နောက်ဆုံးပေါ် အသစ်လွင်ဆုံး ColorOS 16 Update နဲ့အတူ ပိုမိုအားကောင်းလာတဲ့ သုံးစွဲသူတွေ အသည်းစွဲ OPPO Reno15 5G

တိုးတက်လာတဲ့ စမတ်ဖုန်းနည်းပညာတွေအကြား ပိုမိုကောင်းမွန်တိုးတက်လာတဲ့ နည်းပညာနဲ့အတူ ခေတ်ရှေ့ပြေးနေတဲ့ OPPO Reno15 5G ဟာ စတင်ထွက်ရှိခဲ့စဉ်တည်းက သုံးစွဲသူတွေအကြား နာမည်ကောင်းဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရေပန်းစား ကျော်ကြားခဲ့ပြီးဖြစ်ပါတယ်။ OPPO Reno15 5G က Hardware ပိုင်းမှာ သာလွန်ကောင်းမွန်ရုံတင်သာမက Softwareပိုင်းမှာလဲ သုံးစွဲသူတွေရော Tech Expert ဖြစ်တဲ့ Tech media တွေရဲ့အားပေးထောက်ခံချက်ကို အပြည့်အဝရရှိထားပြီး အသုံးပြုရတာ လွယ်ကူချောမွေ့လွန်းတဲ့ ColorOS 16 ရဲ့ ထောက်ပံ့မှုပါဝင်တာကြောင့် ဈေးကွက်အတွင်း ကောင်းမွန်တဲ့ မှတ်ချက်တွေနဲ့အတူ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေ ရရှိခဲ့ပြီးဖြစ်ပါတယ်။

ဒီလို OPPO Reno15 5G ရဲ့ အောင်မြင်ရတဲ့အဓိကသော့ချက်တွေထဲက တစ်ချက်ကတော့ သာလွန် ကောင်းမွန်နေတဲ့ လည်ပတ်မှုစနစ်၊ အသုံးပြုရလွယ်ကူတဲ့ ဒီဇိုင်းပုံစံ၊ ချောမွေ့သွက်လက်လှတဲ့ စွမ်းဆောင်ရည်နဲ့အတူ သုံးစွဲသူတွေအတွက် အထူးအသားပေး ဆန်းသစ်တီထွင်မှုတွေပါဝင်နေတဲ့ ColorOS 16 ပဲ ဖြစ်ပါတယ်။ ယခုလို သုံးစွဲသူတွေရဲ့ ထောက်ခံအားပေးချက် အပြည့်အဝရရှိလာမှုပေါ် အခြေခံကာ OPPO က နောင်ထွက်ရှိလာမဲ့ Update တွေက တစ်ဆင့် ColorOS 16 အတွေ့အကြုံကို ပိုမိုတိုးတက် ကောင်းမွန်စေရန် ရည်ရွယ်ထားပြီး နေ့စဉ် စမတ်ဖုန်းအသုံးပြုမှုကို အဆင့်မြှင့်တင်ပေးနိုင်မဲ့ အဆင့်မြင့် လုပ်ဆောင်ချက်တွေကို သုံးစွဲသူတွေထံ ထပ်မံမိတ်ဆက်လာခဲ့ပြီဖြစ်ပါတယ်။

Image: OPPO

နာမည်ကျော်ကြား လူကြိုက်များပြီးသား ColorOS 16 ကို ထပ်မံအသစ်မြှင့်တင်တော့မဲ့ နောက်ဆုံးပေါ် ColorOS 16

Hardware Level မှာပါ ကောင်းမွန်ပြီးသားဖြစ်တဲ့ OPPO Reno15 Series 5G မှာဆိုရင် ပိုမို ရှင်းလင်းသပ်ရပ်ကာ စမတ်ကျကျနဲ့ သုံးနိုင်မဲ့ AI စနစ်သုံး အဆင့်မြင့်ကိုယ်ပိုင် ဝန်ဆောင်မှုပေးနိုင်မဲ့ Software အတွေ့အကြုံ ပါဝင်မဲ့ ColorOS 16 လုပ်ဆောင်ချက်အသစ်တွေကို မိတ်ဆက်ပေးလာတော့မှာဖြစ်ပါတယ်။

ColorOS 16 အသစ်မှာ ပါဝင်လာတဲ့ AI Live Space လုပ်ဆောင်ချက်အသစ်ဟာ Notification တွေကို သပ်ရပ်ရှင်းလင်းပြီး အပြန်အလှန် ပြောဆိုဆက်သွယ်ဆောင်ရွက်နိုင်တဲ့ Capsule ပုံစံငယ်လေး တစ်ခုအတွင်းသို့ စုစည်းပေးထားမှာဖြစ်ပါတယ်။ ဒါအပြင် ခပ်ဖွဖွနှိပ်ရုံ သို့မဟုတ် အပေါ်သို့ ပွတ်ဆွဲလိုက်ရုံနဲ့ မိမိ ဖုန်းမှာ ပေါ်နေတဲ့ Notification တွေကို လွယ်ကူချောမွေ့စွာ ကြည့်ရှုစစ်ဆေးနိုင်မှာဖြစ်ပါတယ်။

အသုံးပြုရ လွယ်ကူမြန်ဆန်အောင် စီမံခန့်ခွဲနိုင်ဖို့အတွက် AI Mind Space လုပ်ဆောင်ချက်က လက်ချောင်းသုံးချောင်းဖြင့် ပွတ်ဆွဲလိုက်ရုံနဲ့  ဖုန်းမျက်နှာပြင်ပေါ်မှာရှိတဲ့ မည်သည့်အရာကိုမဆို တစ်စုတစ်စည်းတည်း ဖွဲ့စည်းဖန်တီးနိုင်မှာဖြစ်ပါတယ်။ အသစ်အနေနဲ့ ထပ်မံပါရှိလာတဲ့ AI Bill Manager ကလဲ ဒစ်ဂျစ်တယ်ငွေပေးချေမှုတွေနဲ့ ငွေလက်ခံဖြတ်ပိုင်းများကို ချက်ချင်းမှတ်တမ်းတင်ပေးပြီး သုံးစွဲသူတွေရဲ့ ငွေသုံးစွဲမှု အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နိုင်အောင် ပြောင်းလဲပေးမှာဖြစ်ပါတယ်။

ပိုပြီးသီးသန့်ဆန်တဲ့ Personalized Assistance ကို ပိုမိုမြင့်တင်ပေးနိုင်ဖို့အတွက်  AI Mind Pilot လုပ်ဆောင်ချက်အသစ်ဟာ နယ်ပယ်အသီးသီးမှ ထိပ်တန်း AI Model အမြောက်အမြားကို ချိတ်ဆက် ပေါင်းစပ်ပေးထားတာြဖစ်ပါတယ်။ AI Mind Space အတွင်း အချက်အလက်တွေကို လုံခြုံစွာ သိမ်းဆည်းထားပြီး ခက်ခဲနက်နဲတဲ့ လုပ်ဆောင်ချက်တွေကိုဖြေရှင်းဖို့ မိမိသိလိုတဲ့အချက်အလက်တွေနဲ့ သင့်တော်တဲ့ AI model ကို အလိုအလျောက်ရွေးချယ်ပေးမှာဖြစ်သလို AI ဘက်က ပေးလာတဲ့ အဖြေတွေကို တစ်ပြိုင်နက် နှိုင်းယှဉ်ကြည့်နိုင်အောင်ပြုလုပ်ပေးမှာဖြစ်ပါတယ်။

နိုင်ငံတကာသို့ ခရီးသွားမဲ့သူတွေအတွက်လဲ AI Menu Translation လုပ်ဆောင်ချက်ဟာ အခြားသော ဘာသာရပ်မတူညီတဲ့ စာသားတွေကို ဘာသာပြန်ပေးရုံသာမက၊ နိုင်ငံခြားဟင်းလျာတွေရဲ့ ပုံစံခန့်မှန်းချက်ကိုပါ အနီးစပ်ဆုံး တူအောင် ဖော်ပြပေးတာကြောင့် ပြည်ပမှာ အစားအသောက်မှာယူတဲ့အခါ ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။

ဒါတင်သာမက ColorOS 16 က တကယ်ကို ကျယ်ပြန့်များပြားလှတဲ့ AI စွမ်းအင်သုံး လုပ်ဆောင်ချက်တွေကို ထပ်မံမိတ်ဆက်လာမှာဖြစ်ပြီး အဆိုပါ လုပ်ဆောင်ချက်အသစ်တွေက သုံးစွဲသူတွေရဲ့ လုပ်ငန်းဆောင်တာတွေကို သာမန်ထက်ပိုပြီး သွက်လက်မြန်ဆန်သွားအောင် လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

Image: OPPO

ခေတ်ရှေ့ပြေးကာ ပိုမိုကောင်းမွန်လာတဲ့ OPPO Reno15 5G

OPPO Reno15 5G ဟာ Software စွမ်းဆောင်ရည်တွေကြောင့်သာမကပဲ အားကောင်းတဲ့ Hardware အစိတ်အပိုင်းတွေကြောင့်လဲ ထင်ရှားပေါ်လွင်နေပါတယ်။ လှပသပ်ရပ်တဲ့ ဒီဇိုင်း၊ အမြန်နှုန်းမြင့် Chipset၊ အဆင့်မြင့် Camera စနစ်နဲ့ ကြာရှည်ခံနိုင်တဲ့ Batteryတို့ကို ပေါင်းစပ်ထားပြီး OPPO Reno15 5G ဟာ ယနေ့ခေတ် Smartphone အသုံးပြုသူတွေလိုအပ်တဲ့ အရာအားလုံးကို ပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်တဲ့ Experience တစ်ခုကို ပေးစွမ်းနိုင်ပါတယ်။ ထို့အပြင် ColorOS 16 ရဲ့ Smart Capability တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ Hardware နဲ့ Software တို့ကို သဟဇာတဖြစ်အောင် ချိတ်ဆက်ပေးထားတဲ့ Ecosystem တစ်ခုကို ရရှိနိုင်ပါတယ်။

ကင်မရာစနစ်ကို ကြည့်လိုက်မယ်ဆိုရင်လဲ Hardware Level အဆင့်ရှိ 3.5x Telephoto Camera နဲ့အတူ အဝေးက အရာဝတ္ထုတွေနဲ့ ပုံရိပ်တွေကို အသေးစိတ် အချက်အလက်ကအစ ပေါ်လွင်အောင် အသေသပ်ဆုံးနဲ့ တိကျလှပစွာ ဖမ်းယူပေးနိုင်မဲ့အပြင် တိကျလှပတဲ့ Hardware အဆင့်ရှိ 3.5x Telephoto Camera ကို တပ်ဆင်ထားနိုင်တဲ့ နောက်ဆုံးပေါ် Flagship နည်းပညာကြောင့် သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို ပိုပြီး ပြည့်စုံစေနိုင်မှာဖြစ်ပါတယ်။

OPPO Reno15 5G မှာဆိုရင် Telephoto Camera ကို Hardware Level အဆင့် တပ်ဆင်ထားတာဖြစ်ပြီး Optical Zoom အနေနဲ့ ရိုက်ကူးနိုင်ရုံသာမက Portrait Photography အထိပါ ရိုက်ကူးနိုင်တာကြောင့် ဈေးတန်းတူ စမတ်ဖုန်းတွေအကြား တစ်ခုတည်းသော Flagship Technology ဖြစ်တဲ့ Hardware Level အဆင့်ရှိ 3.5x Optical Zoom နဲ့အတူ Telephoto camera ပါရှိလာတဲ့ စမတ်ဖုန်းအဖြစ် တည်ရှိမှာဖြစ်ပါတယ်။ ဒါတင်သာမက Digital Zoom အနေနဲ့ အသုံးပြုမယ်ဆိုရင်လဲ 10x မှ 120x အထိ Zoom ဆွဲကာ  စိတ်တိုင်းကျ ရိုက်ကူးနိုင်တဲ့အပြင် OPPO Reno15 5G ရဲ့ ကင်မရာစနစ်ကြောင့် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံအရည်အသွေးကို ရရှိနိုင်ဦးမှာဖြစ်ပါတယ်။

အနောက်ဘက် ကင်မရာမှာပဲ နောက်ဆုံးပေါ် နည်းပညာကို သုံးထားတာမဟုတ်ဘဲ အရှေ့ဘက် Selfie ကင်မရာမှာလဲ ခေတ်လူငယ်တွေအတွက် မြင်ကွင်းကျယ်ကျယ်ပြန့်ပြန့်နဲ့ အရှင်းလင်းဆုံး မြင်နိုင်စေရန်အတွက် 0.6x Ultra Wide Angle နဲ့ အတူ 50MP Selfie Camera ကို ထည့်သွင်းပေးထား ပါတယ်။

အဆိုပါ 0.6x Ultra Wide Angle Selfie camera မှ Videography ပိုင်းကို ပြောင်းလဲရိုက်ကူးမယ် ဆိုရင်တောင် 4K 60fps အထိ အသုံးပြုနိုင်သလို EIS ပါဝင်မှုကြောင့် ရုပ်ထွက်ကြည်လင်မှုအပြင်၊ မျှတတဲ့ အလင်းအမှောင်ချိန်ညှိမှု (Dynamic Range) နှင့် သဘာဝ အဆန်ဆုံး အရောင်အတိအကျကို ပေးစွမ်းနိုင်ဦးမှာ ဖြစ်ပါတယ်။

ရိုက်ကူးပုံဖော်ရတဲ့ ကင်မရာတင်သာမက ရိုက်ကူးပြီးသား ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို အလွယ်တကူ ပြန်လည်မျှဝေနိုင်အောင် ထည့်သွင်းပေးထားတဲ့ AI လုပ်ဆောင်ချက်တွေကလဲ OPPO Reno15 Series နဲ့ အတူ သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝကို ပိုမိုလွယ်ကူအောင် စီမံပေးနိုင်ပြီဖြစ်ပါတယ်။

Image: OPPO

ခေတ်ရှေ့ပြေးတဲ့ ပုံရိပ်တွေအဖြစ် ပြန်လည်ပုံဖော်နိုင်တဲ့ AI PopOut ၊ မလိုအပ်တဲ့ လူနဲ့အရာဝတ္ထုတွေကို ဖျောက်ဖျက်ပစ်နိုင်တဲ့ AI Eraser 2.0 ၊ ဓာတ်ပုံအရည်အသွေးတွေကို ပိုမိုကောင်းမွန်အောင် အရည်အသွေး မြှင့်တင်နိုင်မဲ့ AI Clarity Enhancer ၊ မလိုလားအပ်တဲ့ အလင်းပြန်မှုတွေကို ဖျက်ပေးနိုင်မဲ့ AI Reflection Remover ၊ မိမိရဲ့ အသားအရေ အရောင်နဲ့ လိုက်ဖက်မဲ့ အရောင်တွေနဲ့အတူ ထောက်ပံ့ပေးနိုင်မဲ့ AI Flash Photography 2.0 ရဲ့ Screen Flash အစရှိတဲ့ လုပ်ဆောင်ချက်တွေကလဲ OPPO သုံးစွဲသူတွေနဲ့အတူ ပိုမိုကောင်းမွန်တဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းနိုင်အောင် ကူညီထောက်ပံ့ပေးနေမှာဖြစ်ပါတယ်။

ဒီဇိုင်းပိုင်းကို ပြန်ကြည့်မယ်ဆိုရင်လဲ ကိုယ်ထည်ကို Aerospace-grade Aluminum နဲ့အတူ ဖန်တီးထားသလို ကျောဘက်မှာဆိုရင် ခေတ်ရှေ့ပြေးတဲ့ One-piece Sculpted Glass နဲ့အတူ ထည့်သွင်း ပုံဖော်ထားတာကြောင့် သုံးစွဲသူတွေအနေနဲ့ ငယ်ရွယ်ပြီး ခေတ်မီတဲ့ အသွင်အပြင်နဲ့ တောင့်တင်းခိုင်မာတဲ့ ခံစားချက်ကိုရရှိစေမှာဖြစ်ပါတယ်။ ဖုန်းရဲ့ ကိုယ်ထည်သာမက Corning Gorilla Glass 7i ကြောင့် ရှေ့ဘက်မျက်နှာပြင်က မှန်ရဲ့ ခိုင်မာကြံ့ခိုင်မှုကလဲ OPPO Reno15 5G ကို ပိုမို အဆင့်မြင့်အောင် ထောက်ပံ့ ပေးနေတာဖြစ်ပါတယ်။ ဒါတင်သာမက သုံးစွဲသူတွေအမြဲ ထည့်သွင်းစဉ်းစားလေ့ရှိတဲ့ ဘက်ထရီအပိုင်းမှာ ဆိုရင်လဲ ကြီးမားတဲ့  6500mAhဘက်ထရီ နဲ့အတူ 6 Years Fluency Protection ပါရှိတာကြောင့် အချိန်ကြာနေလဲ သုံးရတာ နှောင့်နှေးလေးပင်သွားခြင်း မရှိဘဲ ကောင်းမွန်သွက်လက်နေမှာဖြစ်ပါတယ်။

Image: OPPO

ပိုပြီး ကောင်းမွန်တိုးတက်လာမဲ့ ColorOS 16 နဲ့အတူ ခေတ်လူငယ် Creator တွေအတွက် အကြိုက်တွေ့စေမဲ့ OPPO Reno15 5G နဲ့ပတ်သက်ပြီး ထပ်မံသိရှိလိုပါက OPPO Myanmar Official Facebook Page – http://bit.ly/45Q2UQz ၊ Website – http://bit.ly/4nwInXy ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram- https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။