Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

ဆန်းသစ်တီထွင်မှုတွေနဲ့ နည်းပညာလောကမှာ ဦးဆောင်နေတဲ့ နည်းပညာ ကုမ္ပဏီကြီးတွေထဲက တစ်ခုဖြစ်တဲ့ Samsung Electronic ကို စတင်တည်ထောင်ခဲ့တာ ယခု ၂၀၂၅ ခုနှစ်မှာဆိုရင်တော့ (၅၆) နှစ် တိုင်ခဲ့ပြီဖြစ်ပါတယ်။ Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် အနေနဲ့ မြန်မာနိုင်ငံက Samsung ချစ်သူတွေအတွက် Samsung eStore မှာသာ ရနိုင်မယ့် အထူးသီးသန့် အခွင့်အရေးတစ်ခုဖြစ်တဲ့ လျှော့ဈေးတွေအများကြီး ရမယ့် Samsung Week ပရိုမိုးရှင်းအစီအစဉ်ကို နိုဝင်ဘာလ (၁၄) ရက်နေ့အထိ ပြုလုပ်ပေးလျက်ရှိပါတယ်။

Samsung Week ပရိုမိုးရှင်း ကာလကိုတော့ နိုဝင်ဘာလ (၁) ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ (၁၄) ရက်နေ့အထိ တိုးမြှင့်ပေးထားတာဖြစ်ပါတယ်။ (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးထားတဲ့ Samsung ထုတ်ကုန်တွေကို ပရိုမိုးရှင်း ကာလအတွင်း Samsung ရဲ့ တရားဝင် eStore လင့်ခ် (https://estoremyanmar.com/) ကနေပဲ ဝယ်ယူနိုင်မှာဖြစ်ပြီး ပစ္စည်းလက်ကျန်ရှိသလောက်ပဲ ရရှိနိုင်မှာ ဖြစ်ပါတယ်။ အထူးသီးသန့် လျှော့စျေးတွေ ပေးနေတဲ့ Samsung ထုတ်ကုန်များမှာတော့ Samsung ရဲ့ စွမ်းဆောင်ရည်မြင့် Flagship စမတ်ဖုန်းများ၊ Galaxy A Series စမတ်ဖုန်းများ၊ တက်ဘလက်များအပြင် Wearable ထုတ်ကုန်များလည်း ပါဝင်ပါသေးတယ်။

Samsung Week ပရိုမိုးရှင်းကာလမှာ Galaxy A06 5G ကို ဝယ်ယူမယ်ဆိုရင် Galaxy Fit3 ပေါ်မှာ (၅၆) ရာခိုင်နှုန်း လျှော့စျေးရနိုင်မှာဖြစ်တဲ့အတွက် Galaxy A06 5G (4/64 GB) နဲ့ Galaxy Fit3 တို့ကို ပူးတွဲဝယ်ယူပြီး ပရိုမိုးရှင်းစျေးနှုန်း ၇၂၇,၃၆၀ ကျပ် ထဲနဲ့ ရရှိနိုင်မှာပါ။ [ပုံမှန်စျေးနှုန်း Galaxy A06 5G (4/64 GB) ၆၀၉,၀၀၀ ကျပ်၊ Galaxy Fit3 – ၂၆၉,၀၀၀ ကျပ်]

Image: Samsung

Samsung ရဲ့ Flagship စမတ်ဖုန်းတွေကိုလည်း အောက်ပါ Samsung Week ပရိုမိုးရှင်းစျေးနှုန်းတွေနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

  • Galaxy Z Flip5 (8/256 GB) – ၃,၇၅၄,၈၀၀ ကျပ် [ပုံမှန် စျေးနှုန်း – ၄,၁၅၉,၀၀၀ ကျပ်]
  • Galaxy S24+ (12/256 GB) – ၃,၆၉၆,၀၀၀ ကျပ် [ပုံမှန် စျေးနှုန်း – ၅,၁၀၉,၀၀၀ ကျပ်]
  • Galaxy S24 (8/512 GB) – ၃,၀၄၅,၀၀၀ ကျပ် [ပုံမှန် စျေးနှုန်း – ၄,၈၁၉,၀၀၀ ကျပ်]
  • Galaxy S24 (8/256 GB) – ၃,၀၄၅,၀၀၀ ကျပ် [ပုံမှန် စျေးနှုန်း – ၄,၂၀၉,၀၀၀ ကျပ်]
Samsung ရဲ့ တက်ဘလက်တွေကိုတော့ အောက်ပါ အထူးပရိုမိုးရှင်းစျေးနှုန်းတွေနဲ့ ရရှိနိုင်မှာပါ။
  • Galaxy Tab S10 Ultra (12/256 GB) – ၅,၀၄၉,၄၅၀ ကျပ် [ပုံမှန် စျေးနှုန်း – ၆,၀၅၃,၀၀၀ ကျပ်]
  • Galaxy Tab S9 Ultra (12/256 GB) – ၅,၀၇၁,၅၀၀ ကျပ် [ပုံမှန် စျေးနှုန်း – ၆,၃၀၉,၀၀၀ ကျပ်]
  • Galaxy Tab S9+ (12/256 GB) – ၄,၃၁၇,၃၉၀ ကျပ် [ပုံမှန် စျေးနှုန်း – ၅,၃၇၅,၀၀၀ ကျပ်]
  • Galaxy Tab A8 (4/64 GB) – ၁,၁၂၄,၅၅၀ ကျပ် [ပုံမှန် စျေးနှုန်း – ၁,၁၅၉,၀၀၀ ကျပ်]
  • Galaxy Tab A7 Lite (3/32 GB) – ၆၇၉,၁၄၀ ကျပ် [ပုံမှန် စျေးနှုန်း – ၆၉၅,၀၀၀ ကျပ်]
Samsung Wearable ထုတ်ကုန်များကို Samsung Week ပရိုမိုးရှင်းကာလမှာ ဝယ်ယူရရှိနိုင်မယ့် အထူးလျှော့စျေးများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
  • Galaxy Watch 6 Classic (47mm) – ၁,၃၂၇,၂၀၀ ကျပ် [ပုံမှန် စျေးနှုန်း – ၁,၈၀၉,၀၀၀ ကျပ်]
  • Galaxy Watch 6 (44mm) – ၁,၀၂၀,၆၀၀ ကျပ် [ပုံမှန် စျေးနှုန်း – ၁,၃၃၉,၀၀၀ ကျပ်]
  • Galaxy Watch 6 (40mm) – ၉၂၄,၀၀၀ ကျပ် [ပုံမှန် စျေးနှုန်း – ၁,၂၆၅,၀၀၀ ကျပ်]
  • Galaxy Fit3 – ၁၈၀,၆၀၀ ကျပ် [ပုံမှန် စျေးနှုန်း – ၂၆၉,၀၀၀ ကျပ်]
  • Galaxy Buds FE – ၂၈၅,၆၀၀ ကျပ် [ပုံမှန် စျေးနှုန်း – ၄၂၅,၀၀၀ ကျပ်]
Samsung ရဲ့ အထူးပရိုမိုးရှင်းတွေနဲ့  နောက်ဆုံးပေါ် Galaxy ထုတ်ကုန်သစ်များနဲ့ပတ်သတ်ပြီး အချိန်နဲ့ တပြေးညီသိရှိလိုရင်တော့ Samsung Myanmar ရဲ့ တရားဝင် Website နဲ့ Facebook စာမျက်နှာများမှာ ဝင်ရောက်ကြည့်ရှုမေးမြန်းနိုင်မှာဖြစ်ပါတယ်။