Premium Open-Ear TWS ဈေးကွက်၏ No(1) HUAWEI FreeClip 2 ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်

Huawei Myanmar သည် ယနေ့တွင် Premium Open-Ear TWS ဈေးကွက်၏ ကမ္ဘာ့ထိပ်တန်းနှင့် နံပါတ် (၁) ဖြစ်သော HUAWEI FreeClip 2 ကို မြန်မာနိုင်ငံရှိ အသုံးပြုသူများအတွက် တရားဝင် စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ Forbes မဂ္ဂဇင်း မှ ဈေးကွက်အတွင်း အကောင်းဆုံး Open-ear နားကြပ်” အဖြစ် အသိအမှတ်ပြုထားသည့် ဤနားကြပ်သည် “Never Feel, Never Fall” ခံစားမှုကို အပြည့်အဝ ပေးစွမ်းနိုင်မည်ဖြစ်သည်။ “Never Feel” တစ်နေကုန် တပ်ဆင်ထားသော်လည်း နားနာကျင်မှု လုံးဝမရှိဘဲ လုံးဝသက်တောင့်သက်သာရှိစေပြီး၊ “Never Fall” C-bridge ဒီဇိုင်းကြောင့် နားနှင့် အံဝင်ခွင်ကျဖြစ်ကာ မြဲမြံစွာ ကပ်ပါနေမည်ဖြစ်သည်။

Image: HUAWEI

၁။ Huawei ၏ ဆန်းသစ်တီထွင်မှု Airy C-bridge ဒီဇိုင်း အဆင့်မြင့် shape-memory alloy နှင့် အရေပြားနှင့် ဓာတ်မတည့်မှုမဖြစ်စေသော silicone တို့ဖြင့် ပေါင်းစပ်ဖန်တီးထားသည့် ဆန်းသစ်သော Airy C-bridge ဒီဇိုင်းသည် အလွန်ပေါ့ပါးပါသည်။ နားကြပ်တစ်ဖက်လျှင် ၅.၁ ဂရမ် သာ အလေးချိန်ရှိပြီး တိမ်တိုက်ပေါ်တွင် ရှိနေသကဲ့သို့ နူးညံ့ကာ တစ်နေကုန် သက်တောင့်သက်သာဖြင့် တပ်ဆင်ထားနိုင်မည်ဖြစ်သည်။

၂။ ကြည်လင်ပြတ်သားသော ဖုန်းပြောဆိုမှုစနစ် (Crystal-Clear Calls) ယခင်ထက် ၁၀ ဆ ပိုမိုစွမ်းဆောင်ရည်မြင့်မားသော NPU (Neural Processing UnitAI processor သစ်ကို အသုံးပြုထားသည်။ မိုက်ခရိုဖုန်း (၃) လုံးစနစ်နှင့် DNN ( Deep Neural Network) algorithm တို့ ပေါင်းစပ်ထားသောကြောင့် ဆူညံသော နေရာတွင်ဖြစ်စေ၊ လေတိုက်နှုန်းပြင်းသော လမ်းမပေါ်တွင်ဖြစ်စေ သင့်အသံကို ကြည်လင်ပြတ်သားစွာ ကြားရစေမည်ဖြစ်သည်။

Image: HUAWEI

၃။ အဆင့်မြင့်အသံအရည်အသွေး (Supreme Audio Quality) Open-ear အသံစနစ်၏ အောင်မြင်သော ခြေလှမ်းသစ်တစ်ခုဖြစ်သည်။ ခေတ်မီ dual-diaphragm driver ကြောင့် ယခင်မျိုးဆက်ထက် အသံကျယ်နှုန်းနှင့် Bass အသံကို ၁၀၀ ရာခိုင်နှုန်း ပိုမိုအားကောင်းစေပြီး၊ နားပေါက်ကို ပိတ်ဆို့ထားခြင်းမရှိဘဲ ပတ်ဝန်းကျင်အသံကိုလည်း သတိပြုနိုင်ကာ အဆင့်မြင့်အသံအရည်အသွေးကို ခံစားရရှိစေမည်ဖြစ်သည်။

ဘက်ထရီသက်တမ်း ၂ ရက် အထိ အသုံးခံခြင်း၊ IP57 ဖုန်နှင့် ရေစိုခံစနစ်တို့ ပါဝင်သည့် HUAWEI FreeClip 2 ကို Blue နှင့် Black အရောင်များဖြင့် ဝယ်ယူရရှိနိုင်ပါသည်။

Image: HUAWEI