Flagship ဆန်ဆန် Samsung Galaxy S25 FE စမတ်ဖုန်းအသစ်ကို ငွေသားလက်ဆောင်အပြင် လစဥ် ငွေကျပ် (၂) သိန်းကျော် ပေးသွင်းပြီး အတန်ဆုံးရရှိနိုင်မယ့် အခွင့်အရေး
Samsung Myanmar ကနေ Galaxy S25 FE စမတ်ဖုန်းအသစ်ကို မကြာသေးခင်ကပဲ မြန်မာနိုင်ငံမှာမိတ်ဆက်ပေးလိုက်တာဖြစ်ပြီး Samsung ချစ်သူတွေ အတန်ဆုံး ဝယ်ယူရရှိနိုင်အောင် အထူးအစီအစဉ်များစွာ ပြုလုပ်ပေးလျက်ရှိပါတယ်။ Flagship ဖုန်းများကဲ့သို့ စွမ်းဆောင်ရည်မြင့် Galaxy AI၊ အရည်အသွေးမြင့် ကင်မရာလုပ်ဆောင်ချက် နဲ့ အကောင်းဆုံး ဂိမ်းကစားမှုအတွေ့အကြုံတွေကို ပေးစွမ်းနိုင်မယ့် Galaxy S25 FE စမတ်ဖုန်းအသစ်ကို Navy၊ Icyblue နဲ့ Jetblack စတဲ့ ပရီမီယမ်ဆန်ပြီး လှပတဲ့အရောင်များနဲ့ ရရှိနိုင်မှာဖြစ်ပြီး အောက်ပါ အထူးအစီအစဉ်များအတိုင်း အတန်ဆုံး ဝယ်ယူရရှိနိုင်မှာပါ။
(၂) သိန်းကျပ်အထိ ငွေသားလက်ဆောင် ပရိုမိုးရှင်း
-
ပုံမှန်စျေးနှုန်း ၂,၆၆၅,၀၀၀ ကျပ် ကို ငွေသား လက်ဆောင် Cashback ၈၅,၀၀၀ ပေးအပ်သွားမှာဖြစ်လို့ Galaxy S25 FE (8/128GB) ကို ၂,၅၈၀,၀၀၀ ကျပ် နဲ့ ရရှိနိုင်မှာပါ။
-
ပုံမှန်စျေးနှုန်း ၃,၀၆၀,၀၀၀ ကျပ် ကို ငွေသား လက်ဆောင် Cashback ၂၀၀,၀၀၀ ကျပ် ပေးအပ်သွားမှာဖြစ်လို့ Galaxy S25 FE (8/256GB) ကို ၂,၈၆၀,၀၀၀ ကျပ် နဲ့ ရရှိနိုင်မှာပါဖြစ်ပါတယ်။

Image: Samsung
(၂) သိန်း (၅) သောင်း ကျပ် အထိတန်ဖိုးရှိ Samsung Care+
မတော်တဆဖြစ်ပြီး ဖုန်းမှန်ကွဲပျက်စီးခြင်း လဲလှယ်မှုအတွက် (၂) သိန်း (၅) သောင်းကျပ် အထိ တန်ဖိုးရှိတဲ့ Samsung Care+ ဝန်ဆောင်မှုကို ဝယ်ယူတဲ့နေ့မှ ၁၈ လအထိ ခံစားခွင့် ၁ ကြိမ်ကိုလည်း ရရှိသွားနိုင်ဦးမှာပါ။
ဒေတာ 8GB အထိ ရနိုင်မယ့် Operator Bundle အစီအစဉ်
ATOM SIM Card ကို လက်ရှိအသုံးပြုနေသူနဲ့ SIM Card အသစ် ဝယ်ယူအသုံးပြုသူတွေအတွက် Operator Bundle ဒေတာလက်ဆောင်အနေနဲ့ ဒေတာ 8GB အထိကို (၆) ကြိမ် အခမဲ့ ခံစားခွင့် ရရှိသွားနိုင်မှာပါ။ ဂိမ်းဆော့ကစားမှုကို နှစ်သက်တဲ့ Samsung ချစ်သူတွေအနေနဲ့လည်း Galaxy S25 FE ရဲ့ အကောင်းမွန်ဆုံး ဂိမ်းကစားမှုအတွေ့အကြုံကို ဒေတာလက်ဆောင်တွေ စိတ်တိုင်းကျသုံးပြီး ရရှိနိုင်မှာဖြစ်ပါတယ်။
လစဉ် (၂) သိန်း (၅) သောင်း ကျပ်ဝန်းကျင်သာ ပေးသွင်းရန်လိုတဲ့ အရစ်ကျ အစီအစဉ်
Galaxy S25 FE ကို အရစ်ကျ အစီအစဉ် နဲ့ ဝယ်ယူလိုသူတွေအနေနဲ့ လည်း AYA Pay ရဲ့ Buy Now Pay Later (သို့) Rent 2 Own အစီအစဥ်များနဲ့ ချိတ်ဆက်ပြီး လစဉ် (၂၅၀,၀၀၀) ကျပ် ဝန်းကျင်သာ အရစ်ကျပေးသွင်းပြီး (၁၂) လအရစ်ကျ ဝယ်ယူသွားနိုင်မှာဖြစ်ပါတယ်။
Galaxy S25 FE စမတ်ဖုန်းအသစ်ကို Samsung Showroom နဲ့ အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်သလို Samsung ရဲ့ တရားဝင် eStore လင့်ခ် (bit.ly/buy-galaxyS25FE) မှတစ်ဆင့်လည်း လွယ်ကူအဆင်ပြေစွာဝယ်ယူနိုင်မှာပါ။
Samsung ရဲ့ နောက်ဆုံးပေါ် Galaxy ထုတ်ကုန်သစ်များနဲ့ အထူးအစီအစဉ်များ အကြောင်းကို အချိန်နှင့်တပြေးညီ ထပ်မံသိရှိလိုရင်တော့ မြန်မာနိုင်ငံတစ်ဝှမ်းရှိ Samsung Showroom များနှင့် အရောင်းကိုယ်စားလှယ်ဆိုင်ကြီးများ၊ Samsung Myanmar ၏ တရားဝင် Website နဲ့ Facebook စာမျက်နှာများမှာ ဝင်ရောက်ကြည့်ရှုမေးမြန်းနိုင်မှာဖြစ်ပါတယ်။



