(၉) သောင်း++ ကျပ်မှစတင်သည့် လစဉ်ပေးသွင်းငွေနှင့် Galaxy စမတ်ဖုန်းတွေကို အသက်သာဆုံး ဝယ်ယူနိုင်တော့မည်

Samsung Electronics Co., Ltd. ဟာ သူမတူတဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝကို ပိုမို ကောင်းမွန်ချောမွေ့အောင် ပံ့ပိုးပေးလျက်ရှိရုံသာမက အစဉ်တစိုက် အားပေးလျက်ရှိတဲ့ Samsung ချစ်သူတွေကို ကျေးဇူးတုံ့ပြန်ဖို့အတွက်ကိုလည်း အမြဲ ဖော်ဆောင်လျက်ရှိပါတယ်။ ယခုအခါမှာလည်း Samsung နဲ့ Rent 2 Own Myanmar တို့ရဲ့ ပူးပေါင်းမှုကနေ Galaxy စမတ်ဖုန်းများကို အသက်သာဆုံး ဝယ်ယူရရှိနိုင်မယ့် အစီအစဉ်ကောင်းတစ်ခုကို ယူဆောင်ပေးလာခဲ့ပါပြီ။

Galaxy စမတ်ဖုန်းများအတွက်သာရနိုင်တဲ့ Samsung နဲ့ Rent 2 Own Myanmar တို့ရဲ အစီအစဉ်မှာ

  • ဖုန်းတန်ဖိုးအတွက် အသက်သာဆုံး (၁၀) ရာခိုင်နှုန်း ကနဦးငွေ ပေးသွင်းပြီး
  • စာရွက်စာတမ်းကြေး အခမဲ့ နဲ့
  • (၃) နာရီအတွင်း ဖုန်းအသစ်တစ်လုံး ပိုင်ဆိုင်နိုင်မှာဖြစ်တဲ့ အတွက် အချိန်ကုန် လူပမ်း သက်သာမယ့်အပြင်
  • လစဉ် (၉) သောင်း++ ကျပ်မှစတဲ့ လစဉ်ပေးသွင်းမှုနဲ့  (၁၂) လအထိ အရစ်ကျပေးသွင်းနိုင်မှာဖြစ်တဲ့အတွက် ဖုန်းဝယ်ဖို့ ငွေအများကြီး တစ်ခါတည်းသုံးစရာမလိုဘဲ ပိုင်ဆိုင်နိုင်မှာပါ။

Galaxy စမတ်ဖုန်းတွေကို အတန်ဆုံးဝယ်ယူဖို့ အတွက် မြန်မာနိုင်ငံတစ်ဝှမ်းရှိ နီးစပ်ရာ Samsung Showroom များ၊ အရောင်းကိုယ်စားလှယ်ဆိုင်ကြီးများ နဲ့ Rent 2 Own Myanmar တို့မှာ စုံစမ်းရရှိနိုင်မှာ ဖြစ်ပါတယ်။

Image: Samsung

လစဉ်ပေးသွင်းဖို့အတွက် (၆) လ၊ (၉) လ နဲ့ (၁၂) လ နှစ်သက်ရာ အရစ်ကျ အစီအစဉ်ကို ရွေးချယ်နိုင်မှာဖြစ်ပြီး ဖုန်းတန်ဖိုးနဲ့ နှစ်သက်ရာ အရစ်ကျ အစီအစဉ်ကာလပေါ် မူတည်ပြီး လစဉ် (၉) သောင်း++ ကျပ် မှစတဲ့ပေးသွင်းမှုကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ၂၀၂၅ ခုနှစ်အတွင်း နောက်ဆုံးပေါ်ထွက်ရှိထားတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy A17 5G၊ Galaxy A26 5G၊ Galaxy A36 5G၊ Galaxy A56 5G နဲ့ Galaxy S25 FE တို့ကို အဆိုပါအစီအစဉ်နုဲ့ စတင်ဝယ်ယူပိုင်ဆိုင်နိုင်ပြီဖြစ်ပြီး နောက်ထပ် Galaxy ထုတ်ကုန်များကို တိုးချဲ့ပေးဖို့အတွက်ကိုလည်း Samsung Myanmar ကနေ ဆက်လက်ကြိုးပမ်းလျက်ရှိတာပါ။

ယခုလို Samsung ရဲ့ အထူးအစီအစဉ်တွေ၊ ပရိုမိုးရှင်းတွေနဲ့  နောက်ဆုံးပေါ် Galaxy ထုတ်ကုန်သစ်များနဲ့ပတ်သတ်ပြီး အချိန်နဲ့ တပြေးညီသိရှိလိုရင်တော့ Samsung Myanmar ရဲ့ တရားဝင် Website နဲ့ Facebook စာမျက်နှာများမှာ ဝင်ရောက်ကြည့်ရှုမေးမြန်းနိုင်မှာပဲဖြစ်ပါတယ်။