အဆင့်မြှင့်တင်ထားသောပြင်းထန်ရောဂါအာမခံအကာအကွယ်ကို မိတ်ဆက်
Manulife Myanmar က အသစ် အဆင့်မြှင့်တင်ထားသောပြင်းထန်ရောဂါအာမခံ ထပ်ဆောင်း အကာအကွယ် (Rider) အစီအစဥ်သစ်ကို ယနေ့ ဂုဏ်ယူစွာဖြင့် စတင်မိတ်ဆက်လိုက်ပြီး အဆိုပါ Rider အကာအကွယ် အစီအစဥ်သည် အသက်အာမခံ ဝယ်ယူထားသူများအား များပြားလှသော ပြင်းထန်ရောဂါအမျိုးအစားများစွာကြားမှ ကျယ်ကျယ်ပြန့်ပြန့် အကာအကွယ်ပေးနိုင်ရန် ဖန်တီးထုတ်လုပ်ထားခြင်းလည်း ဖြစ်သည်။ ယခုမိတ်ဆက်လိုက်သည့် အဆင့်မြှင့်တင်ထားသော ပြင်းထန်ရောဂါအာမခံ အစီအစဥ်တွင် ပြင်းထန်ရောဂါအမျိုးအစားများကို ယခင်ထက် တိုးမြှင့် ကာကွယ်ပေးထားရုံမျှမက မြန်မာနိုင်ငံတစ်ဝှမ်းရှိ မိသားစုများအတွက် လုံခြုံစိတ်ချကောင်းမွန်သောဘဝသို့ ရောက်ရှိစေရန် ပုံဖော်လုပ်ဆောင်နေမှုအတွက် အားကောင်းသော ခြေလှမ်းသစ်တစ်ခုလည်း ဖြစ်သည်။
Manulife ဘဝအာမခံ၊ Manulife ကျန်းမာသုခ အသက်အာမခံတို့နှင့် အဆင်ပြေလွယ်ကူစွာ ထပ်ဆောင်းရယူနိုင်ရန် စီစဥ်ထား သည့် အဆင့်မြှင့်တင်ထားသောပြင်းထန်ရောဂါအာမခံ Rider အစီအစဥ်တွင် ပိုမိုများပြားသော ပြင်းထန် ရောဂါများကို အကာအကွယ်ပေးထားပြီး ဝယ်ယူသူများနှင့်ကိုက်ညီမှုရှိစေရန်အတွက် ရွေးချယ်စရာ Plan များရှိမည့်အပြင် ဘဝအတွက် အရေး ကြီးသော အချိန်ကာလများတွင် ငွေကြေးပံ့ပိုးမှုဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်ထားခြင်း ဖြစ်သည်။
Manulife Myanmar ၏ CEO နှင့် General Manager ဖြစ်သူ Gaurav Sharma က “ဒီ ထပ်ဆောင်းအကာအကွယ် အစီအစဥ်သစ်က လူသားတွေအတွက် လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိအောင် ဒီဇိုင်းရေးဆွဲဖန်တီးထားတာဖြစ်လို့ ကျွန်တော်တို့ရဲ့ Customer တွေအနေနဲ့ ဘဝရဲ့ မရေရာမှုတွေ၊ မသေချာမှုတွေကို ရင်ဆိုင်ရတဲ့အခါမှာ ယုံကြည်မှုရှိစေဖို့ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့ အသက်အာမခံတွေက ပေါ်လစီတစ်စောင်သက်သက် ဆိုတာထက် ပိုပါတယ်။ ဒီအသက်အာမခံတွေဟာ လူတိုင်းအတွက်ဖြစ်တယ်ဆိုတာ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ ပြင်းထန်ရောဂါ တစ်ခုခု ဖြစ်ပြီဆိုရင် ကိုယ့်အတွက်ကိုယ် ကျန်းမာရေးထိခိုက်ဆိုတာအပြင် ကိုယ်နဲ့ ကိုယ်ချစ်ရတဲ့မိသားစုတွေအားလုံးကို စိတ်အေးချမ်းမှုနဲ့အနာဂါတ်အစီအစဥ်တွေကို ဖျက်စီးလိုက်နိုင်တယ်ဆိုတာ ဂရုပြုရမှာပါ။ ဒါကြောင့် ဒီလိုအခြေအနေတွေကို စိတ်လုံခြုံမှုပေးနိုင်ဖို့ ကျွန်တော်တို့ အဆင့်မြှင့်တင်ထားတဲ့ပြင်းထန်ရောဂါအာမခံ Rider အစီအစဥ်သစ်ကို ဖန်တီးခဲ့တာပါ။” ဟု ပြောကြားခဲ့သည်။
အဆင့်မြှင့်တင်ထားသောပြင်းထန်ရောဂါအာမခံ Rider အစီအစဥ်သည် ပြင်းထန်ရောဂါခံစားနေရချိန်တွင် ခိုင်မာသော အာမခံ ချက်တစ်ခုကို ပေးနိုင်ရုံသာမက ကျန်းမာရေးကို အာရုံစိုက်ကုသနိုင်စေရန်အတွက် လွှမ်းခြုံပေးထားနိုင်မည်လည်း ဖြစ်သည်။ ယခုအစီအစဥ်သစ်တွင် ပြင်းထန်ရောဂါ ၂၉ မျိုးအထိ အကျုံးဝင်မည် ဖြစ်ပြီး အသက်အာမခံဝယ်ယူထားသူများကို ကနဦး အဆင့်နှင့် နှောင်းပိုင်းအဆင့်များအတွက်ပါ အကာအကွယ်ပေးထားမည် ဖြစ်သည်။
Image: Manulife
ဒါ့အပြင် ယခုထပ်ဆောင်းအစီအစဥ်ကို Premium Plan နှင့် First-Class Plan နှစ်မျိုးဖြင့် စီစဥ်ထားရှိပေးထားကာ ၎င်းအစီ အစဥ်များတွင် အသက်အာမခံထားရှိသူများနှင့် ကိုက်ညီပြည့်စုံမှုရှိစေမည့် အကျိုးကျေးဇူးများကို ထည့်သွင်း စီစဥ်ထားသည်။ အဆိုပါ အကျိုးကျေးဇူးများတွင်
- အသက်အာမခံထားရှိလိုသူများက မိမိတို့၏ လိုအပ်ချက်ပေါ်မူတည်ပြီး စိတ်ကြိုက်ရွေးချယ်နိုင်သည့် အကာအကွယ်အစီအစဥ်။
- ပြင်းထန်ရောဂါများတွင် အဓိကအဖြစ်များသော ကင်ဆာ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အသည်း၊ အဆုတ်နှင့် ကျောက်ကပ် ပျက်စီးခြင်း အစရှိသည့် ရောဂါများအပါအဝင် ပြင်းထန်ရောဂါ ၂၉မျိုးကို ကနဦးအဆင့်မှ နှောင်းပိုင်းအဆင့်အထိ ကာကွယ်ပေးထားခြင်း။
- ကနဦးအဆင့်ပြင်းထန်ရောဂါအတွက် အာမခံထားငွေ၏ ၂၅ ရာခိုင်နှုန်း (ငွေကျပ်သိန်းနှစ်ရာထက် မကျော်လွန်သည့် ပမာဏ) ကို ဆေးကုသစရိတ်အတွက် အကာအကွယ် ထုတ်ယူနိုင်ခြင်း။
- နှောင်းပိုင်းအဆင့် ပြင်းထန်ရောဂါအတွက် ၁၀၀ ရာခိုင်နှုန်း အာမခံအကျိုးခံစားခွင့်ကို ရရှိခြင်း။ (ကနဦးအဆင့်တွင် ထုတ်ယူထားသည့် ပမာဏရှိပါက ပြန်လည်ထုတ်နုတ်သွားမည်ဖြစ်သည်)
- ပြင်းထန်ရောဂါနှောင်းပိုင်းကာလများရောက်ရှိလာပါက မူလအသက်အာမခံအစီအစဥ်အပြင် ဝယ်ယူထားသည့် ထပ်ဆောင်း အစီအစဥ် နှစ်ခုစလုံးအတွက် ပရီမီယံကြေးကင်းလွတ်ခွင့် ရရှိခြင်း။
မိသားစုတွင် အဓိက ဝင်ငွေရှာဖွေနေကြရသူများ၊ အထူးသဖြင့် နေရပ်မှဝေးကွာပြီး အလုပ်လုပ်ကိုင်ကာ မိသားစုအတွက် ထောက်ပံမှု ပြုလုပ်နေကြသောသူများအတွက် စဥ်းစားကာ Manulife မှ ကိုယ်စားတွေးတောကာ တန်ဖိုးရှိသော ထပ်လောင်း အကျိုးခံစားခွင့်ဖြစ်သော “မေတ္တာဝေဆာ” အစီအစဥ်ကိုလည်း ပူးတွဲမိတ်ဆက်လိုက်သည်။
အဆိုပါ မေတ္တာဝေဆာ အစီအစဥ်၏ အကျိုးကျေးဇူးများတွင် အသက်အာမခံထားရှိသူက ၎င်း၏ မိဘတစ်ဦးအတွက် သုံးနှစ် ဆက်တိုက်စာ အရေးပေါ်လူနာတင်ယာဥ်ဝန်ဆောင်မှု ရယူနိုင်ခြင်း၊ ရာသီတုပ်ကွေးကာကွယ်ဆေး နှစ်စဥ်ထိုးနှံပေးခြင်း အပါအဝင် Manulife Community Club တွင်ပါဝင်သော ကျန်းမာဆိုင်ရာဝန်ဆောင်မှုများစွာကို ရရှိအသုံးပြုနိုင်မည် ဖြစ်ပြီး မိမိနှင့် မိမိချစ်ခင်ရသူ နှစ်ဦးစာအတွက် အကာအကွယ်နှင့် ချစ်ခြင်းမေတ္တာဂရုစိုက်မှုကို ပံ့ပိုးပေးထားခြင်း ဖြစ်သည်။
အဆင့်မြှင့်တင်ထားသောပြင်းထန်ရောဂါအာမခံအစီအစဥ်သည် မြန်မာနိုင်ငံရှိ မိသားစုဝင်များအတွက် အရေးကြီးသော ကျန်းမာ ရေးအတွက်သာမက စိတ်အေးချမ်းမှုကိုပါ ရရှိစေပြီး ပိုကောင်းသော မနက်ဖြန်များစွာကို ပေးနိုင်စေရန် ရည်ရွယ်ပါသည်။
အဆင့်မြှင့်တင်ထားသောပြင်းထန်ရောဂါအာမခံ Rider အစီအစဥ်ကို ယခုအချိန်မှစတင်ကာ အသက်အာမခံကိုယ်စားလှယ်များ ထံမှတဆင့်သော်လည်းကောင်း၊ Manulife Myanmar ၏ မိတ်ဖက်ဘဏ် ဘဏ်ခွဲများတွင်လည်းကောင်း၊ Manulife ဘဝအာမခံ၊ Manulife ကျန်းမာသုခအသက်အာမခံ များနှင့် တွဲဖက်ဝယ်ယူနိုင်ပြီ ဖြစ်သည်။ (ယခုသတင်းထုတ်ပြန်ချက်သည် သတင်းမီဒီယာများမှ သတင်းရေးသားကိုးကားနိုင်ရန်အတွက်သာ ဖြစ်ပြီး အချက်အလက်များနှင့် စည်းကမ်းသတ်မှတ်ချက်များ အပြည့်အစုံမပါဝင်နိုင်ပါ။) အသေးစိတ်သိရှိလိုပါက Manulife Myanmar ၏ Customer Service နံပါတ် ၀၉၇၆၅ ၄၆၇ ၁၀၀ သို့ ဖုန်းခေါ်ဆို၍ဖြစ်စေ၊ Customer_Service_MM@manulife.com သို့ အီးမေလ်းပေးပို့၍ ဖြစ်စေ၊ သို့မဟုတ် Manulife Enhanced Critical Illness | အသက်အာမခံ | Manulife Myanmar သို့ ဝင်ရောက်ကြည့်ရှုနိုင် ပါသည်။
Manulife Myanmar အကြောင်း
Manulife Myanmar သည် Manulife Financial Corporation လက်အောက်တွင်ရှိသော နိုင်ငံခြားသား အပြည့်အဝ ပိုင်ဆိုင် သည့် အသက်အာမခံကုမ္ပဏီတစ်ခုဖြစ်သည်။ Manulife သည် ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံ၏ အသက်အာမခံလုပ်ငန်းအတွက် အဓိကထား လုပ်ဆောင်ပြီး မြန်မာနိုင်ငံသားများကို ဘဏ္ဍာရေးဆိုင်ရာအကာအကွယ်များထောက်ပံ့ပေးကာ မြန်မာမိသားစုများအတွက် ပိုမိုကျန်းမာ ပြီး ပိုမိုလုံခြုံစိတ်ချရသည့် ဘဏ္ဍာရေးအနာဂတ်တည်ဆောက်ရာတွင် ကူညီပေးလျက်ရှိသည်။ ဒါ့အပြင် Manulife Myanmar သည် မြန်မာနိုင်ငံသားများအား ပိုမိုကျန်းမာသန်စွမ်းသောဘဝများ ရရှိနေထိုင်နိုင်စေရန်အတွက် ကျန်းမာရေးအစီအစဉ်များစွာကို စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိပါသည်။ Manulife Myanmar အကြောင်း ပိုမိုသိရှိလိုပါက https://www.manulife.com.mm တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။
Manulife အကြောင်း
Manulife Financial Corporation သည် ထိပ်တန်းမှဦးဆောင်နေသည့် နိုင်ငံတကာငွေရေးကြေးရေး ဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Customers များအား ဆုံးဖြတ်ချက်ချရာတွင် ပိုမို လွယ်ကူစေရန်နှင့် ကောင်းမွန်သည့် ဘဝများ ရရှိစေရန် ကူညီပေးလျက်ရှိသည်။ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ရှိ ကျွန်ုပ်တို့၏ တစ်ကမ္ဘာလုံး ဆိုင်ရာရုံးချုပ်နှင့်အတူ Manulife အမည်ဖြင့် ကနေဒါ၊ အာရှနှင့် ဥရောပနိုင်ငံများရှိ ရုံးခန်းများတွင် လုပ်ငန်းလည်ပတ်လျက်ရှိကာ အမေရိကန်ပြည်ထောင်စု တွင် John Hancock အမည်နှင့် လုပ်ငန်းလုပ်ဆောင်လျက်ရှိသည်။ ကျွန်ုပ်တို့သည် ငွေရေးကြေးရေးဆိုင်ရာ အကြံပြုချက်များ၊ အာမခံနှင့် ဓနဥစ္စာပိုင်ဆိုင်မှုပစ္စည်း စီမံခန့်ခွဲမှု ပြဿနာဖြေရှင်းနည်းများကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက် သို့မဟုတ် အဖွဲ့အစည်းများ အတွက်ဖြစ်စေ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ၂၀၂၄ခုနှစ် နှစ်ကုန်အထိ ကျွန်ုပ်တို့တွင် ဝန်ထမ်းပေါင်း ၃၇,၀၀၀ ကျော်၊ အေးဂျင့်ပေါင်း ၁၀၉,၀၀၀ ကျော်အပြင် ထောင်ပေါင်းများစွာသော မိတ်ဖက်များနှင့်အတူ ဖောက်သည်ပေါင်း (၃၆) မီလီယံကို ဝန်ဆောင်မှု ပေးလျက်ရှိသည်။ ကျွန်ုပ်တို့သည် တိုရွန်တို၊ နယူးယောက်နှင့် ဖိလစ်ပိုင်စတော့အိတ်ချိန်းများတွင် ‘MFC’ ဖြင့် လည်းကောင်း၊ ဟောင်ကောင်တွင် ‘945’ ဖြင့်လည်းကောင်း ကုန်သွယ် လုပ်ဆောင်လျက်ရှိပါသည်။
သက်ဆိုင်ရာဒေသ၊နိုင်ငံများအလိုက် ကွဲပြားခြားနားမှုများရှိ ပြီး အသေးစိတ်သိရှိလိုပါက manulife.com သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။