူအသုံးပြုသူတွေအနေနဲ့လည်း Operator Bundle အကျိုးခံစားခွင့်တွေ ရရှိနိုင်ဦးမှာဖြစ်ပြီး၊
  • ဇွန်လ (၁၉)ရက်နေ့ မတိုင်ခင်ဝယ်ယူမယ်ဆိုရင်လည်း (၉)လ အတိုးမဲ့ အရစ်ကျ အစီအစဉ် နဲ့ လစဉ်အရစ်ကျ ဝယ်ယူသွားနိုင်ဦးမှာပါ။
Galaxy Tab S10 FE Series နဲ့ပတ်သတ်ပြီး အသေးစိတ်ထပ်မံသိရှိလိုရင်တော့ Samsung Myanmar Facebook Page မှာဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။