PUBG MOBILE ၏ ၈ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို မြန်မာ Gaming Community အတွက် ခမ်းနားစွာ ကျင်းပသွားမည်
ကမ္ဘာကျော် နာမည်ကြီး မိုဘိုင်းဂိမ်းတစ်ခုဖြစ်သည့် PUBG MOBILE သည် ၎င်း၏ ၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံရှိ Gaming Community အတွက် ကစားသမားများနှင့် PUBG MOBILE ပရိသတ်များ အတူတကွ ဆုံစည်းနိုင်ရန် ထူးထူးခြားခြား အစီအစဉ်များစွာဖြင့် ခမ်းနားကြီးကျယ်စွာ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ ၈ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကြီးကို လာမည့် မတ်လ ၂၁ ရက်နှင့် ၂၂ ရက်နေ့တို့တွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ Central Boulevard ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်၍ စိတ်လှုပ်ရှားဖွယ် အစီအစဉ်များတွင် ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်သည်။
PUBG MOBILE က အဆိုပါ အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာကျင်းပသွားမည့်အပြင် ပရိသတ်များအတွက် တခြားသော အံ့အားသင့်ဖွယ် အစီအစဉ်များကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။ ယင်း အထိမ်းအမှတ်အမှတ်တရအဖြစ် ဂိမ်းအတွင်း အထူးလက်ဆောင်များရရှိနိုင်မည့် In-game Rewards များ ပေးအပ်သွားရုံသာမက ထူးထူးခြားခြား လက်ဆောင်များ ပါဝင်လာမည့် PUBG MOBILE ၏ Airdrop Box နေရာများနှင့် မည်သူမဆို အခမဲ့ ပါဝင်ဆင်နွှဲနိုင်မည့် Carnival ပွဲတော်ကြီးတို့ ပေါင်းစပ်ထားသော အကြီးကျယ်ဆုံး အစီအစဉ်များ ပါဝင်လာမည်ဖြစ်သည်။
PUBG MOBILE က ၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် PUBG MOBILE ကို Version 4.3 သို့ Update လုပ်သွားမည်ဖြစ်ပြီး ယင်း Version အသစ်တွင် အဆင့်မြှင့်တင်ထားသော အတွေ့အကြုံအသစ်များကို ခံစားနိုင်စေရန် PUBG MOBILE ဂိမ်းအတွင်း စွန့်စားခန်းအသစ်များ၊ Passive Skills အသစ်များနှင့် Gameplay ပေါ်မူတည်သော စနစ်အသစ်များ၊ Feature အသစ်များ ပါဝင်လာမည်ဖြစ်ပြီး မတ်လ ၁၂ ရက်နေ့မှ စတင်ကာ ရရှိနိုင်ပြီဖြစ်သည်။

Image: PUBG MOBILE
ရန်ကုန်မြို့၏ အချက်အချာနေရာများရှိ PUBG MOBILE Airdrop Box များ
PUBG MOBILE က နောက်ထပ် ၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် PUBG MOBILE ပရိသတ်များအတွက် Airdrop Box များကို ရန်ကုန်မြို့၏ KFC ဆိုင်များတည်ရှိရာ အချက်အချာကျသော နေရာ ၈ ခုဖြစ်သည့် KFC Junction Square၊ KFC KanTharYar၊ KFC Secretariat၊ KFC Dagon Center၊ KFC Myanmar Plaza၊ KFC Terminal M၊ KFC Insein Phawt Kan နှင့် Secret Location တစ်နေရာတို့တွင် မတ်လ ၁၆ ရက်နေ့မှ ၂၃ ရက်နေ့အထိ စိတ်လှုပ်ရှားဖွယ် Lucky Draw အစီအစဉ်များနှင့်အတူ ပူးပေါင်းပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါပူးပေါင်းဆောင်ရွက်မှုတွင် ထူးခြားသည့် Lucky Draw အစီအစဉ်များစွာ ပါရှိသွားမည်ဖြစ်ပြီး စိတ်ဝင်စားဖွယ် Lucky Draw အစီအစဉ်တစ်ခုအနေဖြင့် ကန်ပိန်းကာလအတွင်း ဖော်ပြထားသည့် နေရာ ၇ နေရာအပါအဝင် Secret location တစ်ခုကိုပါ ရှာဖွေပြီး အဆိုပါ Airdrop နေရာ ၈ ခုလုံးသို့ သွားရောက်၍ Airdrop နှင့် အတူ လူမှုကွန်ရက်များတွင် ဓာတ်ပုံရိုက်ပြီး မျှဝေကြသူများအတွက် တစ်နှစ်တာလုံး Free Fried Chicken ဆုကို ကံထူးရရှိနိုင်မည့် Lucky Draw အခွင့်အရေးလည်း ပါဝင်မည်ဖြစ်သည်။ ယင်းအစီအစဉ်တွင် ပါဝင်ကြသည့် လူများထဲက ၈ ဦးကို ကံထူးရှင်များအဖြစ် ရွေးချယ်သွားမည်ဖြစ်ပြီး တစ်နေ့လျှင် ကြက်ကြော်တစ်တုံးဖြင့် စုစုပေါင်း ၃၆၅ တုံးကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ အဆိုပါ KFC နှင့် ပူးပေါင်းထားသည့် အစီအစဉ်တွင် အခြားသော ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်တွေကိုလည်း ပြုလုပ်သွားမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို KFC နှင့် PUBG MOBILE လူမှုကွန်ရက်များတွင် ဝင်ရောက်ကြည့်ရှုပြီး ပါဝင်နိုင်မည်ဖြစ်သည်။

Image: PUBG MOBILE
မြန်မာ့ပထမဆုံး ရိုးရာဟန်ပေါင်းစပ်ထားသည့် Lobby Music နှင့် Creator Voice Pack ဖန်တီးမှုများ
PUBG MOBILE က ၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဂိမ်းကစားသူများအတွက် ပိုမိုထူးခြားသော အတွေ့အကြုံကို ပေးစွမ်းနိုင်ရန်အတွက် မြန်မာ့ရိုးရာဂီတသံစဉ်များနှင့် ပေါင်းစပ်ဖန်တီးထားသည့် Lobby Music နှင့် မြန်မာ Creator များ၏ Voice Pack များကို မိတ်ဆက်သွားမည်ဖြစ်သည်။
“ရွှေစောင်းသံ” Myanmar Lobby Music သည် မြန်မာ့ရိုးရာဂီတသံစဉ်များကို အနောက်တိုင်းဂီတသံစဉ်များနှင့် ပေါင်းစပ်ဖန်တီးထားသည့် ထူးခြားသော Lobby Music တစ်ပုဒ်ဖြစ်သည်။
ထို့ပြင် မြန်မာဂိမ်းကစားသူများကြိုက်နှစ်သက်ကြသည့် Creator များဖြစ်သော DGR Levi နှင့် Flash တို့ အသံများ ပါဝင်လာမည့် “ညိုကီ” Voice Pack အသစ်များကိုလည်း မိတ်ဆက်သွားမည်ဖြစ်ပြီး PUBG MOBILE တွင် မတ်လ ၁၃ ရက်မှ ၃၁ ရက်အတွင်း အခမဲ့ ရယူနိုင်မည်ဖြစ်သည်။

Image: PUBG MOBILE
PUBG MOBILE ပရိသတ်များ စုပေါင်းဆုံစည်းမည့် ၈ နှစ်ပြည့်အထိမ်းအမှတ်ခမ်းအနား
မြန်မာနိုင်ငံရှိ Gaming Community ရှိ ကစားသမားများနှင့် PUBG MOBILE ပရိသတ်များ အတူတကွ ထူးထူးခြားခြား တွေ့ဆုံနိုင်မည့် ခမ်းနားကြီးကျယ်ဆုံးပွဲတော်တစ်ခုကို ၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် PUBG MOBILE က နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ ၈ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားတွင် မြန်မာနိုင်ငံ၏ နာမည်ကြီး Esports အသင်းတစ်သင်းဖြစ်သည့် Yangon Galacticos အဖွဲ့နှင့် အတူ နာမည်ကြီး Creator များဖြစ်သော Flash နှင့် DGR Levi တို့နှင့် လူကိုယ်တိုင် တွေ့ဆုံနိုင်မည့်အပြင် တခြား ဖိတ်ကြားထားသည့် နာမည်ကြီး Gamer များနှင့် Creator များကိုလည်း တွေ့ဆုံနိုင်မည်ဖြစ်သည်။ ထို့ပြင် အထူး Showmatches များ၊ ပျော်ရွှင်စရာ Mini Games များ၊ ရင်သပ်ရှုမောဖွယ် Cosplay Shows များနှင့် အခြား စိတ်လှုပ်ရှားဖွယ်အစီအစဉ်များကို နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ဒါအပြင် မြန်မာနိုင်ငံရှိ ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများတွင် Digital Billboard များနှင့် TukTuk များတွင် အထိမ်းအမှတ် Visual များကို ဖန်တီးပြုလုပ်သွားမည်ဖြစ်သည်။
PUBG MOBILE Myanmar ၏ Country Manager ဖြစ်သူ Aman Kumar က “မြန်မာနိုင်ငံရဲ့ Esports နဲ့ Gaming Industry ဟာ ပိုမိုတိုးတက် ဆင့်ကဲပြောင်းလဲလာနေပြီး PUBG MOBILE အနေနဲ့ကလဲ ပိုမို ကောင်းမွန်တဲ့ ပံ့ပိုးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့တဲ့အတွက် အလွန်ပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ PUBG MOBILE ရဲ့ 8th Anniversary Carnival ပွဲတော်ကြီးကို မြန်မာနိုင်ငံက Gaming Community၊ PUBG Mobile ကစားသမားတွေ၊ Creator တွေနဲ့ အတူတကွ ဆုံစည်းနိုင်ဖို့ ရည်ရွယ်ပြုလုပ်ရတာဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက် ပါဝင်ဆင်နွှဲနိုင်ကြစေဖို့လဲ လေးစားစွာ ဖိတ်ခေါ်လိုက်ရပါတယ်” ဟု ပြောကြားခဲ့သည်။
PUBG MOBILE အနေဖြင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးရှိ Esports ကဏ္ဍများ ပိုမိုတိုးတက်နိုင်စေဖို့အတွက် ဆက်လက်လုပ်ဆောင်သွားရန် အလေးထားလုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် PUBG MOBILE သည် ကမ္ဘာ့အဆင့်တွင် ပိုမိုတိုးတက်လာသည့် မြန်မာနိုင်ငံအတွက် ဆန်းသစ်သည့် ဂိမ်းအတွေ့အကြုံကောင်းများ ရရှိစေရန် ဖန်တီးပံ့ပိုးပေးနေပြီး မြန်မာ Esports အသိုက်အဝန်းနှင့် ကစားသမားများအတွက် ကမ္ဘာ့အဆင့် အခွင့်အရေးကောင်းများ ရရှိနိုင်ရန် ဆက်လက်ဖန်တီးပံ့ပိုးပေးသွားမည်ဖြစ်သည်။
PUBG MOBILE ၏ ၈ နှစ်ပြည့်အထိမ်းအမှတ်အကြောင်းအရာများကို ပိုမိုသိရှိလိုပါက တရားဝင်အကောင့်များဖြစ်သည့် Facebook နှင့် TikTok တို့တွင် ဝင်ရောက်လေ့လာနိုင်သည်။



