သုံးစွဲသူတွေအတွက် အဆင်ပြေချောမွေ့မှုနဲ့ နည်းပညာတိုးတက်မှုတွေကြောင့် နာမည်ကျော်ကြားခဲ့ပြီးသား ColorOS 15 မှ ပိုမို တိုးတက်ကောင်းမွန်တဲ့ အဆင့်မြှင့်တင်မှုနဲ့အတူ ရောက်ရှိလာတော့မဲ့ ColorOS 16

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က စမတ်ဖုန်းသုံးစွဲသူတွေအကြား ကောင်းသတင်းနဲ့ နာမည်ကျော်ကြား လူကြိုက်များပြီးသားဖြစ်တဲ့ OPPO ColorOS 15 ကို အခုတစ်ခါမှာတော့ ပိုမိုအဆင့်မြင့်လာတဲ့ နည်းပညာနဲ့အတူ ရွေးချယ် စမ်းသပ်စရာ လုပ်ဆောင်ချက်များစွာ ပါရှိလာတဲ့ OPPO ColorOS 16 အဖြစ် အဆင့်မြှင့်တင်လိုက်ကာ System တစ်ခုလုံး ချောမွေ့မြန်ဆန်မှုနဲ့အတူ နည်းပညာပိုင်းဆိုင်ရာမှာ အထူးတိုးတက်လာတဲ့ AI လုပ်ဆောင်ချက်တွေပါဝင်တဲ့ OPPO ColorOS 16 ကို မြန်မာနိုင်ငံက စမတ်ဖုန်းသုံးစွဲသူတွေအနေနဲ့ OPPO Reno15 Series 5G နဲ့အတူ အခြားသော ပလက်ဖောင်းတွေမှာပါ ချိတ်ဆက်အသုံးပြုလာနိုင်တော့မှာဖြစ်ပါတယ်။

Customised AI လုပ်ဆောင်ချက်များစွာနဲ့အတူ စုံလင်လှတဲ့ ColorOS 16

ယခင်က မိတ်ဆက်ခဲ့ပြီးသား ColorOS 15 မှာဆိုရင် သုံးစွဲသူတွေအတွက် အမှန်တကယ် အသုံးဝင်စေနိုင်မဲ့ AI လုပ်ဆောင်ချက်တွေ ၊ သီးသန့်ဖန်တီးပြုပြင်နိုင်တဲ့ Customised Feature တွေ ပါရှိခဲ့တာကြောင့် သုံးစွဲသူတွေနဲ့ Technology ကို တကယ်နားလည်တတ်ကျွမ်းကြတဲ့ Tech Media၊ Tech Reviewer တွေအကြား နာမည်ကျော်ကြားခဲ့တာဖြစ်ပါတယ်။ အဆိုပါ နာမည်ကျော်ကြားခဲ့ပြီးသား ColorOS 15 ကနေ အခုအခါမှာ အရင်ထက်ပိုမိုစုံလင်တဲ့ AI Editing Tool တွေ ၊ အရင်ထက် နည်းပညာပိုင်းမှာ အဆပေါင်းများစွာ ပိုမိုတိုးတက်လာတဲ့ Customised AI လုပ်ဆောင်ချက်တွေ ပိုမိုပါဝင်လာတဲ့ ColorOS 16 အဖြစ် အဆင့်မြှင့်တင်လိုက်ပြီပဲဖြစ်ပါတယ်။

အတွင်းရော အပြင်ပါ လှပချောမွေ့မှုကို ပေးစွမ်းမဲ့ Seamless Animation နဲ့ ColorOS 16

အလင်းနဲ့အမှောင် ညီမျှအချိုးကျမှုပေါ်အခြေခံကာ Gradient Design နဲ့အတူ ပိုမိုသန့်ရှင်းသပ်ရပ်လှပတဲ့ ColorOS 16 ရဲ့ UI Design နဲ့အတူ သုံးစွဲသူတွေဟာ ပိုမိုခေတ်မီတဲ့ Motion Photo Wallpaper သို့မဟုတ် Video Wallpaper တွေကိုပါ စိတ်တိုင်းကျ Customise ပြုလုပ်ကာ Flux Theme Home Screen နဲ့အတူ သုံးစွဲနိုင်မဲ့အပြင် Full Screen AOD အဖြစ်ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါတင်သာမက ယခုအခါ ColorOS 16 မှာ ယခင် နာမည်ကျော်ကြားခဲ့ပြီးသား Parallel Animation အခြေခံ အပေါ်မူတည်ပြီး စမတ်ဖုန်းသုံးစွဲသူတွေအတွက် မစိမ်းမဲ့ All-New Luminous Rendering Engine နဲ့ All-New Trinity Engine နည်းပညာနှစ်ခုနဲ့အတူဖန်တီးထားတဲ့ Seamless Animation ကို  ထည့်သွင်းထားလာတာကြောင့် ထိပ်တန်းအဆင့် ချောမွေ့မြန်ဆန်မှုကို အတွင်းရော အပြင်ပါ ခံစားရရှိနိုင်တော့မှာဖြစ်ပါတယ်။ OPPO ရဲ့ နာမည်ကျော် All-New Trinity Engine ကလဲ  Parallel Architecture မှ Unified Seamless Architecture သို့ တိုးတက်ပြောင်းလဲလာခြင်းအားဖြင့် Android Rendering Framework ကို အပြည့်အဝ ပြန်လည်အဆင့်မြှင့်တင်ထားတာဖြစ်သလို Chip-level ပိုင်းအတွက် လိုအပ်တဲ့ အဆင့်တိုးတက်မှုများကို တိုးတက်ကောင်းမွန်တဲ့ smart resource နဲ့အတူ အထိုင်ချဖန်တီးပေးထားတာကြောင့် OS ရဲ့ အမြန်နှုန်းကို တည်ငြိမ်စွာ ထိန်းသိမ်းပေးနိုင်ပြီး စွမ်းအင်အသုံးပြုမှု power efficiency ကိုပါ အကောင်းဆုံး ထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်လဲ OPPO ColorOS 16 ကို 60-months Fluency အဖြစ် အသုံးပြုနိုင်ရုံတင်မက နှောင့်နှေးခြင်း တစ်စက်မှ မရှိတဲ့ ချောမွေ့မှုကို ColorOS 16 နဲ့အတူ ခံစားတွေ့ကြုံရတော့မှာပဲ ဖြစ်ပါတယ်။

OPPO ColorOS 16 ကို အပြင်ပန်းအားဖြင့် ကြည့်မယ်ဆိုရင်လဲ အနုပညာဆန်ဆန် ကြွရွလှပနေတဲ့ UI Design ကို မြင်တွေ့ရမှာဖြစ်သလို အတွင်းပိုင်းကို ပြန်လည်လေ့လာမယ်ဆိုရင်လဲ ထိပ်တန်းအဆင့် ချောမွေ့မြန်ဆန် သွက်လက်မှုနဲ့အတူ gesture တွေသုံးစွဲရာမှာသော်လည်းကောင်း၊ Application အဖွင့်အပိတ်တွေ ပြုလုပ်ရာမှာသော်လည်းကောင်း၊ Widget တွေအကြား ပြောင်းလဲသုံးစွဲရာမှာသော်လည်းကောင်း၊ တစ်ပြိုင်နက်တည်း Rendering ပြုလုပ်ပေးနိုင်တာကြောင့် Animation များအကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ လှုပ်ရှားမှု မညီမျှတာတွေကို ဖယ်ရှားပေးနိုင်ပြီး စမတ်ဖုန်းမျက်နှာပြင်ပေါ်မှာ ဘယ်လို Task မျိုးစုံ ရှိနေပါစေ ၊ ထစ်ငေါ့မှု မရှိဘဲ သွက်လက်မြန်ဆန်စွာ လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ သုံးစွဲသူအများစုတွေးထင်ထားတဲ့ Entry-Level စမတ်ဖုန်းတွေမှာ OS အသုံးပြုမှု အတွေ့အကြုံဟာ ထင်သလောက် မကောင်းဘူးဆိုတဲ့ ခံစားမှုကိုပါ ပယ်ဖျက်ပေးနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် OPPO ColorOS 16 ဟာ “Project Breeze” ဟုခေါ်သော အထူး Optimization လုပ်ဆောင်ချက်ပါရှိမှုကြောင့် Entry-Level စမတ်ဖုန်းထုတ်ကုန်တွေမှစလို့ Flagship-Level စမတ်ဖုန်းတွေအထိပါ မြန်ဆန်တဲ့ Operating System နဲ့အတူ ချောမွေ့သွက်လက်တဲ့အတွေ့အကြုံတွေ ပေးစွမ်းနိုင်တော့မှာဖြစ်ပါတယ်။

Image: OPPO

Ecosystem တွေနဲ့ ပတ်သက်လာရင် သာမန်ထက်ပိုလွန်တဲ့ ကောင်းမွန်ချောမွေ့မှုကို ပိုင်ဆိုင်ထားတဲ့ OPPO ColorOS 16

ယခင် ColorOS 15 ကစလို Ecosystem မတူတဲ့ device တွေနဲ့ အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်တဲ့ Touch to Share feature နဲ့ O+ Connect တို့ကို OPPO ဘက်မှ တရားဝင်မိတ်ဆက်ပေးခဲ့သလို ဒီမိတ်ဆက်မှုဟာ သုံးစွဲမှုတွေကြား အတော်လေး ရေပန်းစားခဲ့သလို တကယ်လဲ အသုံးပြုရ အဆင်ပြေခဲ့တဲ့ လုပ်ဆောင်မှုဖြစ်ခဲ့ပါတယ်။ ColorOS 16 နဲ့အတူ ထပ်မံပါရှိလာမဲ့ O+ Connect ဟာ Mac နဲ့ Windows PC နှစ်မျိုးစလုံးမှာ အသုံးပြုလာနိုင်မှာဖြစ်သလို အသုံးပြုသူတွေအနေနဲ့လဲ စမတ်ဖုန်းအတွင်းရှိ ဖိုင်တွေကို ကွန်ပျူတာမှ တိုက်ရိုက် စီမံခန့်ခွဲနိုင်သလို၊ ဖုန်းမှ တစ်ဆင့် ကွန်ပျူတာကို အဝေးကနေ ထိန်းချုပ်နိုင်ခြင်းတွေပါ ပြုလုပ်လို့ရနိုင်တော့မှာ ဖြစ်သလို Screen Mirroring လုပ်ဆောင်ချက်ကိုတော့ Mouse နှင့် Keyboard ကိုပဲ အသုံးပြုပြီး ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

မိမိရဲ့ ထူးခြားမှုတွေကို ကိုယ်တိုင်ဖော်ပြနိုင်စေမဲ့ AI လုပ်ဆောင်ချက်များ

ပုံမှန်ဆိုရင် မိမိရဲ့ ထူးခြားချက်တွေကို မမြင်သာနိုင်တဲ့ သုံးစွဲသူတွေအတွက် ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းအားတွေကို ပိုမိုမြင်သာပြီး ပိုမိုတိုးတက်လာစေနိုင်မဲ့ AI လုပ်ဆောင်ချက်တွေကိုလဲ OPPO ColorOS 16 နဲ့အတူ တွေ့ကြုံခံစားနိုင်တော့မှာဖြစ်ပါတယ်။ အလင်းရောင် မလုံလောက်တဲ့ အခြေအနေတွေမှာ ရိုက်ကူးထားတဲ့ Portrait ဓာတ်ပုံတွေရဲ့ Skin Tone တွေကို သဘာဝအကျဆုံးဖြစ်ပြီး ပိုမို လှပတောက်ပအောင် ညှိနှိုင်းပေးသလို အလင်းအမှောင်ကိုလဲ တစ်ချက်ထိလိုက်ရုံနဲ့ ချိန်ညှိပေးနိုင်တဲ့ AI Portrait Glow လုပ်ဆောင်ချက်နဲ့အတူ Built-in ပါရှိလာတဲ့ Video Editing Tool မှာ ဆိုရင်လဲ တကယ်ကို content creator တွေအတွက် အသေးစိတ် အသုံးဝင်စေနိုင်မဲ့ လုပ်ဆောင်ချက်တွေ ပါရှိလာပြီဖြစ်ပါတယ်။

ဒါတင်သာမက Photo Editing အပိုင်းအတွက်ဆိုရင် သာမန်ရုပ်ပုံတွေကိုပဲ Collage လုပ်နိုင်ရုံသာမက အခုနောက်ပိုင်း လူငယ်တွေအကြား ရေပန်းစားလာတဲ့ Motion Photo Collage ဆိုတဲ့ 4K Video Motion တွေကို Live Photo အနေနဲ့ Photo Collage လုပ်နိုင်ဦးမှာဖြစ်ပါတယ်။ ဒါအပြင် AI Mind Space နဲ့အတူ မိမိသိလိုရာမှန်သမျှကို အသေးစိတ် ပြန်လည် အကျဉ်းချုံ့ပေးနိုင်မဲ့အပြင် အဆိုပါအကျဉ်းချုံ့ထားတဲ့အကြောင်းအရာတွေကို Gemini live နဲ့အတူ ပြန်လည်မေးမြန်းနိုင်မဲ့ အကြောင်းအရာတွေပါ ပါရှိလာမှာဖြစ်ပါတယ်။

Operating System နဲ့ ပတ်သက်ရင် အချောမွေ့ဆုံးနဲ့ အမြဲတမ်း ခေတ်မီဆန်းသစ်လှပတဲ့ OPPO ColorOS 16 နဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုပါက OPPO Myanmar Official Facebook Page – http://bit.ly/45Q2UQz ၊ Website – http://bit.ly/4nwInXy ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။