အာမခံဝန်ဆောင်မှုများ လက်လှမ်းမီလွယ်ကူစွာရရှိနိုင်စေရန် ပရူဒန်ရှယ်အာမခံက အထက်မြန်မာပြည်တွင် လုပ်ငန်းဆောင်ရွက်မှုများတိုးချဲ့
Prudential Myanmar Life Insurance Limited (ပရူဒန်ရှယ်အာမခံ) က ၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးစီးပွားရေးမြို့တော်ကြီးဖြစ်သော မန္တလေးမြို့ကြီး၌ ရုံးခွဲအသစ်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ယခု ရုံးခွဲအသစ်ဖွင့်လှစ်ခြင်းသည် ပရူဒန်ရှယ်အာမခံ၏ ရည်မှန်းချက်များဖြစ်သော မြန်မာနိုင်ငံအထက်ပိုင်းတွင် ၎င်း၏လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန်နှင့် ပရူဒန်ရှယ်အာမခံ၏ ပြီးပြည့်စုံသော အသက်အာမခံ၊ ကျန်းမာရေးအာမခံအမျိုးမျိုးနှင့် ဝန်ဆောင်မှုများကို မန္တလေးမြို့တော်ကြီးနှင့် အနီးတစ်ဝိုက်ရှိ တိုင်းဒေသကြီးများထံသို့ ပိုမိုလွယ်ကူစွာ ပေးအပ်သွားနိုင်ရန်အတွက်ဖြစ်သည်။
Image: Prudential
ပရူဒန်ရှယ်အာမခံရုံးခွဲအသစ်သည် အမှတ် (၁၅၁)၊ ဆိုင်အမှတ် (၂)၊ ibis Styles Mandalay စင်တာ၊ (၃၅) လမ်းနှင့် (၅၄) လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိပြီး ယခုရုံးခွဲအသစ်သည် ရန်ကုန်ရုံးချုပ်ပြီးလျှင် မြန်မာနိုင်ငံတွင်ဖွင့်လှစ်ထားသော ပရူဒန်ရှယ်အာမခံ၏ ဒုတိယမြောက် ရုံးခွဲဖြစ်ပါတယ်။ ပရူဒန်ရှယ်အာမခံ၀ယ်ယူထားသူ များအနေဖြင့် အာမခံအစီအစဉ်အမျိုးမျိုးကို အလွယ်တကူလက်လှမ်းမီလာနိုင်ပြီး အကျိုးခံစားခွင့်ပြန်လည်ရယူသည့်ဝန်ဆောင်မှုများအပြင် ပိုမိုတိုးတက်ကောင်းမွန်လာသော ပရူဒန်ရှယ်အာမခံ၏ ပံ့ပိုးဝန်ဆောင်မှုများနှင့် အရည်အချင်းပြည့်မီသော ပရူဒန်ရှယ်အာမခံ၏ ကျွမ်းကျင်အကြံပေးများမှ အာမခံ၀ယ်ယူသူ တစ်ဦးချင်းစီအတွက် အဆင်ပြေကိုက်ညီမည့် အာမခံနှင့်ပတ်သက်သော ဆွေးနွေးတိုင်ပင်မှုများကိုလည်း ရရှိသွားနိုင်မည်ဖြစ်သည်။
“နိုင်ငံတစ်ဝန်းရှိ ပိုမိုကျယ်ပြန့်တဲ့လူထုအသိုင်းအဝိုင်းဆီကို အာမခံအကျိုးကျေးဇူးတွေ ပေးအပ်သွားချင်တဲ့ ပရူဒန်ရှယ်အာမခံရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်တဲ့အခါမှာ အရေးကြီးတဲ့ခြေလှမ်းတစ်လှမ်းလို့ပြောလို့ရတဲ့ မန္တလေးမြို့တော်ကြီးမှာ ရုံးခွဲသစ်ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ ပရူဒန်ရှယ်အာမခံက ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ မန္တလေးမြို့တော်ကြီးနဲ့ အထက်မြန်မာပြည်ပိုင်းတို့ကို ပရူဒန်ရှယ်အာမခံရဲ့ အသက်အာမခံ၊ ကျန်းမာရေးအာမခံအမျိုးမျိုးနဲ့ ဝန်ဆောင်မှုတွေ တိုက်ရိုက် ပေးအပ်သွားနိုင်ဖို့အတွက် အခုဖွင့်လှစ်ခဲ့တဲ့ ရုံးခွဲသစ်က အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားမှာဖြစ်ပါတယ်။ အခုလိုတိုးချဲ့ဖွင့်လှစ်လိုက်တာကနေတစ်ဆင့် လူပေါင်းများစွာနဲ့ အဖွဲ့လိုက် အာမခံ၀ယ်ယူသူများကို ပိုမိုတောက်ပတဲ့ အနာဂတ်တွေ ပိုင်ဆိုင်နိုင်ဖို့အတွက် ကြိုတင်အစီအစဉ်ရေးဆွဲဖို့ တိုက်တွန်းပေးသွားမှာဖြစ်ပြီး အာမခံအစီအစဉ်တွေကနေပေးအပ်တဲ့ ငွေကြေးပိုင်းဆိုင်ရာ လုံခြုံစိတ်ချမှုနဲ့အတူ ဘဝပေါင်းများစွာကို အကာအကွယ်ပေးအပ်သွားမှာဖြစ်ပါတယ်။ အခုလိုမျိုး မန္တလေးမြို့တော်ကြီးအပါအဝင် မြန်မာပြည်အထက်ပိုင်းတိုးတက်ဖို့အတွက် တစ်ထောင့်တစ်နေရာကနေ ထောက်ပံ့နိုင်ခဲ့တဲ့အတွက် ပရူဒန်ရှယ်အာမခံအနေနဲ့ ဝမ်းမြောက်ဂုဏ်ယူမိပြီး နောင်လာမယ့်နှစ်တွေမှာလည်း လူမှုရပ်ဝန်းတွေအတွက် အခုလို ဝန်ဆောင်မှုတွေဆက်လက်ပေးအပ်သွားနိုင်ဖို့လည်း မျှော်လင့်မိပါတယ်” ဟု ပရူဒန်ရှယ်အာမခံ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးနိုင်အေးလင်း က ပြောကြားခဲ့ပါသည်။
Image: Prudential
ဘဝပေါင်းများစွာကို ကာကွယ်ပေးရင်း ပိုမိုလှပသောအနာဂတ်များကို ပုံဖော်ဖန်တီးပေးခြင်း
ပရူဒန်ရှယ်အာမခံအနေဖြင့် “For Every Life, For Every Future” ဆိုသည့် ကတိကဝတ်၏ လမ်းညွှန်မှုအတိုင်း မတူကွဲပြားပြီး ရိုးရှင်း၍ လက်လှမ်းမီနိုင်သော ငွေကြေးနှင့်ကျန်းမာရေးဆိုင်ရာဖြေရှင်းချက်များ ကူညီပံ့ပိုးပေးခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းစီနှင့် မိသားစုများ၏ ဘဝများနှင့် အနာဂတ်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် အစဉ်အမြဲ ကြိုးပမ်းအားထုတ်နေလျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပရူဒန်ရှယ်အာမခံ၏လုပ်ငန်းဆောင်တာများ စတင်လည်ပတ်ခဲ့ပြီး မြန်မာနိုင်ငံ၏ အသက်အာမခံနယ်ပယ် တိုးတက်ကျယ်ပြန့်လာစေရန်နှင့် လူတိုင်းပါဝင်နိုင်သည့် ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလေးထား ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။
ပရူဒန်ရှယ်အာမခံတွင် မတူကွဲပြားသော အာမခံအစီအစဉ်အမျိုးအစားပေါင်းများစွာ ရရှိနိုင်ပြီး သီးခြားအသက်အာမခံ၊ ငွေစုဆောင်းသည့်အစီအစဉ် တစ်စိတ်တစ်ပိုင်းပါ၀င်သော အသက်အာမခံနှင့် ကျန်းမာရေးအာမခံတို့လည်း ပါဝင်သည်။ မကြာသေးခင်ကလည်း အပြင်းအထန်နာမကျန်းဖြစ်ခြင်းများနှင့် သေဆုံးခြင်းတို့အတွက် အပြည့်အ၀ ငွေကြေးပိုင်းဆိုင်ရာ ကာကွယ်မှုပေးနိုင်ပြီး ထပ်ဆောင်းအကျိုးခံစားခွင့်များပါဝင်ကာ တစ်ဦးတစ်ယောက်ချင်းအတွက်သော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း မိမိလိုအပ်ချက်အလိုက် အဆင်ပြေစွာ ရွေးချယ်ဝယ်ယူနိုင်မည့် PRUFlexiprotect အာမခံအမျိုးအစားအသစ်ကို မိတ်ဆက်ပေးခဲ့ပါသည်။
Image: Prudential
“ဒီနှစ်အတွက် “ပရူဒန်ရှယ်အာမခံရဲ့ အကာအကွယ်နဲ့အတူ ပိုကျန်းမာတဲ့အနာဂတ်ကို ပိုင်ဆိုင်လိုက်ရအောင်” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း မြန်မာပြည်သူပြည်သားများအားလုံးကို ကိုယ်ကိုယ်တိုင်သာမက ကိုယ်ချစ်ရတဲ့သူတွေအတွက် ကျန်းမာပျော်ရွှင်ရေးနဲ့ လုံခြုံစိတ်ချမှုကို အဓိကပဓာနထားဖို့ ကျွန်တော်တို့ပရူဒန်ရှယ်အာမခံက တိုက်တွန်းခွန်အားပေးလျက်ရှိပါတယ်။ မိမိကိုယ်ကိုယ်နဲ့ ကိုယ်ချစ်ရတဲ့သူတွေကို ကာကွယ်ပေးတာက အလားအလာကောင်းတွေနဲ့ ပြည့်နှက်နေတဲ့ အနာဂတ်သစ်တစ်ခုဆီကို အရောက်လှမ်းနိုင်မယ့် လမ်းသစ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ အပြည့်အဝ ယုံကြည်ပါတယ်” ဟု ဦးနိုင်အေးလင်းက ထပ်လောင်းပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံအတွင်း လက်လှမ်းမီလွယ်ကူစွာ အာမခံဝယ်ယူရရှိနိုင်ရန်အတွက် ပိုမိုတိုးချဲ့ဆောင်ရွက်လာခြင်း
ပရူဒန်ရှယ်အာမခံအနေဖြင့် မန္တလေး၌ ရုံးအသစ်ဖွင့်မည့်အပြင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အေးဂျင့်ကွန်ရက်ကိုလည်း ဖြန့်ကျက်သွားမည်ဖြစ်သည်။ ယခုအေးဂျင့်ကွန်ရက်သည် နေရာအနှံ့အပြားတွင်နေထိုင်ရင်း ပရူဒန်ရှယ်အာမခံကို ကိုယ်စားပြုလျက် အာမခံအစီအစဉ်ပေါင်းများစွာကို လူထုထံသို့ ဆောင်ကြဉ်းပေးမည့် အရည်အချင်းရှိသော အာမခံကျွမ်းကျင်ပညာရှင်များစုပေါင်းထားခြင်းဖြစ်သည်။ ထို့အပြင် ရိုးမဘဏ်နှင့် လက်တွဲပူးပေါင်းကာ ဘဏ်မှတစ်ဆင့် ရယူနိုင်သော အာမခံဝန်ဆောင်မှုအဖြစ် ပရူဒန်ရှယ်အာမခံ၏ အသက်နှင့် ကျန်းမာရေးအာမခံ ထုတ်ကုန်များအား မြန်မာနိုင်ငံတစ်ဝန်းရှိ ရိုးမဘဏ်ခွဲပေါင်း (၆၇) ခုတွင် ရရှိနိုင်မည်ဖြစ်ပါသည်။
နောင်အနာဂတ်တွင်လည်း ပရူဒန်ရှယ်အာမခံသည် မြန်မာနိုင်ငံတစ်ဝန်းရှိ အဓိကအခရာကျသည့် မြို့ကြီးများ၌ လုပ်ငန်းလည်ပတ်မှုများကို ဆက်လက် ချဲ့ထွင်သွားရန်အစီအစဉ်ရှိပြီး ခေတ်မီဆန်းသစ်သော အာမခံအစီအစဉ်များကို နိုင်ငံတွင်းမှ ပြည်သူပြည်သားများ၏ လိုအပ်ချက်များအလိုက် မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။
Image: Prudential
၂၀၂၃ ခုနှစ်အတွင်း ပရူဒန်ရှယ်အာမခံ၏ သိသာထင်ရှားသော စွမ်းဆောင်ရည်များ
မြန်မာနိုင်ငံအာမခံအဖွဲ့အစည်းက ထုတ်ပြန်ခဲ့သည့် ၂၀၂၃ ခုနှစ်အစီရင်ခံတင်ပြချက်အရ ပြီးခဲ့သော ၂၀၂၃ ခုနှစ်တွင် ပရူဒန်ရှယ်အာမခံ၏ အံမခန်းစွမ်းဆောင်ရည်များအားဖော်ပြခံရပြီးနောက် ယခုကဲ့သို့ မန္တလေးမြို့တော်ကြီးတွင် ရုံးခွဲအသစ်ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းနယ်ပယ်တွင် ပရူဒန်ရှယ်အာမခံသည် ဦးဆောင်အာမခံလုပ်ငန်းတစ်ခုအနေဖြင့် ခိုင်မာစွာရပ်တည်နိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဘဏ်များမှတစ်ဆင့် ရယူနိုင်သည့် အာမခံ၀န်ဆောင်မှုများနှင့် စီးပွားရေးလုပ်ငန်း နယ်ပယ်အခန်းကဏ္ဍတွင် အဆင့် (၁) အဖြစ် အသာစီးရပ်တည်နိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင်းရှိ အာမခံလုပ်ငန်းများအားလုံးအနက် အဆင့် (၆)၊ မြန်မာနိုင်ငံတွင်းရှိ နိုင်ငံခြားအာမခံလုပ်ငန်းအားလုံးအနက် အဆင့် (၂) အဖြစ် ရပ်တည်နိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် အောင်မြင်မှုများ ရရှိပိုင်ဆိုင်ခဲ့သည်။
ပရူဒန်ရှယ်အာမခံ၏ ကျွမ်းကျင်အကြံပေးများက အာမခံ၀ယ်ယူထားသူများ၏ အာမခံလိုအပ်ချက်များနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချနိုင်ရန်နှင့် အာမခံ၀ယ်ယူထားသူများ၏ ငွေကြေးပိုင်းဆိုင်ရာအနာဂတ် ပိုမိုစိတ်ချလုံခြုံစေရန်အတွက် ရည်ရွယ်၍ သီးသန့်အကူအညီများနှင့် ဆွေးနွေးတိုင်ပင်မှုများကို ပေးအပ်ရန်အတွက် အဆင်သင့်ဖြစ်နေပါပြီ။ ပရူဒန်ရှယ်အာမခံ၏ အသက်အာမခံနှင့် ကျန်းမာရေးအာမခံထုတ်ကုန်အမျိုးအစားများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ယခုလင့်ခ် www.prudential.com.mm/mm/all-products တွင်ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။
Image: Prudential
ရရှိနိုင်သော အာမခံထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအကြောင်းကို အသေးစိတ်လေ့လာနိုင်ရန်အတွက် ibis Styles Mandalay စင်တာတွင်တည်ရှိသော ပရူဒန်ရှယ်အာမခံ၏ မန္တလေးရုံးခွဲသို့ အလည်အပတ်လာရောက်ကြပါရန် မန္တလေးမြို့တော်ကြီးတွင်နေထိုင်ကြသော မန္တလေးသူ၊ မန္တလေးသားများနှင့် စီးပွားရေးလုပ်ငန်းရှင်များကို နွေးထွေးစွာဖိတ်ခေါ်လိုက်ရပါသည်။ အသေးစိတ်အချက်အလက်များနှင့် အာမခံ၀ယ်ယူထားသူ ဝန်ဆောင်မှုများအတွက် ပရူဒန်ရှယ်အာမခံ၏ hotline ဖုန်းနံပါတ် ၀၉ ၇၇၀ ၁၁၀ ၀၁၀ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပြီး info@prudential.com.mm သို့လည်း အီးမေးလ် ပေးပို့မေးမြန်းနိုင်ပါသည်။