HONOR OF KINGS (HOK) က မြန်မာ့အလှအပအသွင်အပြင်နှင့် ယဉ်ကျေးမှုတို့ဖြင့် အထူးသီးသန့် ပေါင်းစပ် ဖန်တီးထားသည့် Voice Pack နှင့် Sticker များ စတင်မိတ်ဆက်
ကမ္ဘာကျော် နာမည်ကြီး ဂိမ်းတစ်ခုဖြစ်သည့် HONOR OF KINGS (HOK) သည် မြန်မာနိုင်ငံမှ ချစ်ခင်အားပေးသူ ကစားသမားများအတွက် သီးသန့်ရည်ရွယ်၍ မြန်မာ့အလှအပအသွင်အပြင်နှင့် ယဉ်ကျေးမှုတို့ကို ပေါင်းစပ်ထည့်သွင်းဖန်တီးထားသော Voice Pack နှင့် Sticker များကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ ယခု မိတ်ဆက်လိုက်သည့် အဆိုပါ Voice Pack နှင့် Sticker များ အပြင် အခြား အပိုထပ်ဆောင်း လက်ဆောင်များကို နိုဝင်ဘာ ၁ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း HONOR OF KINGS (HOK) တွင် In-game Missions များ ဆော့ကစားခြင်းဖြင့် အခမဲ့ ရရှိနိုင်မည်ဖြစ်ပါသည်။ အဆိုပါ Voice Line များနှင့် Sticker များကို ကစားသမားတွေအချင်းချင်း ပျော်ရွှင်စွာ ဆက်သွယ် ပြောဆိုနိုင်ရန်နှင့် မြန်မာ့ဂိမ်းအသိုက်အဝန်းကို အလေးထားသည့်အနေဖြင့် သီးသန့် ဖန်တီးထားခြင်းဖြစ်ပါသည်။
HONOR OF KINGS (HOK) က ယခု မိတ်ဆက်လိုက်သည့် ဖန်တီးမှုအသစ်များတွင် မြန်မာဘာသာဖြင့် Voice Line နှစ်ခုနှင့် မြန်မာ့အလှအပအသွင်အပြင်နှင့် ယဉ်ကျေးမှုတို့ ပါဝင်သည့် Sticker နှစ်ခု ပါဝင်လာမည်ဖြစ်ပါသည်။ Voice Line နှစ်ခုထဲတွင် မြန်မာကစားသမားတွေ အသုံးများသည့် “ဆေးမထိုးနဲ့” နှင့် “တန်တယ် တန်တယ်” ဆိုသည့် စကားလုံးများကို မြန်မာဘာသာဖြင့် ရရှိနိုင်မှာဖြစ်ပါသည်။ Sticker နှစ်ခုထဲတွင် သနပ်ခါး၊ ကြက်တောင်စည်း၊ ပွဲတော်မီးရှူးမီးပန်း စသည့် မြန်မာ့အလှအပအသွင်အပြင်နှင့် ယဉ်ကျေးမှုတို့ ပါဝင်အောင် ဖန်တီးထားသည့် “မှတ်ပြီလားကွ” နှင့် “ဟီးဟီး” တို့ ပါဝင်လာမည်ဖြစ်ပါသည်။ အဆိုပါ Voice Line များနှင့် Sticker များကို မြန်မာကစားသမားတွေ အသုံးများသည့် မြန်မာစကားလုံးတွေအပေါ် အခြေခံပြီး ဖန်တီးထားခြင်းဖြစ်ကာ ကစားသမားတွေအချင်းချင်း ပျော်ရွှင်စွာ လွယ်လွယ်ကူကူ ဆက်သွယ် ပြောဆိုနိုင်မည်ဖြစ်ပါသည်။

Image: HOK
HONOR OF KINGS (HOK) ၏ Country Manager ဖြစ်သူ Aman Kumar က “မြန်မာနိုင်ငံက HOK ကစားသမားတွေအတွက် မြန်မာ့အလှအပတွေနဲ့ ယဉ်ကျေးမှုတွေ ပါဝင်တဲ့ Voice Pack နှင့် Sticker ကို ယခုလို မိတ်ဆက်နိုင်ခဲ့အတွက် အထူးပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာ့ယဉ်ကျေးမှုကို ဂိမ်းထဲမှာ ထည့်သွင်းပေးခြင်းဟာ မြန်မာ့ဂိမ်းကစားသူတွေကို လေးစားကြောင်း ပြသလိုက်တာဖြစ်ပါတယ်။ ယခု မိတ်ဆက်လိုက်တဲ့ Sticker နှစ်ခုဟာ မြန်မာကစားသမားတွေအတွက် မြန်မာအငွေ့အသက်တွေနဲ့ သီးသန့်ဖန်တီးထားတဲ့ ပထမဆုံး Sticker ဖြစ်လာမှာပါ။ အခု မိတ်ဆက်လိုက်တဲ့ Voice Pack နှင့် Sticker တွေဟာ ကစားသမားတွေအချင်ချင်း မြန်မာလို ဆက်သွယ်ပြောဆိုမှုတွေ လုပ်ဆောင်နိုင်မှာဖြစ်ပြီးတော့ ပိုမို စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဂိမ်းအတွေ့အကြုံတွေကို ရရှိနိုင်စေမှာဖြစ်ပါတယ်။ အခုလို ဖန်တီးမှုတွေကနေ တစ်ဆင့် ကျွန်တော်တို့တွေဟာ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာတွေကို အလေးထားပြီးတော့ မြန်မာကစားသမား အသိုက်အဝန်းကို ဆက်လက် ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ် ” ဟု ပြောကြားခဲ့ပါသည်။
HONOR OF KINGS (HOK) သည် ဒေသတွင်း ယဉ်ကျေးမှု အငွေ့အသက်များနှင့် အသိုက်အဝန်းအလိုက် ပိုမိုဆန်းသစ်သည့် ဂိမ်းအတွေ့အကြုံကောင်းများ ဖန်တီးပေးနိုင်အောင် ကြိုးပမ်းလျက်ရှိပြီး ကမ္ဘာတစ်ဝန်းရှိ ကစားသမားများကို ဆက်လက် ပံ့ပိုးပေးလျက်ရှိပါသည်။ မြန်မာ့ယဉ်ကျေးမှုနှင့် အသိုက်အဝန်းတွေကနေ တစ်ဆင့် မြန်မာကစားသမားများ၏ ဂိမ်းကစားခြင်း အတွေ့အကြုံတွေကိုလည်း ထူးခြားဆန်းသစ်စေရန် ဆက်လက်ဖန်တီးပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။ HONOR OF KINGS (HOK) သည် အပျော်တမ်းကစားသမားများမှ အစ ထိပ်တန်း ပရော်ဖက်ရှင်နယ်များအထိ အကြိတ်အနယ် ယှဉ်ပြိုင်ကစားပွဲများကို ပံ့ပိုးပေးနေသည့် E-sports ဂေဟစနစ်နေရာတစ်ခုဖြစ်အောင် စွမ်းဆောင်လျက်ရှိပါသည်။



