ATOM နှင့် MyJobs Myanmar တို့ပူးပေါင်းပြီး ATOM Store App တွင် Find.Job အလုပ်အကိုင်ရှာဖွေရေး လုပ်ဆောင်ချက်အသစ်ကို စတင်မိတ်ဆက်

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် ပြည်တွင်းရှိ နံပါတ် ၁ အွန်လိုင်းအလုပ်အကိုင် ရှာဖွေရေးပလက်ဖောင်းတစ်ခုဖြစ်သည့် MyJobs Myanmar (www.myjobs.com.mm) နှင့် ပူးပေါင်း၍ အက်တမ် (ATOM) စတိုးအက်ပ်တွင် Find.Job အမည်ရှိ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ဆောင်ချက်အသစ်ကို စတင်မိတ်ဆက်ပေးခဲ့ပါသည်။

Find.Job တွင် ထောင်ပေါင်းများစွာသော ပြည်တွင်းပြည်ပ အလုပ်အကိုင်အခွင့်အရေးများအပြင် အသက်မွေးဝမ်းကြောင်းတိုးတက်မှုနှင့် အလုပ်အကိုင်တိုးတက်ရေးအတွက် အထောက်အကူပြုနိုင်သော အရင်းအမြစ်များ ကို  ရရှိနိုင်မည် ဖြစ်သည်။

Image: ATOM

လူအများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများကို ရှာဖွေရန် အွန်လိုင်းနှင့် မိုဘိုင်းပလက်ဖောင်းများကို ပိုမို အသုံးပြုလာကြသည့်အတွက် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အလုပ်အကိုင်ရှာဖွေနေသူများအတွက် Find.Job လုပ်ဆောင်ချက်သည် တန်ဖိုးရှိအရင်းအမြစ်တစ်ခု ဖြစ်လာစေရန် ရည်ရွယ်ထားပါသည်။ ယခုပူးပေါင်းလုပ်ဆောင်မှုသည် MyJobs Myanmar ၏ ဒေတာအချက်အလက်များပေါ်တွင် အခြေခံ၍ အက်တမ် (ATOM) မြန်မာ ကုမ္ပဏီရှိ အလုပ်အကိုင် အခွင့်အလမ်းများအပါအဝင် အခြားအလုပ်အကိုင် အခွင့်အလမ်းများကိုလည်း အလုပ်အကိုင်ရှာဖွေနေသူများအတွက် ဖော်ပြပေးသွားမည်ဖြစ်သည်။

အလုပ်အကိုင်ရှာဖွေသူများသည် Find.Job တွင် အလုပ်အကိုင်ရှာဖွေသည့်အခါ နေရာ၊ လုပ်ငန်းအမျိုးအစားနှင့် ကုမ္ပဏီတို့ကို လိုအပ်သလို စိစစ်ရွေးချယ်နိုင်ပါသည်။ Find.Job တွင် အလုပ်ရှာဖွေနေသူများအနေဖြင့် မိမိကိုယ်ရေးမှတ်တမ်းကိုလည်း ဖန်တီးပြသထားနိုင်သော ‘Feature Profile’ ကဲ့သို့ အသုံးဝင်သော လုပ်ဆောင်ချက်များကိုလည်း ပြုလုပ်နိုင်မည်ဖြစ်ပြီး ထိုမှတ်တမ်းအား MyJobs ပလက်ဖောင်းပေါ်တွင်လည်း ပြသထားနိုင်မည်ဖြစ်သည်။ ထို့အပြင် အလုပ်အကိုင်၊ အသက်မွေးဝမ်းကြောင်းတိုးတက်မှုနှင့် အလုပ်အကိုင် တိုးတက်ရေးတို့အတွက် အထောက်အကူပြုပေးနိုင်သည့် အကြုံပြုချက်များ ပါဝင်သော  ဆောင်းပါးနှင့် ဗီဒီယိုများကိုလည်း Find.Job တွင် လွယ်ကူအဆင်ပြေစွာ ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

Image: ATOM

အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Muhammad Ziaullah Siddiqui က “ကျွန်တော်တို့ရဲ့ အက်တမ် (ATOM) အသုံးပြုသူ customer တွေအတွက် Find.Job လုပ်ဆောင်ချက်ကို စတင်မိတ်ဆက်လိုက်ပြီး အသက်မွေးဝမ်းကြောင်းတိုးတက်ရေးနဲ့ အလုပ်အကိုင်ရည်မှန်းချက်တွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခုကို ကျွန်တော်တို့ စတင်လိုက်ပါပြီ။ ဒီလုပ်ဆောင်ချက်က အလုပ်အကိုင်ရှာဖွေနေသူတွေအတွက် ပြည်တွင်းပြည်ပ အလုပ်အကိုင်အခွင့်အလမ်းတွေကို အဆင်ပြေလွယ်ကူစွာနဲ့ ရှာဖွေနိုင်ဖို့ ကူညီပေးသွားမှာပါ။ အက်တမ် (ATOM) စတိုးအက်ပ်ကနေ ကျွန်တော်တို့ရဲ့ အသုံးပြုသူ customer တွေအတွက်ယူ ဆောင်ပေးနေတဲ့ ဝန်ဆောင်မှုတွေနဲ့ တန်ဖိုးတွေကို ပိုမိုတိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်ဖို့ MyJobs Myanmar လို မိတ်ဖက်လုပ်ငန်းတွေနဲ့ ပူးပေါင်းပြီး ဆန်းသစ်တီထွင်မှုတွေကို ဆက်လက်လုပ်ဆောင်ပေးသွားမှာပါ။”ဟု ပြောကြားခဲ့ပါသည်။

“MyJobs က လုပ်ငန်းရှင်တွေရဲ့ အဓိကအရေးပါတဲ့ လုပ်ငန်းလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပြီး အလုပ်ရှာနေသူတွေအတွက် သူတိုရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေကို တိုးတက်နိုင်ဖို့ ကူညီပေးနိုင်မယ့် အလုပ်အကိုင်ရာထူးတစ်ခုကို ရရှိအောင် ကူညီပေးနိုင်မယ့် ထိပ်တန်း လုပ်ငန်းရှာဖွေရေး ပလက်ဖောင်းတစ်ခုအဖြစ် ရပ်တည်နေပါတယ်။ Find.Job လုပ်ဆောင်ချက်မှာ တွေ့နိုင်တဲ့ MyJobs က အလုပ်အကိုင်အခွင့်အလမ်းတွေက အလုပ်ရှာနေတဲ့သူတွေကို သူတိုရဲ့ အသက်မွေးဝမ်းကြောင်း လမ်းတစ်လျှောက်မှာ လိုအပ်တဲ့ ပြီးပြည့်စုံတဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေကို ပေးအပ်သွားနိုင်မှာပါ။” ဟု MyJobs ၏ ဥက္ကဌ ဖြစ်သူ ဒေါ်မြသန္တာဦး မှပြောကြားခဲ့ပါသည်။

အက်တမ် (ATOM) အသုံးပြုသူ customer များသည် အက်တမ် (ATOM) စတိုးအက်ပ်တွင် Find.Job လုပ်ဆောင်ချက်ကို အက်ပလီကေးရှင်းထဲရှိ ‘Lifestyle’ နေရာသို့သွား၍ Find.Job ပုံလေးအား နှိပ်လိုက်ရုံဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ Find.Job လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ရန် အဖွဲ့ဝင်ကြေးတစ်စုံတစ်ရာ ပေးအပ်စရာမလိုပဲ ပြသထားသော အလုပ်အကိုင်များကို လျှောက်ထားလိုသူများသည် MyJobs Myanmar ဝက်ဘ်ဆိုဒ်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး အကောင့်ဖွင့်ရန်လိုအပ်မည်ဖြစ်သည်။

Image: ATOM

အက်တမ် (ATOM) စတိုးအက်ပ်သည် အသုံးပြုသူ customer များကို ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများစွာဖြင့် တစ်နေရာတည်းတွင် ချိတ်ဆက်ပေးနိုင်သည့် နေရာတစ်ခုဖြစ်ပါသည်။ ‘Lifestyle’ နေရာတွင် ဂိမ်းများ၊ ဗေဒင်ဝန်ဆောင်မှုများနှင့် အသုံးပြုသူ customer များ ဗီဒီယိုများကို မိမိကြိုက်နှစ်သက်သလို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်မည့် ATOM Yatha တို့ ပါဝင်သည်။ ထို့အပြင် ပညာရေးနှင့် ကျွမ်းကျင်တက်မြောက်မှုဆိုင်ရာ သင်တန်းများကိုလည်း ATOM Academy နှင့် ATOM LifeX တို့တွင် တက်ရောက်သင်ယူနိုင်မည်ဖြစ်သည်။ ATOM Wellness တွင် အသုံးပြုသူ customer များသည် ကျန်းမာကြံ့ခိုင်ရေးနှင့် ပက်သက်သော tutorial ဗီဒီယိုများကို ကြည့်ရှုခြင်းအပြင် ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ ဆောင်းပါးများကိုလည်း ဖတ်ရှုနိုင်မည်ဖြစ်သည်။ Loyalty STAR programme သည် အက်တမ် (ATOM) ၏ အစားအသောက်၊ လက်လီနှင့် ပုဂ္ဂိုလ်ရေးရာ ဝန်ဆောင်မှုများပေးအပ်နေသော မိတ်ဖက်ပါတနာများ၏ ဆိုင်ခွဲများတွင် အထူးလျှော့စျေးများပေးအပ်သည့် အစီအစဉ်ဖြစ်ပါသည်။

အက်တမ် (ATOM) စတိုးအက်ပ်ကို Google Play Store ၊ Apple Store တို့မှ ဒေါင်းလုပ်ရယူနိုင်ပြီး အက်တမ် (ATOM) ဝက်ဘ်ဆိုဒ်ဖြစ်သည့် https://www.atom.com.mm/my/personal/ATOMstoreapp မှလည်း ရယူနိုင်ပါသည်။