အဆင့်မြင့် Galaxy AI လုပ်ဆောင်ချက်တွေနဲ့ Flagship စမတ်ဖုန်းသုံးစွဲမှုအတွေ့အကြုံကို ခံစားနိုင်မယ့် Samsung Galaxy S25 FE စမတ်ဖုန်းအသစ်
Samsung Electronics ကနေ Galaxy S25 FE စမတ်ဖုန်းအသစ်ကို Galaxy S25 စမတ်ဖုန်း Series ရဲ့ မော်ဒယ်အသစ်တစ်ခုအနေနဲ့ မိတ်ဆက်ပေးလိုက်ပြီဖြစ်ပြီး မြန်မာနိုင်ငံမှာ အထူးခံစားခွင့်လက်ဆောင်တွေနဲ့အတူ အတန်ဆုံး စျေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။ နောက်ဆုံးပေါ် One UI 8 နဲ့ Galaxy AI လုပ်ဆောင်ချက်တွေ ပါဝင်လာတဲ့ Galaxy S25 FE ဟာ ဘက်စုံသုံးနိုင်မယ့်စွမ်းဆောင်ရည်နဲ့ AI အဖော်မွန်ကောင်းတစ်ခု ဖြစ်လာမှာပါ။
တီထွင်ဖန်တီးမှု အသစ်တွေကို ဖွင့်ဟပြနိုင်ဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်တဲ့အတွက် Galaxy S25 FE မှာ Generative Edit နဲ့ Instant Slow-mo တို့ကဲ့သို့ စွမ်းဆောင်ရည်မြင့် AI Editing Tools တွေ ပါဝင်လာပါတယ်။ AI နည်းပညာဖြင့် ထောက်ပံ့ထားတဲ့ ProVisual Engine နဲ့အတူ 12MP ထိ အဆင့်မြှင့်တင်ပေးထားတဲ့ ရှေ့ကင်မရာကြောင့် ပိုမိုကောင်းမွန်တဲ့ Selfie ဓာတ်ပုံများကိုလည်း ရိုက်ကူးနိုင်စေမှာပါ။ ၁၀% မက ပိုမိုကြီးမားလာတဲ့ Vapor Chamber ပါဝင်လာတာကြောင့် ချောမွေ့သွက်လက်တဲ့ လုပ်ဆောင်နိုင်စွမ်းကို ပေးစွမ်းနိုင်မှာဖြစ်ပြီး 4,900 mAh ဘက်ထရီ နဲ့ အတူ 45W အထိ ထောက်ပံ့ပေးထားတဲ့ Wired Charging စနစ်ကြောင့် ကြာရှည်စွာ အားအသုံးခံသလို လျှင်မြန်စွာလည်း အားပြန်လည်သွင်းနိုင်စေမှာဖြစ်ပါတယ်။ အဆိုပါစွမ်းဆောင်ရည်မြင့်လုပ်ဆောင်ချက်တွေပါဝင်ပြီး ထူးခြားလှပတဲ့ ဒီဇီုင်းနဲ့ ထွက်ရှိလာတဲ့ Galaxy S25 FE ကို Os Update ၇ကြိမ်နဲ့ Security Updates ကို ၇ နှစ်အထိ ပေးသွားမယ့်အပြင် iP68 Water and Dust Restistance နဲ့ ရေဒဏ်နဲ့ ဖုန်ဒဏ်တွေကို ကာကွယ်ပေးထားတဲ့အတွက် ကြာရှည်ခံပြီး စိတ်ချစွာ အသုံးပြုနိုင်မှာပါ။
“Galaxy S25 FE စမတ်ဖုန်းအသစ်ဟာ Galaxy AI Ecosystem ကို ပိုမိုကျယ်ပြန့်လာစေတဲ့နေရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ပိုမိုကောင်းမွန်ပြီး သုံးစွဲသူနဲ့ ကိုက်ညီအောင် ဖန်တီးပေးနိုင်တဲ့ AI သုံးစွဲမှုအတွေ့အကြုံနဲ့ AI နည်းပညာထည့်သွင်းပေးထားတဲ့ ဓာတ်ပုံရိုက်ကူးမူနဲ့ ပြုပြင်မှု လုပ်ဆောင်ချက်တွေကြောင့် ပိုမိုများပြားတဲ့ သုံးစွဲသူတွေဆီ ပိုမိုအဆင်ပြေချောမွေ့တဲ့နေ့စဉ်ဘဝနဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို ပေးစွမ်းနိုင်သွားမှာ ဖြစ်ပါတယ်။“ လို့ Samsung Electronics ရဲ့ Executive Vice President နှင့် Head of Customer Experience Office, Mobile experience Business ဖြစ်သူ Jay Kim က ပြောကြားခဲ့ပါတယ်။

Image: Samsung
Galaxy S25 FE စမတ်ဖုန်းအသစ်ကို Navy၊ Icyblue နဲ့ Jetblack စတဲ့ ပရီမီယမ်ဆန်ပြီး လှပတဲ့အရောင်များနဲ့ ရရှိနိုင်မှာဖြစ်ပြီး အောက်ပါဈေးနှုန်းများနဲ့ နီးစပ်ရာ Samsung Showroom နဲ့ အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်သလို Samsung ရဲ့ တရားဝင် eStore လင့်ခ် (https://estoremyanmar.com/) မှတစ်ဆင့်လည်း နှစ်သက်ရာ အရောင်၊ Memory စသည်တို့ကို ရွေးချယ်ပြီး လွယ်ကူအဆင်ပြေစွာဝယ်ယူနိုင်မှာဖြစ်ပါတယ်။
- Galaxy S25 FE (8/256GB) – ၃,၀၆၀,၀၀၀ ကျပ် (နိုဝင်ဘာလ ၂၁ ရက်နေ့မတိုင်ခင် ဝယ်ယူလျှင် Cashback ၂၀၀,၀၀၀ ကျပ် ပေးအပ်သွားမှာဖြစ်လို့ ၂,၈၆၀,၀၀၀ ကျပ် နဲ့ ရရှိနိုင်မှာပါ။)
- Galaxy S25 FE (8/128GB) – ၂,၆၆၅,၀၀၀ ကျပ် (နိုဝင်ဘာလ ၂၁ ရက်နေ့မတိုင်ခင် ဝယ်ယူလျှင် Cashback ၈၉,၀၀၀ ကျပ် ပေးအပ်သွားမှာဖြစ်လို့ ၂,၅၈၀,၀၀၀ ကျပ် နဲ့ ရရှိနိုင်မှာပါ။)
အသစ်ထွက်ရှိထားတဲ့ Galaxy S25 FE ကို ဝယ်ယူရင် အောက်ပါ အထူးခံစားခွင့်နဲ့တွေကိုလည်း ရရှိနိုင်ဦးမှာပါ။
- မတော်တဆဖြစ်ပြီး ဖုန်းမှန်ကွဲပျက်စီးခြင်း လဲလှယ်မှုအတွက် ၂ သိန်းခွဲအထိ တန်ဖိုးရှိတဲ့ Samsung Care+ ဝန်ဆောင်မှုကို ဝယ်ယူတဲ့နေ့မှ ၁၈ လအထိ ခံစားခွင့် ၁ ကြိမ်ကိုလည်း ရရှိသွားနိုင်မှာပါ။
- အရစ်ကျ အစီအစဉ် အနေနဲ့လည်း AYA Pay ရဲ့ Buy Now Pay Later (သို့) Rent 2 Own အစီအစဥ်များနဲ့ ချိတ်ဆက်ပြီး လစဉ် ၂၅၀,၀၀၀ ကျပ် အရစ်ကျပေးသွင်းပြီး (၁၂) လအရစ်ကျ ဝယ်ယူသွားနိုင်မှာဖြစ်ပါတယ်။
- ATOM SIM Card ကို လက်ရှိအသုံးပြုနေသူနဲ့ SIM Card အသစ် ဝယ်ယူအသုံးပြုသူတွေအတွက် Operator Bundle ဒေတာလက်ဆောင်အနေနဲ့ ဒေတာ 8GB အထိကို (၆) ကြိမ် အခမဲ့ ခံစားခွင့်ရရှိသွားနိုင်မှာပါ။



