အသံတလွှာချင်းစီကို အရှင်းလင်းဆုံးခံစားနိုင်မည့် Galaxy Buds4 Series ကို တစ်ခုဝယ် တစ်ခုလက်ဆောင် အထူးပရိုမိုးရှင်းကြီးဖြင့် Pre-order မှာယူနိုင်ရန် Samsung မှ စတင်မိတ်ဆက်

Samsung Electronics Co., Ltd. ကနေ အဆင့်မြင့် Hi-Fi အသံစနစ်နှင့် Premium နားကြပ်တစ်လုံး ပေးစွမ်းနိုင်တဲ့ အတွေ့အကြုံများကို ခံစားနိုင်ပြီး နေ့စဉ်ဝတ်ဆင်ရာတွင် အဆင်ပြေဆုံးဖြစ်အောင် ဖန်တီးထားတဲ့ Galaxy Buds4 Pro နှင့် Galaxy Buds4 တို့ကို မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။အသံထွက်ပိုင်းဆိုင်ရာနှင့် ဝတ်ဆင်ရာတွင်လည်း အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတဲ့ Galaxy Buds4 Series ဟာ ကောင်းမွန်သော အသံအရည်အသွေးကို ပေးစွမ်းနိုင်မှာပါ။ ခေတ်မီနည်းပညာများဖြင့် ဒီဇိုင်းထုတ်ထားသောကြောင့် ဝတ်ဆင်ရာတွင် အံကိုက်ဖြစ်နေစေပြီး Samsung ရဲ့ အဆင့်မြင့်ဆုံး အသံပိုင်းဆိုင်ရာ နည်းပညာများကြောင့် သက်တောင့်သက်သာရှိမှုကိုပါ ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ ပိုမိုကြီးမားလာသော Woofer နှင့် ပိုမိုကောင်းမွန်လာသော ANC စနစ်တို့ကြောင့် Galaxy Buds4 Pro ကို ပြည့်စုံထူးခြားကောင်းမွန်လာစေပါတယ်။ ANC & Adaptive EQ စနစ်ကြောင့် အသံကို အလိုအလျောက်ထိန်းညှိပေးနိုင်ပြီး နားထောင်နေသောသီချင်းသံကို ပတ်ဝန်းကျင်နဲ့အညီ အကောင်းဆုံးဖြစ်အောင် ချိန်ညှိပေးနိုင်မယ့်အပြင် မူလအသံအတိုင်း မပျောက်ဘဲ အစစ်အမှန်အတိုင်း ကြားနိုင်မှာပဲဖြစ်ပါတယ်။ Samaung ရဲ့ Galaxy Buds4 Pro တွင် စေ့စပ်သေချာတဲ့ ဒီဇိုင်း၊ အလိုအလျောက် ထိန်းချုပ်နိုင်စွမ်းနှင့် အဆင့်မြင့် AI စနစ်တွေကို ထည့်သွင်းဖန်တီးပေးထားသောကြောင့် အသုံးပြုသူများအတွက် ပိုမိုလွယ်ကူကောင်းမွန်သောအတွေ့အကြုံကို ခံစားရရှိနိုင်မှာဖြစ်ပါတယ်။

“Premium အသံအရည်အသွေးတွင် နည်းပညာပိုင်း ကောင်းမွန်ရုံတင်မကဘဲ သုံးစွဲသူတွေရဲ့ နေ့စဉ်ဖြတ်သန်းမှုမှာပါ အဆင်ပြေနေဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ဒါကြောင့် Galaxy Buds4 series ကို ထုတ်လုပ်တဲ့အခါမှာ သုံးစွဲသူတွေအတွက် အလိုအပ်ဆုံးဖြစ်တဲ့ အသံအရည်အသွေး နဲ့ သက်တောင့်သက်သာရှိမှု နှစ်ခုလုံးကို အပြည့်အဝရရှိစေဖို့ အကောင်းဆုံး ကြိုးစားခဲ့ပြီး ကျွန်တော်တို့ရဲ့ အကောင်းဆုံး Hi-fi audio စနစ်နဲ့ နားထောင်သူများရဲ့ နားထဲတွင် မြဲမြံပြီး သက်တောင့်သက်သာရှိစေမယ့် Ergonomic ဒီဇိုင်းကို ဖန်တီးပေးထားလို့ Samsung ရဲ့ အကောင်းဆုံးသော ဖန်တီးမှုအတွေ့အကြုံသစ်ပဲ ဖြစ်ပါတယ်” လို့ Samsung Electronics ရဲ့ Mobile eXperience (MX) Business ဒုဥက္ကဋ္ဌ Ikhyun Cho က ပြောကြားခဲ့ပါတယ်။

Image: Samsung

ခိုင်ခံ့မှုနဲ့ သက်တောင့်သက်သာရှိမှုကို အပြည့်အဝပေးမယ့် အဆင့်မြင့် ဒီဇိုင်းသစ်

Samsung သည် Galaxy Buds4 Series နဲ့အတူ သူတို့ရဲ့ ကိုယ်ပိုင်အမှတ်အသားဖြစ်တဲ့ ‘ဓားသွားသဏ္ဍာန်’ ဒီဇိုင်းသစ်ကို ဂုဏ်ယူစွာနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီဇိုင်းကို ဖန်တီးရာတွင်လည်း ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူသန်းပေါင်းများစွာရဲ့ နားပုံစံတွေကို အသေးစိတ် လေ့လာဆန်းစစ်ထားပြီး စမ်းသပ်မှုပေါင်း ၁၀,၀၀၀ ကျော်နှင့် စနစ်တကျ စမ်းသပ်ပုံဖော်ထားတဲ့ နည်းပညာမြင့် ဖန်တီးမှုတစ်ခုပဲ ဖြစ်ပါတယ်။ Galaxy Buds4 Series ရဲ့ သေးငယ်ပြီး ကျစ်လျစ်လှပသော နားကြပ်ခေါင်း ဒီဇိုင်းကြောင့် နားထဲတွင် အံဝင်ခွင်ကျ ရှိနေစေပြီး ပိုမိုလှပတဲ့ အသွင်အပြင်နဲ့အတူ တစ်နေကုန် သက်တောင့်သက်သာရှိမှုကိုပါ အပြည့်အဝ ပေးစွမ်းနိုင်စေဖို့ ဖန်တီးထားခြင်းဖြစ်ပါတယ်။ Galaxy Buds4 ရဲ့ ခိုင်ခံ့လှပတဲ့ ဓားသွားသဏ္ဍာန် ဒီဇိုင်းသစ်တွင် Premium ဆန်တဲ့ Metal Finish ကို အသုံးပြုပေးထားသည့်အပြင် Pinch Control ပြုလုပ်ရမယ့်နေရာကိုပါ သီးသန့် အမှတ်အသား ထွင်းထုဖော်ပြပေးထားသောကြောင့် နားကြပ် တပ်ထားရင်းဖြင့် ခလုတ်နေရာကို အလွယ်တကူ ရှာဖွေနိုင်ပြီး လိုအပ်တဲ့ အပြောင်းအလဲတွေကိုပါ လျင်လျင်မြန်မြန် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အတွင်းထဲကို မြင်နိုင်သော အကြည်ရောင် အားသွင်းဘူးဒီဇိုင်းပုံစံသစ်က အသုံးပြုရလွယ်ကူစေရုံသာမကဘဲ Galaxy Buds4 ရဲ့ လှပတဲ့ ဓားသွားသဏ္ဍာန် ဒီဇိုင်းကိုပါ ပိုမိုပေါ်လွင်စေပြီး သွားလေရာကို စတိုင်လ်ကျကျ သယ်ဆောင်သွားနိုင်မည့်အပြင် ပရီမီယံ နားဆင်မှု အတွေ့အကြုံကိုပါ အပြည့်အဝ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

Galaxy Buds4 Pro နဲ့ Galaxy Buds4 ဟာ အသုံးပြုသူတွေရဲ့ လိုအပ်ချက်အလိုက် ရွေးချယ်နိုင်စေဖို့အတွက် မတူညီတဲ့ ဒီဇိုင်းတည်ဆောက်ပုံကိုယ်စီနဲ့ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ Galaxy Buds4 Pro ကို နားထဲတွင် အံဝင်ခွင်ကျရှိလှတဲ့ Canal-fit ဒီဇိုင်းနဲ့ ဖန်တီးထားတာကြောင့် အကောင်းဆုံးသော အသံအရည်အသွေးကို ပေးစွမ်းနိုင်ရုံတင်မကဘဲ လုပ်ဆောင်ချက်ပိုင်းမှာလည်း အမြင့်မားဆုံး စွမ်းဆောင်ရည်ကို ခံစားရရှိစေမှာ ဖြစ်ပါတယ်။ Galaxy Buds4 ကိုတော့ Open-fit ဒီဇိုင်းနဲ့ ဖန်တီးပေးထားပြီး အသုံးပြုသူတွေအတွက် ပေါ့ပါး၍သက်တောင့်သက်သာရှိတဲ့ နားဆင်မှုအတွေ့အကြုံကို ပေးနိုင်မှာပါ။ အသုံးပြုရလည်းလွယ်ကူသည့်အပြင် နားထဲတွင် ဝန်ထုပ်ဝန်ပိုးမဖြစ်စေတဲ့အတွက် နေ့စဉ်အသုံးအဆောင်အဖြစ် အဆင်ပြေဆုံး ဖြစ်စေမှာပါ။

Image: Samsung

ဆန်းသစ်သော နည်းပညာနဲ့ စနစ်တကျပုံဖော်ထားတဲ့ ဒီဇိုင်းကြောင့် ပိုမိုခိုင်ခံ့ပြီး တစ်နေကုန် သက်တောင့်သက်သာရှိစေမည့် Superior Hi-Fi အသံစနစ်

အသံအရည်အသွေး ပိုမိုကောင်းမွန်ဖို့အတွက် Buds4 Pro တွင် ယခင်ကထက် ပိုကျယ်တဲ့ Wider Woofer စနစ်ကို အသုံးပြုပေးထားပါတယ်။ အတွင်းပိုင်းနေရာလွတ်ကို အသုံးချထားတဲ့ ဒီဇိုင်းသစ်ကြောင့် တပ်ဆင်ရာတွင် သက်တောင့်သက်သာရှိစေပြီး Speaker ဧရိယာကို ၂၀ရာခိုင်နှုန်း နီးပါးအထိ ပိုမိုကျယ်ပြန့်အောင် ပြုလုပ်ထားပေးပါတယ်။ ဒါ့အပြင် Tweeter နဲ့ ပေါင်းစပ်လိုက်မှုကြောင့် မူလအသံအတိုင်း အစစ်အမှန်နီးပါး ခံစားရရှိနိုင်မယ့် 24-bit/96kHz အဆင့်မြင့် Hi-Fi အသံစနစ်ကို ပေးစွမ်းစေနိုင်မှာပါ။ ဒါကြောင့် တယောသံရဲ့ အနုစိတ်မှုတွေကအစ Double Bass ရဲ့ အသံနက်တွေအထိ အသေးစိတ်အရာများကို လွတ်သွားမှာ မဟုတ်ဘဲ Speaker ကိုလည်း သေချာစွာ နေရာချထားမှုကြောင့် လေတိုက်သံကဲ့သို့ အပြင်မှ ဆူညံသံတွေကိုလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပြီး ANC စနစ်ရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ ခံစားရရှိစေမှာ ဖြစ်ပါတယ်။

Image: Samsung

ပိုမိုကောင်းမွန်လာသော အသံစနစ် Adaptive EQ နှင့် ANC တို့ရဲ့ခံစားမှုအသစ်

Galaxy Buds4 series တွင် သုံးစွဲသူများ အရင် Buds Series တွေတည်းကက နှစ်သက်သဘောကျခဲ့ကြတဲ့ အဆင်မြင့် adaptive sound စနစ်ကို ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ထားသည့် software update များ ပါဝင်လာပြီး Enhanced ANC စနစ်ကြောင့် သွားလာရေးယာဉ်များ၏ ဆူညံသံများမှအစ နေ့စဉ်ပတ်ဝန်းကျင်ရှိ နောက်ခံဆူညံသံများအဆုံး အားလုံးကို ဖယ်ရှားပေးနိုင်ပြီး ပြောင်းလဲနေသော ပတ်ဝန်းကျင်နှင့်အညီ အကောင်းဆုံးသော အသံအတွေ့အကြုံခံစားမှုကို ရရှိစေမှာဖြစ်ပါတယ်။ ဥပမာ – ဘတ်စ်ကား၊ ရထား သို့မဟုတ် လေယာဉ်ဖြင့် ခရီးသွားလာနေစဉ်တွင် Galaxy Buds4 ၏ အဆင့်မြှင့်တင်ထားသော Active Noise Cancellation သည် အင်ဂျင်သံနှင့် လမ်းတွင် ဆူညံသံများကို လျှော့ချပေးနိုင်ပြီး အသံအရည်အသွေးကို ထိန်းသိမ်းပေးထားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သုံးစွဲသူများအနေဖြင့် သီချင်းနားထောင်ခြင်း၊ ပေါ့ဒ်ကတ်စ် (podcasts) နားဆင်ခြင်း သို့မဟုတ် ဖုန်းပြောဆိုခြင်းတို့ကို အာရုံမပျံ့လွင့်ဘဲ အပြည့်အဝ အာရုံစိုက်နိုင်မှာပါ။

Enhanced Adaptive ANC/EQ စနစ်က  အသုံးပြုသူတစ်ဦးချင်းစီ၏ နားကြပ်တပ်ဆင်ထားမှု အခြေအနေအရ နားပုံသဏ္ဌာန် မတူညီမှုများကို ခွဲခြမ်းစိတ်ဖြာပေးခြင်းဖြင့် အသံလုံဝှက်မှု (noise leakage) ကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးပြီး ဖျော်ဖြေရေးအစီအစဉ်များတွင် အပြည့်အဝ စိတ်နှစ်ဝင်စားနိုင်စေရန် ဖန်တီးပေးထားပါတယ်။ ဤစနစ်သည် လှိုင်းနှုန်းစဉ် (frequency) များကို လိုအပ်သလို အလိုအလျောက် ညှိနှိုင်းပေးရုံသာမက အကောင်းဆုံးသော ANC algorithm များကို အချိန်နှင့်တပြေးညီ အသုံးချပေးသောကြောင့် ဆူညံသံပယ်ဖျက်မှုစွမ်းဆောင်ရည်ကို အမြင့်မားဆုံး ရရှိနိုင်မှာဖြစ်ပြီး  သုံးစွဲသူများသည် မိမိတို့၏ လိုအပ်ချက်နှင့် ကိုက်ညီပြီး အထူးသီးသန့် ညှိယူထားသော အသံစနစ် ခံစားမှုကို ခံစားရရှိနိုင်မှာဖြစ်ပါတယ်။

Image: Samsung

ဖုန်းခေါ်ဆိုရန် လိုအပ်သည့်အခါတိုင်းတွင် Super Clear Call နည်းပညာသည် super wideband ဖုန်းခေါ်ဆိုမှုနည်းပညာနှင့် ဆူညံသံလျှော့ချရန်နှင့် အသံကြည်လင်ပြတ်သားစေရန် လေ့ကျင့်ပေးထားသော machine learning models များကို အသုံးပြုထားကြောင့် သာမန် Bluetooth ဖုန်းခေါ်ဆိုမှုများထက် bandwidth နှစ်ဆပိုမိုရရှိကာ အလွန်ကြည်လင်ပြတ်သားသော ဖုန်းခေါ်ဆိုမှုအရည်အသွေးကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ သုံးစွဲသူများသည် ဘေ့စ်ဘောကွင်းအတွင်း အားပေးနေချိန်ဖြစ်စေ၊ လူများသော စားသောက်ဆိုင်တွင် စားသောက်နေချိန်ဖြစ်စေ၊ သို့မဟုတ် ကစားကွင်းတွင် ကလေးများနှင့်အတူ အချိန်ကုန်ဆုံးနေချိန်ဖြစ်စေ မိမိတို့၏အသံမှာ ကြည်လင်ပြတ်သားနေပြီး လူချင်းမျက်နှာချင်းဆိုင် စကားပြောနေသလို ခံစားရမှာဖြစ်ပါတယ်။

ပိုမိုပြည့်စုံတဲ့ Galaxy Ecosystem အတွေ့အကြုံသစ်

Galaxy အသုံးပြုသူများအတွက် Galaxy Buds4 Series သည် Galaxy Ecosystem အတွေ့အကြုံကို ပိုမိုကောင်းမွန်စေမည့် ချိတ်ဆက်လုပ်ဆောင်ချက်အသစ်များကို မိတ်ဆက်လိုက်ပြီ ဖြစ်တာကြောင့် Bixby, Google Gemini နှင့် Perplexity စသော AI Agent များကို လက်ဖြင့် ထိတွေ့ကိုင်တွယ်ရန် မလိုဘဲ အသံဖြင့်သာ အလွယ်တကူ ခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Galaxy Buds4 Pro သည် ဖုန်းကိုင်ထားစရာမလိုဘဲ AI လုပ်ဆောင်ချက်များကို အသုံးပြုခွင့်ပေးထားတာကြောင့် မိမိတို့၏ အသံပိုင်းဆိုင်ရာ အတွေ့အကြုံကို စိတ်ကြိုက်ထိန်းချုပ်နိုင်မည့်အပြင် နေ့စဉ်လူနေမှုဘဝတွင် AI နည်းပညာကို ပိုမိုအဆင်ပြေချောမွေ့စွာ ပေါင်းစပ်အသုံးပြုလာနိုင်မှာ ဖြစ်ပါတယ်။

Galaxy Ecosystem အသုံးပြုသူများ Buds setup များကို လွယ်ကူရိုးရှင်းစွာ Galaxy Wearable App ကို ထည့်သွင်းထားစရာ မလိုဘဲ Buds ဘူးအဖုံးကို ဖွင့်လိုက်ရုံဖြင့် ၎င်းတို့၏ ဖုန်း သို့မဟုတ် Tablet နှင့် အလွယ်တကူ ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Buds shortcut menu သို့မဟုတ် Quick Panel မှတစ်ဆင့် အသံအတိုးအကျယ်နှင့် EQ (Equalizer) ကို စိတ်ကြိုက်ထိန်းညှိနိုင်ပြီး အကောင်းမွန်ဆုံးသော အသံအတွေ့အကြုံကို ခံစားရရှိနိုင်မှာဖြစ်ပါတယ်။

Image: Samsung

Buds4 Pro တွင် Bixby နဲ့ ချိတ်ဆက်အသုံးပြုနိုင်ပြီး  Head Gesture ပါဝင်တာကြောင့် အသုံးပြုသူများ အတွက် လုပ်ဆောင်ချက်များကို အသုံးပြုသူများအနေဖြင့် ဖုန်းခေါ်ဆိုမှုများ စီမံခန့်ခွဲရာနဲ့  နောက်ဆက်တွဲလုပ်ဆောင်ချက်များကို အသံဖြင့်ခိုင်းစေသည့်စနစ် (voice commands) များနဲ့ လက်ဖြင့်ကိုင်တွယ်ရန်မလိုသော (hands-free) ထိန်းချုပ်မှုစနစ်များသည် သုံးစွဲသူများအား အာရုံမပျံ့လွင့်စေဘဲ နေ့စဉ်လုပ်ငန်းဆောင်ချက်များကို ချောမွေ့စွာ လုပ်ဆောင်နိုင်စေရန် ကူညီပေးနိုင်ပါတယ်။

Galaxy Buds4 Series အသစ်များကို Black, White နဲ့ Pink Gold အရောင်များဖြင့် ရရှိနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံတွင် မတ်လ (၁၃) ရက်နေ့မှ မတ်လ (၃၁) ရက်နေ့အတွင်း တစ်ခုဝယ် တစ်ခုလက်ဆောင် အတန်ဆုံး အထူးပရိုမိုးရှင်းကြီးဖြင့် အောက်ပါဈေးနှုန်းတွေအတိုင်း ကြိုတင်မှာယူနိုင်မှာဖြစ်ပါတယ်။

  • Galaxy Buds4 – ၆၉၈,၀၀၀ ကျပ် (တစ်ခုဝယ် တစ်ခုလက်ဆောင်)
  • Galaxy Buds4 Pro – ၉၉၅,၀၀၀ ကျပ် (တစ်ခုဝယ် တစ်ခုလက်ဆောင်)

Galaxy Buds4 Series အကြောင်းကို ပိုမိုလေ့လာရန်: www.samsung.com/galaxy-buds4-series/.